မူလနေရာမှာ အစွမ်းပြလာတဲ့ ကန်တေနဲ့ ကွင်းလယ်အတွက် ခေါင်းစားတော့မယ့် လမ်းပတ်

ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေဟာ သူ့ရဲ့ မူလ နေရာ ဖြစ်တဲ့ ကွင်းလယ် အထိုင်မှာ ထူးချွန်စွာ အစွမ်းပြနေတာကြောင့် နည်းပြ လမ်းပတ် အတွက်တော့ အခက်တွေ့စရာ ဖြစ်လာတော့မယ်လို့ လန်ဒန် သတင်းဌာနက သုံးသပ်သွားပါတယ်။

လော့ဒ်ဒေါင်းကာလ အပြီး ပရီးမီးယားလိဂ် ပွဲတွေ ပြန်စချိန်မှာ ပွဲဦးထွက် အက်စတွန်ဗီလာနဲ့ ပွဲမှာတင် ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုက ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ပြင်သစ်သား ကန်တေ က ကွင်းလယ် အထိုင်နေရာ ဝင် ကစားခဲ့ပြီး ခံစစ်တန်းရှေ့ကနေ ထူးချွန်တဲ့ ကာကွယ်မှုတွေ ဘောလုံး ပေးပို့မှုကောင်းတွေ ပြုလုပ်ကာ အစွမ်းပြခဲ့ပါတယ်။

တကယ်တော့ ကွင်းလယ် အထိုင် ခံစစ်နေရာက ကန်တေရဲ့ နာမည် တစ်ခု ခိုင်ခိုင်မာမာ နေရာ ရလာစေခဲ့တဲ့ သူ့ရဲ့ မူလနေရာ ဖြစ်ပြီး နည်းပြ ဆာရီ ဂျော်ဂျင်ဟို ကို ခေါ်လာပြီးနောက် အီတလီသားထံ ကန်တေက သူ့နေရာ လွှဲပေးခဲ့ရတာပါ။ လမ်းပတ် နည်းပြ ဖြစ်လာတော့လည်း ကန်တေက သူ့မူလနေရာ ပြန်မရခဲ့ပါဘူး။

အခုလို ဂျော်ဂျင်ဟို ပွဲပယ်မိနေချိန်မှာတော့ ကန်တေက ကွင်းလယ်အထိုင်မှာ ပြန်ကစားခွင့်ရပြီး အစွမ်းလည်း ပြနေတာကြောင့် ဆက်တိုက် ပွဲကစားခွင့် ရနေပါတယ်။ ကန်တေကြောင့်ပဲ ဂျော်ဂျင်ဟိုဟာ မန်စီးတီး၊ လက်စတာနဲ့ ပွဲတွေမှာလည်း သူ့နေရာ ပြန်မရခဲ့ပါဘူး။

ဒါပေမယ့် ပွဲဆက်တွေ ကစားရတဲ့ အခြေအနေကြောင့် ကန်တေကိုတော့ အနားပေးရတော့မှာ ဖြစ်ပြီး ပြန်ထည့် ကစားချိန်မှာ ပြင်သစ်သားကို ကွင်းလယ် ညာခြမ်းမှာ ပြန်နေရာချဖို့လည်း ခက်ခဲမှာ ဖြစ်ပါတယ်။

လမ်းပတ်က ဂျော်ဂျင်ဟို ကို အလေးထားသူ ဖြစ်ပါတယ်။ အထူးသဖြင့် ၎င်းရဲ့ ဦးစီးဦးဆောင် လုပ်နိုင်တဲ့ စွမ်းရည်တွေကို သဘောကျသူပါ။ ဒါကြောင့် ကန်တေနဲ့ ဂျော်ဂျင်ဟို ပြန်ယှဉ်လာရင် ကွင်းလယ် အထိုင်မှာ ဘယ်သူ့ကို နေရာပေးရမလဲ ဆိုတာ လမ်းပတ်တစ်ယောက် အခက်တွေ့ရဖို့ ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီး ကြင္းလယ္ကစားသမား ကန္ေတဟာ သူ႔ရဲ႕ မူလ ေနရာ ျဖစ္တဲ့ ကြင္းလယ္ အထိုင္မွာ ထူးခၽြန္စြာ အစြမ္းျပေနတာေၾကာင့္ နည္းျပ လမ္းပတ္ အတြက္ေတာ့ အခက္ေတြ႔စရာ ျဖစ္လာေတာ့မယ္လို႔ လန္ဒန္ သတင္းဌာနက သံုးသပ္သြားပါတယ္။

