လီဗာပူး တိုက်စစ်မှုး အိုရီဂီဟာ ရာသီကုန်ရင် စာချုပ်ကုန်ဆုံးလို့ ထွက်ခွာတော့မှာ ဖြစ်ပြီး ၎င်းကို အေစီမီလန် အသင်းက ခေါ်ယူဖို့ သဘောတူစာချုပ်ကိစ္စရပ်တွေ အပြီးသတ် ညှိနှိုင်းနေပြီ ဖြစ်ပါတယ်။
ယူနိုက်တက် နည်းပြသစ် တန်ဟက်ဟာ သူ့ရဲ့ ပထမဆုံး ခေါ်ယူမှု အဖြစ် ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေ ကို ပစ်မှတ်ထားနေပါတယ်။ ပြင်သစ်သားဟာ ချယ်ဆီးနဲ့ ၂၀၂၃ မှာ စာချုပ်ကုန်မှာ ဖြစ်လို့ တစ်နှစ်သာ စာချုပ် ကျန်ပြီး အသင်း ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။
မန်စီးတီး တိုက်စစ်မှုး ဂျေးဆုကို အာဆင်နယ်က ချိတ်ဆက်နေတဲ့ အပြင် ဘာစီလိုနာ၊ အက်သလက်တီကို မက်ဒရစ်၊ ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့ကပါ စိတ်ဝင်စားလာတာကြောင့် ဂန်းနားတို့ အခက်တွေ့ဖွယ် ရှိနေပါတယ်။ ဘရာဇီးသားက ပရီးမီးယားလိဂ်မှာ ဆက် နေချင်ပေမယ့် အာဆင်နယ်တို့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ လိုအပ်နေပါတယ်။

အီတလီ သတင်းတွေ အဆိုအရ ဂျူဗင်တပ်ဟာ အင်တာမီလန် တောင်ပံတိုက်စစ်သမား ပါရီဆစ်ကို ကမ်းလှမ်းဖို့ စာချုပ်တစ် ရပ် ပြင်ဆင်နေပြီလို့ သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် ကစားသမားဟာ ဇွန်မှာ အင်တာနဲ့ စာချုပ်ကုန်လို့ လမ်းခွဲလာဖို့ များနေပါတယ်။
အာဆင်နယ်အသင်းဟာ ဘိုလော့နာမှ အစွန်ခံစစ်သမား အေရွန် ဟစ်ကီ ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီ လို့ သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် ကစားသမားလေး အတွက် ဂန်းနားတို့က ပေါင် ၂၁ သန်း ပေးမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ တောင်ပံတိုက်စစ်သမား ဒမ်ဘီလီ ကို ခေါ်ဖို့ ဘိုင်ယန်မြူးနစ်က ချိတ်ဆက်နေပါတယ်။ ဒမ်ဘီလီက နွေမှာ စာချုပ်ကုန်မှာ ဖြစ်ပြီး ဘာစီလိုနာကတော့ သက်တမ်းတိုးဖို့ ကြိုးစားနေဆဲပါ။
ရီးရဲလ်မက်ဒရစ် သို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားပြီ ဖြစ်တဲ့ ခံစစ်မှုး ရူဒီဂါက သူ ချယ်ဆီးအသင်းနဲ့ စာချုပ် သက်တမ်း မတိုးဘဲ ထွက်ခွာမှာက အသင်းအပေါ် ပိတ်ပင်မှုတွေ ကြုံခဲ့ရလို့ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အဲဗာတန် တိုက်စစ်မှုး ကဲဗက်လီဝင်ကို ခေါ်ယူဖို့ နယူးကာဆယ် က အလေးအနက် ချိတ်ဆက် ဆွေးနွေးနေပြီ လို့ သိရပါတယ်။ ၎င်းကို အာဆင်နယ်ကလည်း စိတ်ဝင်စားပြီး ကစားသမား ကိုယ်တိုင်ကလည်း လန်ဒန်သို့ လာချင်ပေမယ့် နယူးကာဆယ်က ခပ်သွက်သွက် လှုပ်ရှားလာတာပါ။
ဘာစီလိုနာ ကြယ်ပွင့် ဖရန်ကီ ဒီဂျောင် က မန်ချက်စတာ ယူနိုက်တက် ထက် မန်စီးတီး ကို ရွေးချယ်လိုနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီဂျောင် မန်စီးတီး ပြောင်းဖို့ ဆိုရင် လစာ လျှော့ယူရမယ့် အပြင် ဘာစီလိုနာ ဘက်က စတားလင်း ဒါမှမဟုတ် ဘာနာဒိုဆေးဗားကို ပြောင်းရွှေ့ကြေးထဲ ထည့်ဖို့ တောင်းဆိုဖွယ် ရှိပါတယ်။
