ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (30/06/20)

ခြေစွမ်းကောင်းတွေ မပြနိုင်တာ အတော်ကြာခဲ့ပြီ ဖြစ်တဲ့ ယူနိုက်တက် ကစားသမား လင်ဂတ် အနေနဲ့ အသင်းအတွက်ရော သူ့အတွက်ပါ ပိုကောင်းတဲ့ အနေအထား ဖြစ်ဖို့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသင့်ပြီ ဖြစ်ကြောင်း ယူနိုက်တက် ကစားသမားဟောင်းကြီး ဒွိုက်ယော့ခ်က တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ဟာ အသင်းမှာ အတွေ့အကြုံရင့် တိုက်စစ်မှူး ဖြစ်တဲ့ အစ်ဟာလို ဆီကနေ လေ့ကျင့်ရေးမှာ သင်ယူမှုတွေ ပြုလုပ်နေကြောင်း ဆိုးရှားက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ရဲ့ အထောင် တိုက်စစ် နေရာ ကျောနံပါတ် ၉ ကို ဝင်ယူချင်တဲ့သူတွေက လက်ရှိ လူစာရင်းကရော အခြားအသင်းတွေ ကပါ အများ အပြား ရှိတာကြောင့် ခြေစွမ်း တိုးတက်မှုကို ထိန်းထားဖို့ မာရှယ်အား ဆိုးရှားက သတိပေးခဲ့ပါတယ်။

ယူနိုက်တက် အသင်း တိုက်စစ်မှူးဟောင်း ဒွိုင်ယောက်ခ်က လက်ရှိအသင်းရဲ့တိုက်စစ်ကို ဦးဆောင်နေတဲ့ မာရှယ်နဲ့ ရက်ဖို့ဒ် အတွဲက သူနဲ့ အင်ဒီကိုးလ် တွဲဖက် ကစားခဲ့စဉ်ကလို ပြိုင်ဘက်ခံစစ်ကစားသမားတွေ ကြောက်ရွံနေရမယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက အသင်းသားတွေကို ရာသီကုန်အထိ ရှုံးပွဲမရှိအောင် ကစားပေးဖို့ စိန်ခေါ်လိုက်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ အချိန်ထိ ပြိုင်ပွဲစုံ ၁၄ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင်ထားပါတယ်။

ယူနိုက်တက်နဲ့ သတင်းထွက်ထားတဲ့ ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် နောက်ခံကစားသမား မက်စ်ဟူရာဒိုက ဘာစီလိုနာကနေ ထွက်ခွာ တော့မှာဖြစ်ကြောင်း သူရဲ့အင်စတာဂရမ်ပေါ်ကနေ အသိပေးသွားခဲ့ပါတယ်။

နည်းပြ ဆိုးရှားက ကွင်းလယ် ကစားသမား ပေါ့ဘာကို ဖာနန်ဒက်စ်နဲ့ တွဲဖက် ကစားပြီး အစွမ်းပြနိုင်မှုကို စောင့်ကြည့်မှာ ဖြစ်ပြီး အဆင်မပြေမှသာ ရောင်းချဖို့ ကြံရွယ်နေပါတယ်။

Zawgyi – ေျခစြမ္းေကာင္းေတြ မျပနိုင္တာ အေတာ္ၾကာခဲ့ျပီ ျဖစ္တဲ့ ယူနိုက္တက္ ကစားသမား လင္ဂတ္ အေနနဲ႕ အသင္းအတြက္ေရာ သူ႔အတြက္ပါ ပိုေကာင္းတဲ့ အေနအထား ျဖစ္ဖို႔ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာသင့္ျပီ ျဖစ္ေၾကာင္း ယူနုိက္တက္ ကစားသမားေဟာင္းၾကီး ဒြိဳက္ေယာ့ခ္က တိုက္တြန္းလိုက္ပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး မာရွယ္ဟာ အသင္းမွာ အေတြ႔အၾကံဳရင့္ တုိုက္စစ္မွဴး ျဖစ္တဲ့ အစ္ဟာလုိ ဆီကေန ေလ့က်င့္ေရးမွာ သင္ယူမႈေတြ ျပဳလုပ္ေနေၾကာင္း ဆိုးရွားက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ ယူနိုက္တက္ရဲ႕ အေထာင္ တိုက္စစ္ ေနရာ ေက်ာနံပါတ္ ၉ ကို ၀င္ယူခ်င္တဲ့သူေတြက လက္ရွိ လူစာရင္းကေရာ အျခားအသင္းေတြ ကပါ အမ်ား အျပား ရွိတာေၾကာင့္ ေျခစြမ္း တိုးတက္မႈကို ထိန္းထားဖို႔ မာရွယ္အား ဆိုးရွားက သတိေပးခဲ့ပါတယ္။

ယူႏိုက္တက္ အသင္း တိုက္စစ္မႉးေဟာင္း ဒြိဳင္ေယာက္ခ္က လက္ရွိအသင္းရဲ႕တိုက္စစ္ကို ဦးေဆာင္ေနတဲ့ မာရွယ္နဲ႔ ရက္ဖို႔ဒ္ အတြဲက သူနဲ႔ အင္ဒီကိုးလ္ တြဲဖက္ ကစားခဲ့စဥ္ကလို ၿပိဳင္ဘက္ခံစစ္ကစားသမားေတြ ေၾကာက္႐ြံေနရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားက အသင္းသားေတြကို ရာသီကုန္အထိ ရႈံးပြဲမရွိေအာင္ ကစားေပးဖို႔ စိန္ေခၚလိုက္ပါတယ္။ ယူနုိက္တက္ဟာ လက္ရွိ အခ်ိန္ထိ ျပိဳင္ပြဲစံု ၁၄ ပြဲ ဆက္တိုက္ ရႈံးပြဲမရွိ စံခ်ိန္တင္ထားပါတယ္။

ယူနိုက္တက္နဲ႕ သတင္းထြက္ထားတဲ့ ဘာစီလိုနာအသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ေနာက္ခံကစားသမား မက္စ္ဟူရာဒိုက ဘာစီလိုနာကေန ထြက္ခြာ ေတာ့မွာျဖစ္ေၾကာင္း သူရဲ႕အင္စတာဂရမ္ေပၚကေန အသိေပးသြားခဲ့ပါတယ္။

နည္းျပ ဆိုးရွားက ကြင္းလယ္ ကစားသမား ေပါ့ဘာကို ဖာနန္ဒက္စ္နဲ႕ တြဲဖက္ ကစားျပီး အစြမ္းျပနိုင္မႈကို ေစာင့္ၾကည့္မွာ ျဖစ္ျပီး အဆင္မေျပမွသာ ေရာင္းခ်ဖို႔ ၾကံရြယ္ေနပါတယ္။