ချယ်ဆီး ပရီးမီးယားလိဂ် ပြန်စိန်ခေါ်ဖို့ လမ်းပတ် ပြောင်းလဲရမယ့် အရာ ဖီးနဗီးလ် ထောက်ပြ

UNICODE – ချယ်ဆီးအသင်းကို ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်တဲ့ အသင်း တစ်သင်း ဖြစ်လာအောင် ပြောင်းလဲဖို့ဆို နည်းပြ လမ်းပတ် အနေနဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ လိုအပ်ကြောင်း ယူနိုက်တက် ကြယ်ပွင့်ဟောင်း ဖီးနဗီးလ်က ရှင်းလင်း ထောက်ပြသွားခဲ့ပါတယ်။

လက်ရှိ ချယ်ဆီးကွင်းလယ်က အတန်အသင့် အင်အားကောင်းပေမယ့် ဖလား စိန်ခေါ်နိုင်ဖို့ အတွက် ယုတ္တိတန်တန် မျှော်လင့်နိုင်ဖို့ဆို ဒိထက် ပိုကောင်းတဲ့ အရည်အသွေးတွေ လိုအပ်ကြောင်း နဗီးလ်က ယုံကြည်နေပါတယ်။

ဒါ့အပြင် ပူလီဆစ်ကို ကွင်းလယ် ပိုကျနေတဲ့နေရာ ယခင် ဟာဇက်ကစားသွားတဲ့ နေရာ ပေးကစားသင့်ကြောင်း ၎င်းက ဆိုပါတယ်။ ချယ်ဆီး အသင်းဟာ ဆက် ဖာဘရီဂတ်စ်ကို လက်လွှတ်ရပြီးတဲ့နောက်လည်း အစားထိုး ခေါ်ယူရခြင်း မရှိသေးပါဘူး။

” ချယ်ဆီးအသင်း အနေနဲ့ လိဂ်မှာ ဗိုလ်စွဲချင်ရင် တကယ့် ထူးရှယ် အရည်အချင်း ရှိတဲ့ ကစားသမား တစ်ဦး လိုပါတယ်။ အီဒင်ဟာဇက်လို ကစားသမား မျိုးပေါ့။ မေဆန်မောင့်က သိပ်ကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် သူက ဖန်တီးမှုတွေ ပြုလုပ်ပေးလေ့ ရှိတဲ့ ကစားသမား မျိုး မဟုတ်ပါဘူး ပူလီဆစ်ကို အလယ်ပိုဝင် ကစားစေရင်ရော လို့ ကျနော် တွေးမိပါတယ်။

ဆက် ဖာဘရီဂတ်စ် ကလည်း ထူးရှယ် ကစားသမားမျိုးပါ။ သူ ထွက်သွားပြီးတော့ ချယ်ဆီးက အစားထိုး ပြန် ခေါ်ယူတာမျိုး မရှိသေးပါဘူး နံပါတ် ၁၀ နေရာပေါ့။ မန်ချက်စတာ ယူနိုက်တက်ဆို ဘရူနို ဖာနန်ဒက်စ်ကို ထွက်ဝယ်ခဲ့တယ်။ အဲဒီနေရာက အကောင်းဆုံး ဆိုတဲ့ ကစားသမားမျိုး ထားရမယ့် နေရာပါ ” လို့ နဗီးလ်က သုံးသပ်ခဲ့ပါတယ်။

နဗီးလ် ပြောဆိုသုံးသပ်သွားမှုက ကျိုးကြောင်း ဆီလျော်မှု ရှိတယ်လို့ ဆိုနိုင်ပြီး ချယ်ဆီးဟာ ခံစစ် ပိတ်ကစားတဲ့ အသင်းတွေနဲ့ တွေ့ရင် ထိုးဖောက် ဖန်တီးပေးနိုင်မယ့် ကစားသမား လောက်လောက်လားလား မရှိတာ မြင်တွေ့နေရပါတယ်။ ကိုဗာဆစ်နဲ့ မောင့်တို့က ချယ်ဆီး ကွင်းလယ်မှာ ထူးချွန်တဲ့ သူတွေ ဆိုနိုင်ပေမယ့် ပြိုင်ဘက်တွေကို ကျော်ဖြတ်ဖို့ အဓိက ပေးပို့မှုတွေ များများစားစား မလုပ်နိုင်တာ တွေ့ရပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းကို ပရီးမီးယားလိဂ္ဖလား စိန္ေခၚနုိင္တဲ့ အသင္း တစ္သင္း ျဖစ္လာေအာင္ ေျပာင္းလဲဖို႔ဆို နည္းျပ လမ္းပတ္ အေနနဲ႕ ကြင္းလယ္ကို အင္အားျဖည့္တင္းဖို႔ လိုအပ္ေၾကာင္း ယူနိုက္တက္ ၾကယ္ပြင့္ေဟာင္း ဖီးနဗီးလ္က ရွင္းလင္း ေထာက္ျပသြားခဲ့ပါတယ္။

