ယူနိုက်တက်ရဲ့ နံပါတ် ၉ နေရာကို ဘယ်သူမဆို လိုချင်ကြတယ်လို့ မာရှယ်အား ဆိုးရှား သတိပေး

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ အသင်းရဲ့ အထောင် တိုက်စစ် နေရာ နံပါတ် ၉ ဂျာစီ ဝတ် ပြီး ကစားချင်တဲ့ ကစားသမားတွေက အသင်းမှာရော တခြားအသင်းကပါ အများကြီး ရှိနေကြတယ်လို့ တိုက်စစ်မှူး မာရှယ်အား သတိပေးမှု ပြုလုပ်လိုက်ပါတယ်။

ပြင်သစ်သားရဲ့ ခြေစွမ်းနဲ့ တိုးတက်မှုကိုတော့ ကျေနပ်မှု ရှိကြောင်း ဆိုးရှားက ဝန်ခံခဲ့ပေမယ့် လျှော့ပစ်လို့ မရဘဲ တောက်လျောက် တိုးတက် ကောင်းမွန်နေဖို့ လိုတယ်လို့ နော်ဝေသားကြီးက ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ကတော့ မာရှယ်ကို စိန်ခေါ်မှုတွေ ဆက်တိုက် ပြုလုပ်နေမှာပါ။ အသင်းမှာရော ပြင်ပ တခြားကရော မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ် ၉ ဖြစ်ချင်ကြတဲ့သူတွေ အများကြီးကို ရှိနေပါတယ်။

မာရှယ်ကတော့ ခပ်ပြုံးပြုံးနဲ့ ဆက် ကစားနေတာပါ။ သူက တကယ့် ဘောလုံးရာသီကောင်း တစ်ခု ပိုင်ဆိုင်ထားတယ်။ ကျနော်တို့ အတွက် သူက တကယ်ကို အရေးကြီးတဲ့ ကစားသမားပါ။ ဒါကို ဒီတလော လတွေ အတွင်း သူ ဒဏ်ရာ ရသွားချိန်မှာ ပို သိသာခဲ့တယ်။ သူ မပါဘဲ ကျနော်တို့ ရုန်းကန်ခဲ့ရတယ်လေ။

ကျနော်တို့ သူ့ကို ယုံကြည် အားထားတယ် ဆိုတာလည်း သူသိတယ်။ ဒါ့အပြင် သူ့ကိ စိတ်ရှည်ရှည် ထားပေးပြီး အလုပ်အတူ ဆက်လုပ်နေတာလည်း သဘောပေါက်တယ်။ မာရှယ်က အဆုံးသတ် ကောင်းမွန်တဲ့ တိုက်စစ်မှူးပါ။ သူ့ အနေနဲ့ နေရာမှန် ယူနေဖို့ပဲ လိုအပ်တယ်။ အခုကတော့ ဆက်တိုက် တိုးတက်နေပါတယ်။ အထူးသဖြင့် ပင်နယ်တီ ဧရိယာထဲ ဝင်တာနဲ့ ဂိုးနား ချဉ်းကပ်တာတွေပေါ့။ ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေက လူကာကူကို လက်လွှတ်ရပြီးနောက် နော်ဝေသား တိုက်စစ်မှူး ဟာလန်းကို ရဖို့ အသည်းအသန် ကြိုးစားခဲ့သေးပြီး မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် တိုက်စစ်မှာ မာရှယ်၊ ရက်ဖို့ဒ်တို့ကို အဓိက အားပြုကာ ဆက်လက် ကစားနေတာ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ အသင္းရဲ႕ အေထာင္ တိုက္စစ္ ေနရာ နံပါတ္ ၉ ဂ်ာစီ ၀တ္ ျပီး ကစားခ်င္တဲ့ ကစားသမားေတြက အသင္းမွာေရာ တျခားအသင္းကပါ အမ်ားၾကီး ရွိေနၾကတယ္လို႔ တိုက္စစ္မွဴး မာရွယ္အား သတိေပးမႈ ျပဳလုပ္လိုက္ပါတယ္။

ျပင္သစ္သားရဲ႕ ေျခစြမ္းနဲ႕ တိုးတက္မႈကိုေတာ့ ေက်နပ္မႈ ရွိေၾကာင္း ဆိုးရွားက ၀န္ခံခဲ့ေပမယ့္ ေလွ်ာ့ပစ္လို႔ မရဘဲ ေတာက္ေလ်ာက္ တိုးတက္ ေကာင္းမြန္ေနဖို႔ လိုတယ္လို႔ ေနာ္ေ၀သားၾကီးက ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ကေတာ့ မာရွယ္ကို စိန္ေခၚမႈေတြ ဆက္တိုက္ ျပဳလုပ္ေနမွာပါ။ အသင္းမွာေရာ ျပင္ပ တျခားကေရာ မန္ခ်က္စတာ ယူနုိုက္တက္ရဲ႕ နံပါတ္ ၉ ျဖစ္ခ်င္ၾကတဲ့သူေတြ အမ်ားၾကီးကို ရွိေနပါတယ္။

မာရွယ္ကေတာ့ ခပ္ျပံဳးျပံဳးနဲ႕ ဆက္ ကစားေနတာပါ။ သူက တကယ့္ ေဘာလံုးရာသီေကာင္း တစ္ခု ပိုင္ဆိုင္ထားတယ္။ က်ေနာ္တို႔ အတြက္ သူက တကယ္ကို အေရးၾကီးတဲ့ ကစားသမားပါ။ ဒါကို ဒီတေလာ လေတြ အတြင္း သူ ဒဏ္ရာ ရသြားခ်ိန္မွာ ပို သိသာခဲ့တယ္။ သူ မပါဘဲ က်ေနာ္တို႔ ရုန္းကန္ခဲ့ရတယ္ေလ။

က်ေနာ္တို႔ သူ႔ကို ယံုၾကည္ အားထားတယ္ ဆိုတာလည္း သူသိတယ္။ ဒါ့အျပင္ သူ႔ကိ စိတ္ရွည္ရွည္ ထားေပးျပီး အလုပ္အတူ ဆက္လုပ္ေနတာလည္း သေဘာေပါက္တယ္။ မာရွယ္က အဆံုးသတ္ ေကာင္းမြန္တဲ့ တိုက္စစ္မွဴးပါ။ သူ႔ အေနနဲ႕ ေနရာမွန္ ယူေနဖို႔ပဲ လိုအပ္တယ္။ အခုကေတာ့ ဆက္တိုက္ တိုးတက္ေနပါတယ္။ အထူးသျဖင့္ ပင္နယ္တီ ဧရိယာထဲ ၀င္တာနဲ႕ ဂိုးနား ခ်ဥ္းကပ္တာေတြေပါ့။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ေႏြက လူကာကူကို လက္လႊတ္ရျပီးေနာက္ ေနာ္ေ၀သား တိုက္စစ္မွဴး ဟာလန္းကို ရဖို႔ အသည္းအသန္ ၾကိဳးစားခဲ့ေသးျပီး မေအာင္ျမင္ခဲ့ပါဘူး။ ဒါေၾကာင့္ တိုက္စစ္မွာ မာရွယ္၊ ရက္ဖို႕ဒ္တို႔ကုိ အဓိက အားျပဳကာ ဆက္လက္ ကစားေနတာ ျဖစ္ပါတယ္။