ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (29/06/20)

ယူနိုက်တက် ရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်နေတဲ့ ဆန်ချိုအား ခေါ်ယူနိုင်ချေ ဘယ်လောက် ရှိသလဲ သတင်းသမား တစ်ဦးက မေးမြန်းရာမှာ နည်းပြ ဆိုးရှားကတော့ သူ သင်္ချာ တော်ပေမယ့် ထိုမေးခွန်းကို မဖြေနိုင်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ယူနိုက်တက်နဲ့ စာချုပ် ကုန်ဆုံးပြီ ဖြစ်တဲ့ လူငယ်ကွင်းလယ်ကစားသမား အိန်ဂျယ် ဂိုမက်စ်ဟာ သက်တမ်းတိုးတော့မှာ မဟုတ်ဘဲ အသင်းက ထွက်ခွာမယ်လို့ ဆိုးရှားက အတည်ပြုခဲ့ပါတယ်။ ဂိုမက်စ်ကို ချယ်ဆီးအသင်းက ခေါ်ယူလိုနေတာပါ။

ပရီးမီးယားလိဂ်မှာ ထိပ်သီးဖြစ်နေတဲ့ လီဗာပူး၊ စီးတီးတို့ကို အမှီလိုက်ဖို့ ဆို ယူနိုက်တက်ဟာ နောက်ထပ် ၂နှစ်လောက် အချိန်ယူရဦးမယ်လို့ ရွိုင်ကိန်းက သုံးသပ်ခဲ့ပြီး ဆိုးရှား အနေနဲ့ ခံစစ်က ယိုယွင်းမှုတွေ ပြင်ဆင်ဖို့ လိုသေးကြောင်း ထောက်ပြခဲ့ပါတယ်။

ယူနိုက်တက်နဲ့ အာဆင်နယ်တို့ စောင့်ကြည့်နေတဲ့ ဝုဗ် တိုက်စစ်မှူး ဂျီးမီးနက်ဇ်ကတော့ လက်ရှိကလပ်မှာ ပျော်ရွှင်ပေမယ့် တစ်နေ့တစ်နေ့ ဘယ်အသင်းက ဘယ်လောက်နဲ့ သူ့ကို ကမ်းလှမ်းတယ် ဆိုတဲ့ သတင်းတွေကို ကြည့်ကာ ရင်ခုန်ရကြောင်း ဆိုလိုက်ပြီး ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ထားဟန် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ချယ်ဆီးအသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေပြီး ဇူလိုင် ၁၈-၁၉ မှာ ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ်။

လက်ရှိ မန်ချက်စတာ ယူနိုက်တက်ဟာ များစွာ တိုးတက်နေပြီး ပုံစံကောင်းတွေ ပြသနေပြီ ဖြစ်တယ်လို့ တိုက်စစ်မှူးဟောင်း ဗန်ပါစီက ချီးကျူးလိုက်ပြီး ဆိုးရှားက လမ်းကြောင်းမှန်ပေါ်မှာ ရှိကြောင်း ထောက်ခံခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ လော့ဒေါင်းကာလ အပြီး ပွဲတွေ ပြန်ကစားတည်းက တစ်ဂိုးမှ မသွင်းယူနိုင်သေးတာကြောင့် မေးခွန်းထုတ် ခံရမှုတွေ ရှိနေပြီး နည်းပြ ဆိုးရှားကတော့ ရက်ဖို့ဒ် သိပ်မကြာခင် ဂိုးပြန်သွင်းနိုင်မယ် ယုံကြည်ကြောင်း ကာကွယ် ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ ရဲ႕ ဦးစားေပး ပစ္မွတ္ ျဖစ္ေနတဲ့ ဆန္ခ်ိဳအား ေခၚယူနိုင္ေခ် ဘယ္ေလာက္ ရွိသလဲ သတင္းသမား တစ္ဦးက ေမးျမန္းရာမွာ နည္းျပ ဆိုးရွားကေတာ့ သူ သခၤ်ာ ေတာ္ေပမယ့္ ထိုေမးခြန္းကို မေျဖနုိင္ေၾကာင္း တုန္႔ျပန္ခဲ့ပါတယ္။