ေလာ့ဒ္ေဒါင္းကာလ အျပီး ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စခ်ိန္မွာ ပြဲဦးထြက္ အက္စတြန္ဗီလာနဲ႕ ပြဲမွာတင္ ကြင္းလယ္ ကစားသမား ေဂ်ာ္ဂ်င္ဟိုက ပြဲပယ္ေၾကာင့္ မပါ၀င္နုိင္ခဲ့ပါဘူး။ ဒါေၾကာင့္ ျပင္သစ္သား ကန္ေတ က ကြင္းလယ္ အထိုင္ေနရာ ၀င္ ကစားခဲ့ျပီး ခံစစ္တန္းေရွ႕ကေန ထူးခၽြန္တဲ့ ကာကြယ္မႈေတြ ေဘာလံုး ေပးပို႔မႈေကာင္းေတြ ျပဳလုပ္ကာ အစြမ္းျပခဲ့ပါတယ္။

တကယ္ေတာ့ ကြင္းလယ္ အထိုင္ ခံစစ္ေနရာက ကန္ေတရဲ႕ နာမည္ တစ္ခု ခိုင္ခိုင္မာမာ ေနရာ ရလာေစခဲ့တဲ့ သူ႔ရဲ႕ မူလေနရာ ျဖစ္ျပီး နည္းျပ ဆာရီ ေဂ်ာ္ဂ်င္ဟို ကို ေခၚလာျပီးေနာက္ အီတလီသားထံ ကန္ေတက သူ႔ေနရာ လႊဲေပးခဲ့ရတာပါ။ လမ္းပတ္ နည္းျပ ျဖစ္လာေတာ့လည္း ကန္ေတက သူ႔မူလေနရာ ျပန္မရခဲ့ပါဘူး။

အခုလို ေဂ်ာ္ဂ်င္ဟို ပြဲပယ္မိေနခ်ိန္မွာေတာ့ ကန္ေတက ကြင္းလယ္အထိုင္မွာ ျပန္ကစားခြင့္ရျပီး အစြမ္းလည္း ျပေနတာေၾကာင့္ ဆက္တိုက္ ပြဲကစားခြင့္ ရေနပါတယ္။ ကန္ေတေၾကာင့္ပဲ ေဂ်ာ္ဂ်င္ဟိုဟာ မန္စီးတီး၊ လက္စတာနဲ႕ ပြဲေတြမွာလည္း သူ႔ေနရာ ျပန္မရခဲ့ပါဘူး။

ဒါေပမယ့္ ပြဲဆက္ေတြ ကစားရတဲ့ အေျခအေနေၾကာင့္ ကန္ေတကိုေတာ့ အနားေပးရေတာ့မွာ ျဖစ္ျပီး ျပန္ထည့္ ကစားခ်ိန္မွာ ျပင္သစ္သားကို ကြင္းလယ္ ညာျခမ္းမွာ ျပန္ေနရာခ်ဖို႔လည္း ခက္ခဲမွာ ျဖစ္ပါတယ္။

လမ္းပတ္က ေဂ်ာ္ဂ်င္ဟို ကို အေလးထားသူ ျဖစ္ပါတယ္။ အထူးသျဖင့္ ၄င္းရဲ႕ ဦးစီးဦးေဆာင္ လုပ္နုိင္တဲ့ စြမ္းရည္ေတြကို သေဘာက်သူပါ။ ဒါေၾကာင့္ ကန္ေတနဲ႕ ေဂ်ာ္ဂ်င္ဟို ျပန္ယွဥ္လာရင္ ကြင္းလယ္ အထုိင္မွာ ဘယ္သူ႔ကို ေနရာေပးရမလဲ ဆိုတာ လမ္းပတ္တစ္ေယာက္ အခက္ေတြ႔ရဖို႔ ရွိေနပါတယ္။