ချယ်ဆီး ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူငယ် ဂိုမက်စ် အခြေအနေ ဆိုးရှား အတည်ပြု ပြောဆို

ယူနိုက်တက် နည်းပြ ဆိုးရှားက လူငယ်ကွင်းလယ်ကစားသမား အိန်ဂျယ် ဂိုမက်စ်နဲ့ ပတ်သတ်ပြီး သက်တမ်းတိုး ဆွေးနွေးမှု အဆင်မပြေတာကြောင့် ကစားသမား အသင်းကနေ ထွက်ခွာဖို့ များနေပြီ ဖြစ်ကြောင်း အတည်ပြု ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဂိုမက်စ်ကို ချယ်ဆီးက ခေါ်ယူဖို့ ချဉ်းကပ်နေပါတယ်။

အသက် ၁၉ နှစ် အရွယ် ကွင်းလယ်သမားဟာ အင်္ဂါနေ့ကပဲ ယူနိုက်တက်နဲ့ စာချုပ် ကုန်ဆုံးပြီ ဖြစ်ပြီး ဆိုးရှားကတော့ အင်္ဂလန်သားဟာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ သဘောတူလာမယ် မမျှော်လင့်တော့ဘူး လို့ ဆိုပါတယ်။

” ဂိုမက်စ် ကိစ္စက ထူးတာ မရှိဘူး ဒီတော့ သူ အသင်းမှာ ဆက်ရှိ မနေဖို့ များတယ်ပေါ့။ ရိုးရိုးသးသား ပြောရရင် မနေ့ကရော ဒီနေ့ပါ သဘောတူတာ ဘာညာ ဘာသတင်းမှ မကြားရသေးဘူး။ ဒီတော့ ဂိုမက်စ် ယူနိုက်တက်က ထွက်မှာလားဆို တိုတိုနဲ့ လိုရင်း ဖြေရရင် ဟုတ်ပါတယ်။ ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဂိုမက်စ်ကို လက်ကျန်ပွဲတွေ ကစားဖို့ ကာလတိုသက်တမ်းတိုးမှု မျိုးတော့ မညှိနှုင်းခဲ့ဘဲ စာချုပ်ကို အကုန်ဆုံး ခံလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်း အကယ်ဒမီထွက် ကစားသမား ဖြစ်တာကြောင့် တခြားကလပ်အသင်း တစ်သင်းသင်းကို ပြောင်းရွှေ့ရင် အကယ်ဒမီ လျော်ကြေးတော့ ရရှိမှာ ဖြစ်ပါတယ်။

ဂိုမက်စ်ဟာ ဒီရာသီ အစောပိုင်းကတည်းက ယူနိုက်တက်ရဲ့ သက်တမ်းတိုး ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ကလပ်မှာ သူ့ရဲ့ ကစားခွင့် နည်းပါးနေတာကြောင့် မပျော်ရွှင်ဘဲ အသင်း ပြောင်းရွှေ့လိုခဲ့တာ ဖြစ်ပါတယ်။ ဂိုမက်စ်ဟာ ၂၀၁၇ ပဲလေ့စ်နဲ့ ပွဲမှာ စီနီယာ အသင်းနဲ့ ပွဲ ကစားခွင့် စရတာ ဖြစ်ပြီး အသက် ၁၆ နှစ် ၂၆၃ ရက်နဲ့ ကစားခဲ့တာ ဖြစ်လို့ ယူနိုက်တက်ရဲ့ စတုတ္ထမြောက် အသက်အငယ်ဆုံး ပွဲထွက် ကစားသူလည်း ဖြစ်ခဲ့ပါတယ်။

အင်္ဂလန်သား လူငယ်ကွင်းလယ်သမားကို ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်က ပြိုင်ဘက် ချယ်ဆီးအသင်းက စိတ်ဝင်စားနေပြီး လမ်းပတ်ရဲ့ ချယ်ဆီးဟာ လူငယ်တွေကို အခွင့်အရေး ပေးနေတာကြောင့် ဂိုမက်စ် အတွက်လည်း စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

