ယူနိုက်တက် ပိုင်ဆိုင်ထားတဲ့ လိဂ်အကောင်းဆုံး ကစားသမားတစ်ဦးနဲ့ လက်မှတ်ထိုးမှု တစ်ခု

UNICODE – စကော်တလန် ဂန္တဝင်တိုက်စစ်မှူးဖြစ်တဲ့ Ally McCoist က ယူနိုက်တက်ဟာ လိဂ်ရဲ့ အကောင်းဆုံး ညာအစွန်လူအဖြစ် ဘစ်တာကာကို ပိုင်ဆိုင်ထားတာပါလို့ ထုတ်ပြောလိုက်ပါတယ်။

ဥရောပရွှေဖိနပ်ဆုကို နှစ်ကြိမ် အနိုင်ရ ရိန်းဂျားအသင်း တိုက်စစ်သမားဟောင်းက သူ့ရဲ့ အမြင်မှာတော့ ဘစ်ဆာကာရဲ့ ခံစစ်ပိုင်း ပိုင်နိုင်မှုက တိုက်စစ်သမားတွေအတွက် အခက်အခဲကြီးလို့ မြင်ပါတယ်။ သူကပဲ ဘစ်ဆာကာဟာ သူ့ရဲ့ အရည်အချင်းတွေကို သပ်သေပြထားပြီး လာမယ့် ရာသီတွေမှာ ပိုမို တောက်ပလာမယ်လို့ မြင်ပါတယ်။

ဘစ်ဆာကာနဲ့ ပက်သက်ပြီး Ally McCoist က မှတ်ချက်ပေးရာမှာ ” ပရီးမီးယားလိဂ်မှာတော့ ခံစစ်ပိုင်း အကောင်းဆုံး အစွန်လူက ဘစ်ဆာကာဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။ သူက ခံစစ်ပိုင်းမှာ တော်တော်လေး ထူးချွန်လွန်းပါတယ်။

ဖာနန်ဒက်စ်ကလည်း ထိပ်တန်း ကစားသမားဖြစ်ပြီး သိပ်ကောင်းတဲ့ လက်မှတ်ထိုးမှုပါ။ ရပ်ဖိုဒ့်နဲ့ မာရှယ်ထံကလည်း ထူးချွန်တဲ့ အဆုံးသတ်မှုကောင်းတွေ မြင်နေရတယ်။ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်ဟာ အတော်လေး တိုးတက်လာတာ သေချာပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ယူနိုက်တက်ဟာ ဘစ်ဆာကာအတွက် ပေါင် သန်း ၅၀၊ ဖာနန်ဒက်စ်အတွက် အပြီးသတ် ပေါင် ၆၅ သန်း ရောက်နိုင်တဲ့ ကုန်ကျမှုကြီးတွေ လုပ်ထားတာဖြစ်တယ်။ သူတို့ နှစ်ဦးဟာ လိဂ်အကောင်းဆုံး ကစားသမားတွေထဲကို ပါဝင်လာနေပြီး ဒါက အနာဂတ်မှာ ယူနိုက်တက် ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ အဓိက ကျလာလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ZAWGYI – စေကာ္တလန္ ဂႏၱဝင္တိုက္စစ္မွဴးျဖစ္တဲ့ Ally McCoist က ယူႏုိက္တက္ဟာ လိဂ္ရဲ႕ အေကာင္းဆံုး ညာအစြန္လူအျဖစ္ ဘစ္တာကာကို ပိုင္ဆိုင္ထားတာပါလို႔ ထုတ္ေျပာလိုက္ပါတယ္။

ဥေရာပေရႊဖိနပ္ဆုကို ႏွစ္ၾကိမ္ အႏုိင္ရ ရိန္းဂ်ားအသင္း တိုက္စစ္သမားေဟာင္းက သူ႔ရဲ႕ အျမင္မွာေတာ့ ဘစ္ဆာကာရဲ႕ ခံစစ္ပိုင္း ပိုင္ႏုိင္မႈက တိုက္စစ္သမားေတြအတြက္ အခက္အခဲၾကီးလို႔ ျမင္ပါတယ္။ သူကပဲ ဘစ္ဆာကာဟာ သူ႔ရဲ႕ အရည္အခ်င္းေတြကို သပ္ေသျပထားျပီး လာမယ့္ ရာသီေတြမွာ ပိုမို ေတာက္ပလာမယ္လို႔ ျမင္ပါတယ္။

ဘစ္ဆာကာနဲ႔ ပက္သက္ျပီး Ally McCoist က မွတ္ခ်က္ေပးရာမွာ ” ပရီးမီးယားလိဂ္မွာေတာ့ ခံစစ္ပိုင္း အေကာင္းဆံုး အစြန္လူက ဘစ္ဆာကာျဖစ္တယ္လို႔ က်ေနာ္ ထင္ပါတယ္။ သူက ခံစစ္ပိုင္းမွာ ေတာ္ေတာ္ေလး ထူးခၽြန္လြန္းပါတယ္။

ဖာနန္ဒက္စ္ကလည္း ထိပ္တန္း ကစားသမားျဖစ္ျပီး သိပ္ေကာင္းတဲ့ လက္မွတ္ထိုးမႈပါ။ ရပ္ဖိုဒ့္နဲ႔ မာရွယ္ထံကလည္း ထူးခၽြန္တဲ့ အဆံုးသတ္မႈေကာင္းေတြ ျမင္ေနရတယ္။ ဒီရာသီမွာ မန္ခ်က္စတာ ယူႏုိက္တက္ဟာ အေတာ္ေလး တိုးတက္လာတာ ေသခ်ာပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ယူႏုိက္တက္ဟာ ဘစ္ဆာကာအတြက္ ေပါင္ သန္း ၅၀၊ ဖာနန္ဒက္စ္အတြက္ အျပီးသတ္ ေပါင္ ၆၅ သန္း ေရာက္ႏုိင္တဲ့ ကုန္က်မႈၾကီးေတြ လုပ္ထားတာျဖစ္တယ္။ သူတို႔ ႏွစ္ဦးဟာ လိဂ္အေကာင္းဆံုး ကစားသမားေတြထဲကို ပါဝင္လာေနျပီး ဒါက အနာဂတ္မွာ ယူႏုိက္တက္ ဆုဖလားေတြ စိန္ေခၚႏုိင္ဖို႔ အဓိက က်လာလိမ့္မယ္လို႔ သံုးသပ္သြားခဲ့ပါတယ္။