ရော်နယ်ဒို၊ မေဆန်မောင့်၊ တာကောစကီး၊ ပေါလ်တောရက်စ်နဲ့ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်းများ

ဘန်လေ နောက်ခံလူ ဂျိမ်းစ် တာကောစကီးဟာ အဲဗာတန်ရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ ၎င်းဟာ ဇွန် ၃၀ မှာ ဘန်လေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အခါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

မီလန်ဟာ လိုင်လီကွင်းလယ်လူ ရီနာတိုဆန်းချက်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဆန်းချက်ဟာ နွေ အပြောင်းအရွှေ့ မှာ ယူရို သန်း ၂၀ နဲ့ ဆန်စီရိုထံ ရောက်ရှိလာတော့မှာပါ။

လောင်းစတက်ဖ်ဟာ ဇွန်လမှာ သက်တမ်းကုန်မှာ ဖြစ်ပေမယ့် နယူးကာဆယ်က သူ့ကို နောက်ထပ်လေးနှစ် စာချုပ်သစ် ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။

မန်ယူနိုက်တက်မှာ ရော်နယ်ဒိုရဲ့ အနာဂတ်က မရေမရာ ဖြစ်နေချိန်မှာ ရီးရဲလ်မက်ဒရစ်အနေနဲ့ ၎င်းကို ဘာနေဗျူးထံ ပြန်လည်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ပက်ဂွာဒီယိုလာဟာ မန်စီးတီးနဲ့ စာချုပ်သစ် သဘောတူညီမှုရခဲ့ပြီး ၂၀၂၅ မတိုင်ခင်အထိ ကလပ်မှာ ဆက်ရှိနေမယ့် စာချုပ်သက်တမ်းတိုးမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ စပါးထံ ရက်ဂီလွန်ကို ရောင်းချခဲ့စဉ်က ယူရို သန်း ၄၀နဲ့ ပြန်လည်ဝယ်ယူခွင့် သဘောတူညီမှုကို အသုံးချပြီး ခံစစ်ကို အင်အားမြှင့်တင်ဖို့ စီစဉ်နေပါတယ်။

ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်ဟာ အမ်ဘာပေနဲ့ ပတ်သက်ပြီး အဓိက အရိပ်အမြွက်ပေးခဲ့ကာ ဘာပေရဲ့ မက်ဒရစ်ထံ အပြောင်းအရွှေ့က အမှန်တကယ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ဟာ အသင်းကနေ ပမာဏများပြားတဲ့ အပြောင်းအရွှေ့နဲ့ ထွက်ခွာဖို့အပေါ် အသင်းဖော်တွေနဲ့ မီဒီယာတွေရဲ့ အစအနောက်ခံခဲ့ရပေမယ့် ကွင်းထဲက ခြေစွမ်းအပေါ်မှာပဲ အာရုံစိုက်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီးဟာ ဗီလာရီးရဲ ဗဟိုနောက်ခံလူ ပေါလ် တောရက်စ်ကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှုထဲမှာ ပါဝင်လာပါတယ်။

လိဒ်စ်ဟာ အက်စ်တွန်ဗီလာ နောက်ခံလူ မတ်တားဂက်ကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ၎င်းတို့ဟာ လက်စတာ၊ ဝုဗ်တို့နဲ့အတူ တားဂက်အတွက် အလားအလာရှိတဲ့ နေရာတစ်ခု ဖြစ်နေတာပါ။

လီဗာပူးနဲ့ မန်စီးတီးတို့ဟာ မေဆန်မောင့်အပေါ် အတည်အတံ့ စိတ်ဝင်စားလာတာနဲ့အတူ ချယ်ဆီးဟာ စာချုပ်သစ် အတွက် ဘာမှ လုပ်ခွင့်မရှိသေးတဲ့ အခြေအနေမှာ မောင့်ကို ဆုံးရှုံးလိုက်ရမှာကို စိုးရိမ်နေပါတယ်။

အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းပယ်ပြီး စပါး ဒါမှမဟုတ် အာဆင်နယ်ထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်နိုင်ခြေရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဂျိမ်းစ်ဝပ်ပရောက်စ်အတွက် နွေရာသီမှာ ခေါ်ယူမှုလုပ်ဖို့ စဉ်းစားနေပေမယ့် ၎င်းကို ရရှိဖို့ဆိုရင် ပေါင် ၇၅ သန်းလောက် ပေးရမှာ ဖြစ်ပါတယ်။

ဒေါ့မွန် ဒါရိုက်တာ ဝက်ဇ်ကီက ကလပ်အနေနဲ့ ရက်ဘူးဆဲဘက်ကနေ အဒီရယ်မီကို ခေါ်ယူဖို့ လုပ်နိုင်သမျှ အရာအားလုံး လုပ်သင့်တယ်လို့ပြောဆိုခဲ့ပါတယ်။ အဒီရယ်မီဟာ ဂျာမန်ကလပ်ထံ ပြောင်းရွှေ့ချင်တယ်လို့ ဆုံးဖြတ်ခဲ့တာနဲ့အတူ ဂျာမန်ကလပ်က သူ့ကို ခေါ်ယူဖို့ ပြိုင်ပွဲမှာ ဦးဆောင်နေပါတယ်။