Zawgyi – ယူနိုက္တက္ နည္းျပ ဆိုးရွားက လူငယ္ကြင္းလယ္ကစားသမား အိန္ဂ်ယ္ ဂိုမက္စ္နဲ႕ ပတ္သတ္ျပီး သက္တမ္းတိုး ေဆြးေႏြးမႈ အဆင္မေျပတာေၾကာင့္ ကစားသမား အသင္းကေန ထြက္ခြာဖို႔ မ်ားေနျပီ ျဖစ္ေၾကာင္း အတည္ျပဳ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ ဂိုမက္စ္ကို ခ်ယ္ဆီးက ေခၚယူဖို႔ ခ်ဥ္းကပ္ေနပါတယ္။

အသက္ ၁၉ နွစ္ အရြယ္ ကြင္းလယ္သမားဟာ အဂၤါေန႔ကပဲ ယူနိုက္တက္နဲ႕ စာခ်ဳပ္ ကုန္ဆံုးျပီ ျဖစ္ျပီး ဆုိးရွားကေတာ့ အဂၤလန္သားဟာ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူလာမယ္ မေမွ်ာ္လင့္ေတာ့ဘူး လို႔ ဆိုပါတယ္။

” ဂိုမက္စ္ ကိစၥက ထူးတာ မရွိဘူး ဒီေတာ့ သူ အသင္းမွာ ဆက္ရွိ မေနဖို႔ မ်ားတယ္ေပါ့။ ရိုးရိုးသးသား ေျပာရရင္ မေန႔ကေရာ ဒီေန႔ပါ သေဘာတူတာ ဘာညာ ဘာသတင္းမွ မၾကားရေသးဘူး။ ဒီေတာ့ ဂိုမက္စ္ ယူနိုက္တက္က ထြက္မွာလားဆို တိုတုိုနဲ႕ လိုရင္း ေျဖရရင္ ဟုတ္ပါတယ္။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ ဂိုမက္စ္ကို လက္က်န္ပြဲေတြ ကစားဖို႔ ကာလတိုသက္တမ္းတိုးမႈ မ်ိဳးေတာ့ မညွိနႈင္းခဲ့ဘဲ စာခ်ဳပ္ကို အကုန္ဆံုး ခံလိုက္ျပီ ျဖစ္ပါတယ္။ ဒါေပမယ့္ အသင္း အကယ္ဒမီထြက္ ကစားသမား ျဖစ္တာေၾကာင့္ တျခားကလပ္အသင္း တစ္သင္းသင္းကို ေျပာင္းေရႊ႕ရင္ အကယ္ဒမီ ေလ်ာ္ေၾကးေတာ့ ရရွိမွာ ျဖစ္ပါတယ္။

ဂိုမက္စ္ဟာ ဒီရာသီ အေစာပိုင္းကတည္းက ယူနုိက္တက္ရဲ႕ သက္တမ္းတိုး ကမ္းလွမး္မႈကို ျငင္းဆန္ခဲ့တာ ျဖစ္ျပီး မန္ခ်က္စတာ ကလပ္မွာ သူ႔ရဲ႕ ကစားခြင့္ နည္းပါးေနတာေၾကာင့္ မေပ်ာ္ရႊင္ဘဲ အသင္း ေျပာင္းေရႊ႕လိုခဲ့တာ ျဖစ္ပါတယ္။ ဂိုမက္စ္ဟာ ၂၀၁၇ ပဲေလ့စ္နဲ႕ ပြဲမွာ စီနီယာ အသင္းနဲ႕ ပြဲ ကစားခြင့္ စရတာ ျဖစ္ျပီး အသက္ ၁၆ နွစ္ ၂၆၃ ရက္နဲ႕ ကစားခဲ့တာ ျဖစ္လို႔ ယူနုိက္တက္ရဲ႕ စတုတၳေျမာက္ အသက္အငယ္ဆံုး ပြဲထြက္ ကစားသူလည္း ျဖစ္ခဲ့ပါတယ္။

အဂၤလန္သား လူငယ္ကြင္းလယ္သမားကို ယူနိုက္တက္ရဲ႕ ပရီးမီးယားလိဂ္က ျပိဳင္ဘက္ ခ်ယ္ဆီးအသင္းက စိတ္၀င္စားေနျပီး လမ္းပတ္ရဲ႕ ခ်ယ္ဆီးဟာ လူငယ္ေတြကို အခြင့္အေရး ေပးေနတာေၾကာင့္ ဂိုမက္စ္ အတြက္လည္း စိတ္၀င္စားစရာ ျဖစ္ေနပါတယ္။