ဆန်ချိုကို ယူနိုက်တက် ရနိုင်ခြေ ဘယ်လောက်ရှိလဲလို့ သတင်းသမား မေးခွန်းထုတ်ခံရတဲ့ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက်ဟာ ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုကို နံပါတ် တစ် ဦးစားပေး ပစ်မှတ် အဖြစ် လာမယ့် အပြောင်းအရွှေ့မှာ ခေါ်နိုင်ဖို့ ပေါ်ပေါ်တင်တင် ကြိုးစားနေတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းကောင်း ထူးထူးခြားခြား မကြားရသေးတာကြောင့် ဆိုးရှားကို သတင်းထောက် တစ်ဦးက ဆန်ချိုကို ယူနိုက်တက် ရနိုင်ခြေ ဘယ်လောက်လောက် ရှိလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန်သား ကြယ်ပွင့် ကစားသမားကို ယူနိုက်တက် အပြင် လီဗာပူးနဲ့ ချယ်ဆီးတို့ကလည်း စောင့်ကြည့်နေကြပြီး ဒေါ့မွန် တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေး မြင့်မားလွန်းလို့သာ ထို အသင်းတွေကလည်း လှုပ်ရှားမှု မလုပ်သေးဘဲ လေ့လာနေတာ ဖြစ်ပါတယ်။ ဒေါ့မွန်ကတော့ ဆန်ချိုအတွက် ပေါင် သန်း ၁၀၀ ထက် နည်းရင် မစဉ်းစားဘူးလို့ ယတိပြတ် ဆိုထားပါတယ်။

ယူနိုက်တက်ဟာ ဆန်ချို အတွက် ထို ပြောင်းရွှေ့ကြေး ပမာဏလောက်ထိလည်း စွန့်စားလိုနေပြီး ညှိနှိုင်းမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ Viasport မှ သတင်းထောက် ဖြစ်သူက ဂျန်အေ့ဂျ်ကတော့ ယူနိုက်တက် နည်းပြ ဆိုးရှားအား ဆန်ချိုနဲ့ အခြေအနေ ပွင့်ပွင့်လင်းလင်း ဖြေဖို့ မေးမြန်းခဲ့ပါတယ်။

ဆိုးရှားကတော့ ရယ်မောပြီးမှ – ” ကျနော် သချာၤမှာ တော်တဲ့သူပါ ဒါပေမယ့် ဒီမေးခွန်းကျ မဖြေနိုင်ဘူး ဂျန်အေ့ဂျ်ရေ။ အသင်းတွေ အများကြီးမှာ ဘောလုံးသမားကောင်းတွေ အများကြီးကို ရှိပါတယ်။ လာမယ့် အပြောင်းအရွှေ့က ခပ်ငြိမ်ငြိမ်လည်း ဖြစ်ရင် ဖြစ်သွားမယ် ဒါမှမဟုတ် အရင်ကတွေထက် နည်းနည်း ခြားနားလိမ့်မယ်ပေ့ါ။

ကလပ်အသင်း တော်တော်များများကလည်း ငွေသုံးစွဲတာနဲ့ ပတ်သတ်ပြီး အတော် သတိထားနေကြတယ်။ ဒီကပ်ရောဂါ ကာလကြီးမှာ ဘယ်လောက် ဆုံးရှုံးရတယ် ဆိုတာ အတိအကျ မသိသေးဘူး နောက်ပြီး ဒါက ပြီးသေးတာ မဟုတ်ဘူး။ ကျနော်ကတော့ တော်တော် အေးအေး ဆေးဆေး ရှိနေတယ်။ လက်ရှိ လူစာရင်းကိုလည်း ကျေနပ်ပါတယ်။ တဖြည်းဖြည်း ပိုတောင် ကောင်းလာနေတယ်။

ကျေနာ်တို့ လက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေက အမှားခံလို့ မရတဲ့ ကြောက်စရာ အနေအထားပါ။ အားကစား ရှုထောင့်ကရော ဘဏ္ဍာရေး အနေနဲ့ပါ လွဲလို့ မရပါဘူး။ ဒီတော့ ကျနော်တို့ အကောင်းဆုံး ကြိုးစားနေတယ် ဒါပေမယ့် ဘာကတိမှတော့ မပေးနိုင်သေးဘူး။ ” လို့ ဆိုးရှားက ဖြေကြားခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ေဒါ့မြန္ၾကယ္ပြင့္ ဆန္ခ်ိဳကို နံပါတ္ တစ္ ဦးစားေပး ပစ္မွတ္ အျဖစ္ လာမယ့္ အေျပာင္းအေရႊ႕မွာ ေခၚနုိင္ဖို႕ ေပၚေပၚတင္တင္ ၾကိဳးစားေနတဲ့ အသင္း ျဖစ္ပါတယ္။ ဒါေပမယ့္ သတင္းေကာင္း ထူးထူးျခားျခား မၾကားရေသးတာေၾကာင့္ ဆိုးရွားကို သတင္းေထာက္ တစ္ဦးက ဆန္ခ်ိဳကို ယူနုိက္တက္ ရနိုင္ေျခ ဘယ္ေလာက္ေလာက္ ရွိလဲလို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။