လက္ရွိ ခ်ယ္ဆီးကြင္းလယ္က အတန္အသင့္ အင္အားေကာင္းေပမယ့္ ဖလား စိန္ေခၚနုိင္ဖို႔ အတြက္ ယုတၱိတန္တန္ ေမွ်ာ္လင့္နုိင္ဖို႔ဆို ဒိထက္ ပိုေကာင္းတဲ့ အရည္အေသြးေတြ လိုအပ္ေၾကာင္း နဗီးလ္က ယံုၾကည္ေနပါတယ္။

ဒါ့အျပင္ ပူလီဆစ္ကို ကြင္းလယ္ ပိုက်ေနတဲ့ေနရာ ယခင္ ဟာဇက္ကစားသြားတဲ့ ေနရာ ေပးကစားသင့္ေၾကာင္း ၄င္းက ဆိုပါတယ္။ ခ်ယ္ဆီး အသင္းဟာ ဆက္ ဖာဘရီဂတ္စ္ကို လက္လႊတ္ရျပီးတဲ့ေနာက္လည္း အစားထိုး ေခၚယူရျခင္း မရွိေသးပါဘူး။

” ခ်ယ္ဆီးအသင္း အေနနဲ႕ လိဂ္မွာ ဗိုလ္စြဲခ်င္ရင္ တကယ့္ ထူးရွယ္ အရည္အခ်င္း ရွိတဲ့ ကစားသမား တစ္ဦး လိုပါတယ္။ အီဒင္ဟာဇက္လို ကစားသမား မ်ိဳးေပါ့။ ေမဆန္ေမာင့္က သိပ္ေကာင္းတဲ့ ကစားသမားပါ။ ဒါေပမယ့္ သူက ဖန္တီးမႈေတြ ျပဳလုပ္ေပးေလ့ ရွိတဲ့ ကစားသမား မ်ိဳး မဟုတ္ပါဘူး ပူလီဆစ္ကို အလယ္ပို၀င္ ကစားေစရင္ေရာ လို႔ က်ေနာ္ ေတြးမိပါတယ္။

ဆက္ ဖာဘရီဂတ္စ္ ကလည္း ထူးရွယ္ ကစားသမားမ်ိဳးပါ။ သူ ထြက္သြားျပီးေတာ့ ခ်ယ္ဆီးက အစားထိုး ျပန္ ေခၚယူတာမ်ိဳး မရွိေသးပါဘူး နံပါတ္ ၁၀ ေနရာေပါ့။ မန္ခ်က္စတာ ယူနိုက္တက္ဆို ဘရူနို ဖာနန္ဒက္စ္ကို ထြက္၀ယ္ခဲ့တယ္။ အဲဒီေနရာက အေကာင္းဆံုး ဆိုတဲ့ ကစားသမားမ်ိဳး ထားရမယ့္ ေနရာပါ ” လို႔ နဗီးလ္က သံုးသပ္ခဲ့ပါတယ္။

နဗီးလ္ ေျပာဆိုသံုးသပ္သြားမႈက က်ိဳးေၾကာင္း ဆီေလ်ာ္မႈ ရွိတယ္လို႔ ဆိုနုိင္ျပီး ခ်ယ္ဆီးဟာ ခံစစ္ ပိတ္ကစားတဲ့ အသင္းေတြနဲ႕ ေတြ႔ရင္ ထိုးေဖာက္ ဖန္တီးေပးနုိင္မယ့္ ကစားသမား ေလာက္ေလာက္လားလား မရွိတာ ျမင္ေတြ႔ေနရပါတယ္။ ကိုဗာဆစ္နဲ႕ ေမာင့္တို႔က ခ်ယ္ဆီး ကြင္းလယ္မွာ ထူးခၽြန္တဲ့ သူေတြ ဆိုနုိင္ေပမယ့္ ျပိဳ္င္ဘက္ေတြကို ေက်ာ္ျဖတ္ဖို႔ အဓိက ေပးပို႔မႈေတြ မ်ားမ်ားစားစား မလုပ္နုိင္တာ ေတြ႔ရပါတယ္။