အမ်ဘာပေ၊ မက်ဆီ တို့ရဲ့ အသင်းသစ်များ၊ ဒီဂျောင်ကိစ္စပဲ မေးနေတဲ့ တန်ဟက်နဲ့ ယနေ့ အပြောင်းအရွှေ့ သတင်းများ

မက်ဆီဟာ ၂၀၂၃ မှာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းထံ ပြောင်းရွှေ့နိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။ ဘလွန်းဒီအော ၇ ဆုရှင်ဟာ နောက်ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ရင် ဒေးဗစ်ဘက်ခမ်းရဲ့ မေဂျာလိဂ်ကလပ်ထံ ပူးပေါင်းဖို့ အဆင်သင့် ဖြစ်နေပါတယ်။

မာတစ်ဟာ ဒီနွေမှာ ယူနိုက်တက်ကနေ ဖရီးအေးဂျင့်အဖြစ် ထွက်ခွာတော့မှာဖြစ်ပြီး ဟိုဆေးမော်ရင်ညိုဟာ ၎င်းနဲ့အတူ ရိုးမားမှာ ပြန်လည်ပူးပေါင်းချင်နေပါတယ်။

နယူးကာဆယ်ဟာ ဒီနွေမှာ ဘန်လေနောက်ခံလူ ဂျိးစ်တာကောစကီးကို ခေါ်ယူနိုင်ဖို့ အဖြစ်နိုင်ဆုံး အနေအထားမှာ ရှိနေပါတယ်။ အက်ဒီဟောင်းဟာ သူ့ကို ကာလရှည်ကြာ သဘောကျနေခဲ့တာဖြစ်ပြီး တာကောစကီးအနေနဲ့ဘန်လေ တန်း ဆင်းဆင်း၊ မဆင်းဆင်း အသင်းကနေ ထွက်ခွာတော့မှာပါ။

ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ်ဖိုင်နယ်အပြီးမှာ ဒီအပြောင်းအရွှေ့ကို ကြေညာသွားဖွယ်ရှိပါတယ်။ ဘာပေက ရာသီကုန်မှာ အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ပြောခဲ့ပေမယ့်လဲ ရီးရဲလ်မက်ဒရစ်ကတော့ သူ့ကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ဖို့ ယုံကြည်မှုရှိနေတာပါ။

တော့တင်ဟမ် စပါးအသင်းဟာ ကူလူဆဗ်စကီးနဲ့ ရိုမဲရိုးတို့ နှစ်ယောက်လုံးကို ယူရိုသန်း ၈၀ ဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်က စိတ်ဝင်စားနေတဲ့ မီလန်ကိုဗစ်ဆာဗစ်အတွက် ပမာဏများပြားတဲ့ ကမ်းလှမ်းမှုရရင် အပြောင်းအရွှေ့ ဖြစ်မြောက်လိမ့်မယ်လို့ လာဇီယိုနည်းပြ ဆာရီက ဝန်ခံခဲ့ပါတယ်။

နယူးကာဆယ်နဲ့ အက်စ်တွန်ဗီလာတို့ဟာ ဒီရာသီ တန်းဆင်းရရင် အသင်းကနေ ထွက်ခွာတော့မယ့် လိဒ်စ်ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်အတွက် ပြိုင်ဆိုင်မှုမှာ ယူနိုက်တက်ကို ဦးဆောင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ်တန်ဟက်ဟာ ဘာကာကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ ကလပ်ရဲ့ကြိုးပမ်းမှု အခြေအနေနဲ့ ပတ်သက်ပြီး ထူးခြားမှုတွေကို နေ့တိုင်းမေးမြန်းနေပါတယ်။

အာဆင်နယ်ဟာ ဘိုလော့ညာ နောက်ခံလူ အာရွန်ဟစ်ကီကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူဖို့ နီးစစပ်နေပြီဖြစ်ပြီး အဆိုပါ နောက်ခံလူဟာ နာပိုလီနဲ့ အေစီမီလန်တို့နဲ့ ချိတ်ဆက်ခဲ့ပေမယ့် နွေရာသီမှာ ဗြိတိန်ကို ပြန်လာမှာ ဖြစ်ပါတယ်။

ဗလင်စီယာဟာ ကားလို့စ် ဆိုလာနဲ့ ဟိုဆေးဂါယာတို့အတွက် ဒီနွေမှာ ကမ်းလှမ်းမှုတွေကို စဉ်းစားပေးသွားမယ်ဆိုတဲ့ သတင်းကြောင့် ဘာစီလိုနာအတွက် အားတက်စရာ ဖြစ်ခဲ့ပါတယ်။

ဝါရင့် ကွင်းလယ်လူ ဂန်ဒိုဂမ်ဟာ စာချုပ်တစ်နှစ်ပဲ ကျန်တော့ပြီး လက်ကျန် ကစားသမားဘဝကို မန်စီးတီးမှာ ဆက်နေချင်ပေမယ့်လဲ ဒီနွေမှာ အသင်းသစ်ကို လွတ်လွတ်လပ်လပ် ရှာဖွေဖို့ စီးတီးက ခွင့်ပြုထားခဲ့ပြီ ဖြစ်ပါတယ်။