အသက္ ၂၀ အရြယ္ အဂၤလန္သား ၾကယ္ပြင့္ ကစားသမားကို ယူနုိက္တက္ အျပင္ လီဗာပူးနဲ႕ ခ်ယ္ဆီးတို႔ကလည္း ေစာင့္ၾကည့္ေနၾကျပီး ေဒါ့မြန္ ေတာင္းဆိုေနတဲ့ ေျပာင္းေရႊ႕ေၾကး ျမင့္မားလြန္းလို႔သာ ထို အသင္းေတြကလည္း လႈပ္ရွားမႈ မလုပ္ေသးဘဲ ေလ့လာေနတာ ျဖစ္ပါတယ္။ ေဒါ့မြန္ကေတာ့ ဆန္ခ်ိဳအတြက္ ေပါင္ သန္း ၁၀၀ ထက္ နည္းရင္ မစဥ္းစားဘူးလို႔ ယတိျပတ္ ဆိုထားပါတယ္။

ယူနုိက္တက္ဟာ ဆန္ခ်ိဳ အတြက္ ထို ေျပာင္းေရႊ႕ေၾကး ပမာဏေလာက္ထိလည္း စြန္႔စားလိုေနျပီး ညွိနိႈင္းမႈေတြ ျပဳလုပ္ေနဆဲ ျဖစ္ပါတယ္။ Viasport မွ သတင္းေထာက္ ျဖစ္သူက ဂ်န္ေအ့ဂ်္ကေတာ့ ယူနုိက္တက္ နည္းျပ ဆုိးရွားအား ဆန္ခ်ိဳနဲ႕ အေျခအေန ပြင့္ပြင့္လင္းလင္း ေျဖဖို႔ ေမးျမန္းခဲ့ပါတယ္။

ဆိုးရွားကေတာ့ ရယ္ေမာျပီးမွ – ” က်ေနာ္ သခ်ာၤမွာ ေတာ္တဲ့သူပါ ဒါေပမယ့္ ဒီေမးခြန္းက် မေျဖနုိင္ဘူး ဂ်န္ေအ့ဂ်္ေရ။ အသင္းေတြ အမ်ားၾကီးမွာ ေဘာလံုးသမားေကာင္းေတြ အမ်ားၾကီးကို ရွိပါတယ္။ လာမယ့္ အေျပာင္းအေရႊ႕က ခပ္ျငိမ္ျငိမ္လည္း ျဖစ္ရင္ ျဖစ္သြားမယ္ ဒါမွမဟုတ္ အရင္ကေတြထက္ နည္းနည္း ျခားနားလိမ့္မယ္ေပ့ါ။

ကလပ္အသင္း ေတာ္ေတာ္မ်ားမ်ားကလည္း ေငြသံုးစြဲတာနဲ႕ ပတ္သတ္ျပီး အေတာ္ သတိထားေနၾကတယ္။ ဒီကပ္ေရာဂါ ကာလၾကီးမွာ ဘယ္ေလာက္ ဆံုးရွံဳးရတယ္ ဆိုတာ အတိအက် မသိေသးဘူး ေနာက္ျပီး ဒါက ျပီးေသးတာ မဟုတ္ဘူး။ က်ေနာ္ကေတာ့ ေတာ္ေတာ္ ေအးေအး ေဆးေဆး ရွိေနတယ္။ လက္ရွိ လူစာရင္းကိုလည္း ေက်နပ္ပါတယ္။ တျဖည္းျဖည္း ပိုေတာင္ ေကာင္းလာေနတယ္။

ကေ်နာ္တို႔ လက္ရွိ ရင္ဆိုင္ေနရတဲ့ အေျခအေနက အမွားခံလို႔ မရတဲ့ ေၾကာက္စရာ အေနအထားပါ။ အားကစား ရႈေထာင့္ကေရာ ဘ႑ာေရး အေနနဲ႕ပါ လြဲလို႔ မရပါဘူး။ ဒီေတာ့ က်ေနာ္တို႔ အေကာင္းဆံုး ၾကိဳးစားေနတယ္ ဒါေပမယ့္ ဘာကတိမွေတာ့ မေပးနုိင္ေသးဘူး။ ” လို႔ ဆိုးရွားက ေျဖၾကားခဲ့ပါတယ္။