ယူနုိက္တက္နဲ႕ စာခ်ဳပ္ ကုန္ဆံုးျပီ ျဖစ္တဲ့ လူငယ္ကြင္းလယ္ကစားသမား အိန္ဂ်ယ္ ဂိုမက္စ္ဟာ သက္တမ္းတိုးေတာ့မွာ မဟုတ္ဘဲ အသင္းက ထြက္ခြာမယ္လို႔ ဆိုးရွားက အတည္ျပဳခဲ့ပါတယ္။ ဂိုမက္စ္ကို ခ်ယ္ဆီးအသင္းက ေခၚယူလိုေနတာပါ။

ပရီးမီးယားလိဂ္မွာ ထိပ္သီးျဖစ္ေနတဲ့ လီဗာပူး၊ စီးတီးတို႔ကို အမွီလိုက္ဖို႔ ဆို ယူနိုက္တက္ဟာ ေနာက္ထပ္ ၂နွစ္ေလာက္ အခ်ိန္ယူရဦးမယ္လို႔ ရြိဳင္ကိန္းက သံုးသပ္ခဲ့ျပီး ဆိုးရွား အေနနဲ႕ ခံစစ္က ယိုယြင္းမႈေတြ ျပင္ဆင္ဖို႔ လိုေသးေၾကာင္း ေထာက္ျပခဲ့ပါတယ္။

ယူနိုက္တက္နဲ႕ အာဆင္နယ္တို႔ ေစာင့္ၾကည့္ေနတဲ့ ၀ုဗ္ တုိက္စစ္မွဴး ဂ်ီးမီးနက္ဇ္ကေတာ့ လက္ရွိကလပ္မွာ ေပ်ာ္ရႊင္ေပမယ့္ တစ္ေန႔တစ္ေန႔ ဘယ္အသင္းက ဘယ္ေလာက္နဲ႕ သူ႔ကုိ ကမ္းလွမ္းတယ္ ဆိုတဲ့ သတင္းေတြကို ၾကည့္ကာ ရင္ခုန္ရေၾကာင္း ဆိုလုိက္ျပီး ကမ္းလွမ္းမႈေတြကို လမ္းဖြင့္ထားဟန္ ေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ဟာ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္မွာ ခ်ယ္ဆီးအသင္းနဲ႕ ထိပ္တိုက္ ေတြ႕ဆံုေနျပီး ဇူလိုင္ ၁၈-၁၉ မွာ ၀င္ဘာေလကြင္းမွာ ယွဥ္ျပိဳင္ ကစားရမွာပဲ ျဖစ္ပါတယ္။

လက္ရွိ မန္ခ်က္စတာ ယူနိုက္တက္ဟာ မ်ားစြာ တိုးတက္ေနျပီး ပံုစံေကာင္းေတြ ျပသေနျပီ ျဖစ္တယ္လို႔ တိုက္စစ္မွဴးေဟာင္း ဗန္ပါစီက ခ်ီးက်ဴးလိုက္ျပီး ဆိုးရွားက လမ္းေၾကာင္းမွန္ေပၚမွာ ရွိေၾကာင္း ေထာက္ခံခဲ့ပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္ဟာ ေလာ့ေဒါင္းကာလ အျပီး ပြဲေတြ ျပန္ကစားတည္းက တစ္ဂိုးမွ မသြင္းယူနုိင္ေသးတာေၾကာင့္ ေမးခြန္းထုတ္ ခံရမႈေတြ ရွိေနျပီး နည္းျပ ဆိုးရွားကေတာ့ ရက္ဖို႔ဒ္ သိပ္မၾကာခင္ ဂိုးျပန္သြင္းနုိင္မယ္ ယံုၾကည္ေၾကာင္း ကာကြယ္ ေျပာဆိုခဲ့ပါတယ္။