Injury Update | ပူလီဆစ် ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်ပြီး လမ်းပတ် ဖြေကြား

ညက လက်စတာကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ အက်ဖ်အေဖလား ပွဲမှာ ချယ်ဆီး တိုက်စစ်သမား ပူလီဆစ်ဟာ ခြေသလုံး ဒဏ်ရာရသွားခဲ့ပြီး ထောင့်နင်း ထော့နင်းနဲ့ ထွက်ခွာသွားတာကို မြင်ခဲ့ရပါတယ်။ အမေရိကန်သားရဲ့ ဒဏ်ရာကို ၂၄ နာရီ အတွင်း အသေးစိတ် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ပွဲ အပြီးမှာ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

အဝေးကွင်းမှာ လက်စတာကို ခက်ခက်ခဲခဲ အနိုင်ယူပြီးနောက် ချယ်ဆီးအသင်းဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် တက်ရောက်သွားခဲ့ပြီ ဖြစ်ကာ ထိုအဆင့်မှာ ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့ဆုံ နေပါတယ်။

လက်စတာနဲ့ ပွဲမှာ ခြေသလုံး နာသွားတာကြောင့် ဝက်စ်ဟမ်းနဲ့ နောက် ပွဲမှာတော့ ပူလီဆစ် ပါဝင်နိုင်ဖို့ မသေချာသေးဘဲ အမေရိကန် တောင်ပံသမားဟာ ခြေသလုံး နာကျင်မှု ဝေဒနာ ခံစားခဲ့ရကြောင်း လမ်းပတ်က အတည်ပြု ပြောဆိုခဲ့ပါတယ်။

” ဒုတိယ အကြိမ် ရေသောက်နားတော့ သူ့ ခြေထောက်က နာကျင်မှု ခံစားရတယ်ပြောလို့ ကျနော် ချက်ချင်းပဲ သူ့ကို လူစားလဲ ထုတ်လိုက်တာပါ။ နောက်ရက်မှာတော့ အခြေအနေ အသေးစိတ် သိူရပါမယ်။ အင်ဒရေ (ခရစ္စတန်ဆန်) လည်း တင်ပါးမှာ နာကျင်မှု ရှိနေတယ်။ မနေ့က ထရိန်နင်မှာတည်းက အဆင်မပြေလို့ ဒီနေ့ပွဲမှာတော့ သူ့ကို မထည့်ခဲ့ဘူး။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ပူလီဆစ်ဟာ ကိုရိုနာပြီး ပွဲတွေ ပြန်စတည်းက ထူးချွန်တဲ့ ခြေစွမ်းများ ပြသနေသူ ဖြစ်ပါတယ်။ မန်စီးတီး၊ ဗီလာတို့နဲ့ ပွဲတွေမှာ အရေးကြီး ဂိုးတွေ သွင်းပေးခဲ့တဲ့ ပူလီဆစ် နာသွားတာက ချယ်ဆီးအတွက် ထိုးနှက်ချက် တစ်ရပ် ဖြစ်ပါတယ်။ ဒီကြားရက်မှာလည်း ချယ်ဆီးက လန်ဒန်မြို့ခံ ပြိုင်ဘက် ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။

Zawgyi – ညက လက္စတာကို ၁-၀ နဲ႕ နုိင္ခဲ့တဲ့ အက္ဖ္ေအဖလား ပြဲမွာ ခ်ယ္ဆီး တိုက္စစ္သမား ပူလီဆစ္ဟာ ေျခသလံုး ဒဏ္ရာရသြားခဲ့ျပီး ေထာင့္နင္း ေထာ့နင္းနဲ႕ ထြက္ခြာသြားတာကို ျမင္ခဲ့ရပါတယ္။ အေမရိကန္သားရဲ႕ ဒဏ္ရာကို ၂၄ နာရီ အတြင္း အေသးစိတ္ စစ္ေဆးသြားမွာ ျဖစ္တယ္လို႔ ပြဲ အျပီးမွာ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

အေ၀းကြင္းမွာ လက္စတာကို ခက္ခက္ခဲခဲ အနိုင္ယူျပီးေနာက္ ခ်ယ္ဆီးအသင္းဟာ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ တက္ေရာက္သြားခဲ့ျပီ ျဖစ္ကာ ထိုအဆင့္မွာ ယူနုိက္တက္နဲ႕ ထိပ္တိုက္ေတြ႔ဆံု ေနပါတယ္။

လက္စတာနဲ႕ ပြဲမွာ ေျခသလံုး နာသြားတာေၾကာင့္ ၀က္စ္ဟမ္းနဲ႕ ေနာက္ ပြဲမွာေတာ့ ပူလီဆစ္ ပါ၀င္နုိင္ဖို႔ မေသခ်ာေသးဘဲ အေမရိကန္ ေတာင္ပံသမားဟာ ေျခသလံုး နာက်င္မႈ ေ၀ဒနာ ခံစားခဲ့ရေၾကာင္း လမ္းပတ္က အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။

” ဒုတိယ အၾကိမ္ ေရေသာက္နားေတာ့ သူ႔ ေျခေထာက္က နာက်င္မႈ ခံစားရတယ္ေျပာလို႔ က်ေနာ္ ခ်က္ခ်င္းပဲ သူ႕ကို လူစားလဲ ထုတ္လိုက္တာပါ။ ေနာက္ရက္မွာေတာ့ အေျခအေန အေသးစိတ္ သူိရပါမယ္။ အင္ဒေရ (ခရစၥတန္ဆန္) လည္း တင္ပါးမွာ နာက်င္မႈ ရွိေနတယ္။ မေန႔က ထရိန္နင္မွာတည္းက အဆင္မေျပလို႔ ဒီေန႔ပြဲမွာေတာ့ သူ႔ကို မထည့္ခဲ့ဘူး။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ပူလီဆစ္ဟာ ကိုရိုနာျပီး ပြဲေတြ ျပန္စတည္းက ထူးခၽြန္တဲ့ ေျခစြမ္းမ်ား ျပသေနသူ ျဖစ္ပါတယ္။ မန္စီးတီး၊ ဗီလာတို႔နဲ႕ ပြဲေတြမွာ အေရးၾကီး ဂိုးေတြ သြင္းေပးခဲ့တဲ့ ပူလီဆစ္ နာသြားတာက ခ်ယ္ဆီးအတြက္ ထိုးနွက္ခ်က္ တစ္ရပ္ ျဖစ္ပါတယ္။ ဒီၾကားရက္မွာလည္း ခ်ယ္ဆီးက လန္ဒန္ျမိဳ႔ခံ ျပိဳင္ဘက္ ၀က္စ္ဟမ္းနဲ႕ ရင္ဆိုင္ကစားရဖို႔ ရွိေနပါတယ္။