ကော်တင်ညို၊ ပေါ့ဘာ၊ ကဲဗက်လီဝင်၊ မာနေး၊ ဖေဘီယန်ရုဇ်တို့နဲ့ နေ့လည်ခင်း အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်ဟာ အဲဗာတန် ကစားသမား ကယ်ဗတ်လီဝင်ကို နွေရာသီမတိုင်ခင် ဆက်လက် စောင့်ကြည့်နေပါတယ်။ လာကာဇက်က ဖရီးအေးဂျင့်အဖြစ် ထွက်ခွာတော့မှာနဲ့အတူ ဂန်းနားတွေဟာ အဲဗာတန်တိုက်စစ်မှူးကို တစ်နှစ်ကြာ ထောက်လှမ်းနေခဲ့တာပါ။

အက်စ်တွန်ဗီလာဟာ ကော်တင်ညိုကို ကနဦးအငှားခေါ်ယူစဉ်က သဘောတူညီခဲ့တဲ့ ပေါင် ၃၃ သန်းထက် ပိုနည်းတဲ့ပမာဏနဲ့ အပြီးသတ် ဝယ်ယူချင်နေပြီး ပေါင် ၁၂သန်းလောက်နဲ့ စတင်ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။

ဘာစီလိုနာမှာ ကျရှုံးခဲ့ပေမယ့် အခု ပရီးမီးယားလိဂ်မှာ အက်စ်တွန်ဗီလာနဲ့အတူ ခြေစွမ်းပြန်ပြလာတဲ့ ကော်တင်ညိုကို နယူးကာဆယ် ကလည်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဝက်စ်ဟမ်းဟာ အာဆင်နယ်မှာ စာချုပ်သက်တမ်းကုန်တော့မယ့် အန်ကီတီရာရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ၎င်းတို့ စာချုပ်သစ် သဘောတူညီမှု မရရင် အန်ကီတီရာကို ခေါ်ယူသွားဖို့ အဆင်သင့် ဖြစ်နေတာပါ။

လီဗာပူးဟာ ရာသီကုန်မှာ မာနေးရဲ့ သက်တမ်းတိုး စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြန်စတင်ဖို့ စီစဉ်ထားပါတယ်။ မာနေးဟာ ဒီနွေမှာ စာချုပ်နောက်ဆုံးနှစ်ကို ရောက်လာတော့မှာဖြစ်ပြီး သက်တမ်းတိုး ဆွေးနွေးမှုတွေက မအောင်မြင်သေးတာ ဖြစ်ပါတယ်။

ပီအက်စ်ဗီနဲ့ လိဒ်စ်တို့ဟာ ချယ်ဆီးနောက်ခံလူ ဂျိတ်ကလက်ခ် ဆယ်တာကို ဒီနွေမှာ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဗဟိုနောက်ခံလူဟာ စာချုပ်သက်တမ်းကုန်တဲ့အချိန် ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကို စွန့်ခွာနိုင်မှာ ဖြစ်ပါတယ်။

နည်းပြ ပိုချက်တီနိုဟာ အက်သလက်တစ် ဘီဘာအို ကလပ်ရဲ့ စာချုပ်ကမ်းလှမ်းမှုကို ရရှိထားပါတယ်။ အာဂျင်တီးနားသားဟာ ရာသီကုန်မှာ ပီအက်စ်ဂျီရဲ့ ထုတ်ပယ်ခံရဖို့ရှိပြီး လာလီဂါကလပ်က သူ့ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာပါ။

ယူနိုက်တက် ကွင်းလယ်သမား ပေါ့ဘာဟာ နွေရာသီမှာ အင်္ဂလန်ကို စွန့်ခွာပြီး အခြား နိုင်ငံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေခဲ့ပါတယ်။ အင်္ဂလန်က သတင်းမီဒီယာတွေကို စိတ်ကုန်လို့ တခြား ပြောင်းကစားချင် နေတဲ့ ပေါ့ဘာ ဟာ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်တို့ဆီက စိတ်ဝင်စားမှုကို ရရှိနေဆဲ ဖြစ်ပါတယ်။

နာပိုလီကွင်းလယ်လူ ဖေဘီယန်ရုဇ်ဟာ ဘာကာရဲ့ အလိုရှိစာရင်းထဲ ပါဝင်နေပေမယ့် နာပိုလီက ၎င်းကို ယူရို ၅၅သန်းထက်နည်းတဲ့ ပမာဏနဲ့ ထွက်ခွာခွင့် ပေးမှာ မဟုတ်လို့ ဘဏ္ဍာရေးကျပ်တည်းနေတဲ့ စပိန်ကလပ်အတွက် အခက်အခဲ ဖြစ်နေပါတယ်။

အက်ဒ်ဝပ် မစ်ချူဟာ အငှားချခံရမှာကို ရှောင်လွှဲဖို့ ပီအက်စ်ဂျီကနေ အပြီးသတ် ထွက်ခွာဖို့ ရှာဖွေနေပါတယ်။ ပီအက်စ်ဂျီဟာ မစ်ချူကို ဆက်နေအောင် ဆွဲဆောင်ဖို့ မျှော်လင့်နေဆဲ ဖြစ်ပေမယ့် သူ့ရဲ့ ကစားချိန်အတွက် အာမခံချက်ပေးဖို့တော့လိုအပ်မှာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ ဆာဒီယိုမာနေးဟာ ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ တံခါးဖွင့်ထားပါတယ်။ သူဟာ အန်ဖီးမှာ စာချုပ်တစ်နှစ်ပဲ ကျန်တာဖြစ်ပြီး နျူးကမ့်မှာဆိုရင် ဘလွန်းဒီအောဆုရဖို့ အခွင့်အရေးပိုကောင်းလိမ့်မယ်လို့ ထင်မြင်နေတာ ဖြစ်ပေမယ့် လီဗာပူးက သူ့တန်ကြေးကို ဘယ်လောက် သတ်မှတ်မလဲတော့ မသိသေးပါဘူး။

ဆယ်တာဗီဂို နောက်ခံလူ ဂျာဗီယာ ဂါလန်ဟာ ဘာစီလိုနာထံကနေ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ ဂျော်ဒီ အယ်ဘာနေရာ အစားထိုးဖို့ ရည်ရွယ်ထားတဲ့ ဘာကာဟာ ၎င်းကို ယူရို ၁၈ သန်းနဲ့ နွေရာသီမှာ ခေါ်ယူဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။