အူဘာမီးယန်းနေရာ အစားထိုးဖို့ ပေါင် သန်း ၅၀ တန် တိုက်စစ်မှူးကို အာဆင်နယ် ချိတ်ဆက်

အာဆင်နယ်အသင်းဟာ ဗလင်စီယာ တိုက်စစ်မှူး ရိုဒရီဂီု မိုရီနိုကို ခေါ်ယူဖို့ ဆွေးနွေးမှုများ စတင်နေပြီ သတင်း ထွက်ပေါ်လာပြီး အာတီတာက ၎င်းကို အသင်းကနေ လက်လွှတ်ရဖွယ် ရှိတဲ့ တိုက်စစ်မှူး အူဘာမီးယန်းနေရာ အစားထိုးရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဂန်းနားတွေဟာ အူဘာမီးယန်းကို နောက်နှစ်မှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ရမှာထက် လာမယ့် အပြောင်းအရွှေ့မှာ ရောင်းချရဖွယ် ရှိနေပြီး ကလပ်အသင်း အနေနဲ့လည်း သင့်တင့်တဲ့ ပြောင်းရွှေ့ကြေးရရင် လက်ခံရန် ပြင်ဆင်ထားပြီ ဖြစ်ပါတယ်။ ဒါကြောင့် အူဘာနေရာ အစားထိုးရန် တိုက်စစ်မှူးလည်း ရှာဖွေနေပါတယ်။

အင်္ဂလန် သတင်းဌာနတချို့ ဖော်ထုတ်မှု အရ အာတီတာဟာ အာဆင်နယ် အကြီးအကဲတွေထဲ ရာသီကုန်ရင် တိုက်စစ်မူှး တစ်ဦး အရ ခေါ်ယူဖို့ ပြောဆိုထားတယ် သိရပါတယ်။ ဂန်းနားတွေဟာ ဗလင်စီယာ တိုက်စစ်မှူး ရိုဒရီဂိုကို ဆွေးနွေးမှုများလည်း စတင်ထားတယ် သတင်း ထွက်နေပါတယ်။

ဗလင်စီယာဘက်ကလည်း ရိုဒရီဂိုကို ရောင်းချလိုပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နဲ့ နောက်ဆက်တွဲ ထပ်ဆောင်းကြေး တချို့ အလိုရှိနေပါတယ်။ အသက် ၂၉ နှစ် အရွယ် တိုက်စစ်မှူးဟာ ဒီရာသီမှာ ဗလင်စီယ အတွက် ၂၈ ပွဲ ကစား၊ ၅ ဂိုး သွင်းကာ ၁၁ ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

အထောင်တိုက်စစ်ရော တောင်ပံမှာပါ ကစားနိုင်တဲ့ ရိုဒရီဂိုကို ဘာစီလိုနာကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီက ချိတ်ဆက်ဖူးပေမယ့် ဗလင်စီယာ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး မပေးလိုတာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။ ကစားသမားရဲ့ လက်ရှိစာချုပ်မှာ စာချုပ် ဖျက်သိမ်းကြေးက ပေါင် ၁၀၆ သန်းလို့ ထည့်သွင်းထားကြောင်း သိရပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ဗလင္စီယာ တိုက္စစ္မွဴး ရိုဒရီဂီု မိုရီနိုကို ေခၚယူဖို႔ ေဆြးေႏြးမႈမ်ား စတင္ေနျပီ သတင္း ထြက္ေပၚလာျပီး အာတီတာက ၄င္းကို အသင္းကေန လက္လႊတ္ရဖြယ္ ရွိတဲ့ တိုက္စစ္မွဴး အူဘာမီးယန္းေနရာ အစားထိုးရန္ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။

ဂန္းနားေတြဟာ အူဘာမီးယန္းကို ေနာက္နွစ္မွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ လက္လႊတ္ရမွာထက္ လာမယ့္ အေျပာင္းအေရႊ႕မွာ ေရာင္းခ်ရဖြယ္ ရွိေနျပီး ကလပ္အသင္း အေနနဲ႕လည္း သင့္တင့္တဲ့ ေျပာင္းေရႊ႕ေၾကးရရင္ လက္ခံရန္ ျပင္ဆင္ထားျပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ အူဘာေနရာ အစားထိုးရန္ တိုက္စစ္မွဴးလည္း ရွာေဖြေနပါတယ္။

အဂၤလန္ သတင္းဌာနတခ်ိဳ႕ ေဖာ္ထုတ္မႈ အရ အာတီတာဟာ အာဆင္နယ္ အၾကီးအကဲေတြထဲ ရာသီကုန္ရင္ တိုက္စစ္မဴွး တစ္ဦး အရ ေခၚယူဖို႔ ေျပာဆိုထားတယ္ သိရပါတယ္။ ဂန္းနားေတြဟာ ဗလင္စီယာ တိုက္စစ္မွဴး ရိုဒရီဂိုကို ေဆြးေႏြးမႈမ်ားလည္း စတင္ထားတယ္ သတင္း ထြက္ေနပါတယ္။

ဗလင္စီယာဘက္ကလည္း ရိုဒရီဂိုကို ေရာင္းခ်လိုျပီး ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၅၀ နဲ႕ ေနာက္ဆက္တြဲ ထပ္ေဆာင္းေၾကး တခ်ိဳ႕ အလိုရွိေနပါတယ္။ အသက္ ၂၉ နွစ္ အရြယ္ တိုက္စစ္မွဴးဟာ ဒီရာသီမွာ ဗလင္စီယ အတြက္ ၂၈ ပြဲ ကစား၊ ၅ ဂိုး သြင္းကာ ၁၁ ၾကိမ္ ဂိုးေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။

အေထာင္တိုက္စစ္ေရာ ေတာင္ပံမွာပါ ကစားနုိင္တဲ့ ရိုဒရီဂိုကို ဘာစီလိုနာကလည္း ျပီးခဲ့တဲ့ ဇန္န၀ါရီက ခ်ိတ္ဆက္ဖူးေပမယ့္ ဗလင္စီယာ ေတာင္းဆိုတဲ့ ေျပာင္းေရႊ႕ေၾကး မေပးလိုတာေၾကာင့္ အေျပာင္းအေရႊ႕ မျဖစ္ေျမာက္ခဲ့ပါဘူး။ ကစားသမားရဲ႕ လက္ရွိစာခ်ဳပ္မွာ စာခ်ဳပ္ ဖ်က္သိမ္းေၾကးက ေပါင္ ၁၀၆ သန္းလို႔ ထည့္သြင္းထားေၾကာင္း သိရပါတယ္။