ဘရိုက်တန် Vs ယူနိုက်တက် ပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်း

ပုံစံကောင်း ရလဒ်ကောင်းတွေ ဆက်တိုက် ရနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အက်ဖ်အေဖလား ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ရောက်ပြီးနောက် ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ ဘရိုက်တန် နဲ့ တွေ့ဆုံနေပါတယ်။ ပွဲချိန်ကတော့ ဇူလိုင် ၁ ရက် (ဗုဒ္ဓ္ဓဟူးနေ့) နံနက် အစောပိုင်း ၁း၄၅ နာရီ မှာ ယှဉ်ပြိုင ကစားကြရမှာပါ။

ဒီပွဲစဉ်အတွက် နာမည်ကျော်တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းတွေ ထွကေ်ပါ်နေပါပြီ။ အိုဝင်ကတော့ ယူနိုက်တက် ဘက်က ရပ်တည်ထားပါတယ်။

” ဘရိုက်တန်အသင်းဟာ သူတို့ရဲ့ အသက်အငယ်ဆုံး ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်းနဲ့ ရုန်းကန်ရမှုများ ရှိပေမယ့် တဖြည်းဖြည်း အလင်းရောင် မြင်လာရတဲ့ အသင်း ဖြစ်ပါတယ်။ နောက်ဆုံး ပွဲ လက်စတာနဲ့ ရင်ဆိုင်ရစဉ်ကလည်း အဖိုးတန် ရမှတ် တစ်မှတ်ကို ရအောင် ခွဲယူနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်မှာ ပုံစံကောင်း ဆက်ရနေပြီး ပြီးခဲ့တဲ့ ပွဲမှာ ရှက်ဖီးကို အိုးထရက်ဖို့ဒ်မှာ ၃-၀ နဲ့ ဂိုးပြတ် နိုင်ထားပါတယ်။ အိုလေဂန်နာ ဆိုးရှားဟာ ယူနိုက်တက်ကို ထိပ်သီးပြိုင်ပွဲတွေမှာ ဆုဖလား စိန်ခေါ်နိုင်တဲ့ အနေအထား ပြန်ရောက်လာအောင် သေချာ တည်ဆောက်နေတာ မြင်ရပါတယ်။

ယူနိုက်တက် ကွင်းလယ်မှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ် အတွဲအဖက် က အစောပိုင်း အဆင့်မှာတင် ရှိပါသေးတယ်။ ဒါပေမယ့် ဒါကပဲ နှစ်သင်းကြား ကွာဟချက် ဖြစ်သွားနိုင်တယ်လို့ ကျနော် မြင်ပါတယ်။ ကျနော်ကတော့ သရဲနီတွေ ၂-၀ လောက်နဲ့ သက်တောင့်သက်သာ အနိုင်ယူသွားမယ်လို့ ထင်ပါတယ်။ ” လို့ မိုက်ကယ်အိုဝင်က ဆိုခဲ့ပါတယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ ပေးဂိုး မရှိဘဲ ယူနိုက်တက် အနိုင်။

Zawgyi – ပံုစံေကာင္း ရလဒ္ေကာင္းေတြ ဆက္တိုက္ ရေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ အက္ဖ္ေအဖလား ျပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္ တက္ေရာက္ျပီးေနာက္ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာေတာ့ ဘရိုက္တန္ နဲ႕ ေတြ႔ဆံုေနပါတယ္။ ပြဲခ်ိန္ကေတာ့ ဇူလိုင္ ၁ ရက္ (ဗုဒၶၶဟူးေန႔) နံနက္ အေစာပိုင္း ၁း၄၅ နာရီ မွာ ယွဥ္ျပိဳင ကစားၾကရမွာပါ။

ဒီပြဲစဥ္အတြက္ နာမည္ေက်ာ္တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ရဲ႕ သံုးသပ္ခ်က္နဲ႕ ရလဒ္ ခန္႔မွန္းေတြ ထြကေ္ပၚေနပါျပီ။ အို၀င္ကေတာ့ ယူနုိက္တက္ ဘက္က ရပ္တည္ထားပါတယ္။

” ဘရိုက္တန္အသင္းဟာ သူတို႔ရဲ႕ အသက္အငယ္ဆံုး ပရီးမီးယားလိဂ္ ျပိဳင္ပြဲ၀င္ အသင္းနဲ႕ ရုန္းကန္ရမႈမ်ား ရွိေပမယ့္ တျဖည္းျဖည္း အလင္းေရာင္ ျမင္လာရတဲ့ အသင္း ျဖစ္ပါတယ္။ ေနာက္ဆံုး ပြဲ လက္စတာနဲ႕ ရင္ဆုိင္ရစဥ္ကလည္း အဖိုးတန္ ရမွတ္ တစ္မွတ္ကို ရေအာင္ ခြဲယူနုိင္ခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ကေတာ့ ပရီးမီးယားလိဂ္မွာ ပံုစံေကာင္း ဆက္ရေနျပီး ျပီးခဲ့တဲ့ ပြဲမွာ ရွက္ဖီးကို အိုးထရက္ဖို႔ဒ္မွာ ၃-၀ နဲ႕ ဂိုးျပတ္ နုိင္ထားပါတယ္။ အိုေလဂန္နာ ဆိုးရွားဟာ ယူနုိက္တက္ကို ထိပ္သီးျပိဳင္ပြဲေတြမွာ ဆုဖလား စိန္ေခၚနုိင္တဲ့ အေနအထား ျပန္ေရာက္လာေအာင္ ေသခ်ာ တည္ေဆာက္ေနတာ ျမင္ရပါတယ္။

ယူနိုက္တက္ ကြင္းလယ္မွာ ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္ အတြဲအဖက္ က အေစာပိုင္း အဆင့္မွာတင္ ရွိပါေသးတယ္။ ဒါေပမယ့္ ဒါကပဲ နွစ္သင္းၾကား ကြာဟခ်က္ ျဖစ္သြားနုိင္တယ္လို႔ က်ေနာ္ ျမင္ပါတယ္။ က်ေနာ္ကေတာ့ သရဲနီေတြ ၂-၀ ေလာက္နဲ႕ သက္ေတာင့္သက္သာ အနိုင္ယူသြားမယ္လို႔ ထင္ပါတယ္။ ” လို႔ မိုက္ကယ္အို၀င္က ဆိုခဲ့ပါတယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ ေပးဂိုး မရွိဘဲ ယူနိုက္တက္ အနိုင္။