ဘရိုက်တန်နဲ့ ပွဲက သွင်းဂိုးအပြီးမှာ ဂရင်းဝုဒ်ကို ယူနိုက်တက် တိုက်စစ်မှူးဟောင်းနဲ့ နဗီးလ် နှိုင်းယှဉ်ချီးကျူး

ညက ဘရိုက်တန်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ယူနိုက်တက် အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ လူငယ် တိုက်စစ်သမား မေဆန်ဂရင်းဝုဒ် အပေါ် ချီးကျူးမှုတွေ အများအပြား ရှိနေပြီး ယူနိုက်တက် ကစားသမားဟောင်းကြီး နဗီးလ်ကတော့ ဂရင်းဝုဒ်ရဲ့ အဆုံးသတ်နဲ့ ကစားဟန်က ဗန်ပါစီ ကို အမှတ်ရစေမိကြောင်း နှိုင်းယှဉ်ချီးကျူးသွားပါတယ်။

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ယူနိုက်တက် လူငယ်လေး ဂရင်းဝုဒ် ဟာ ဆိုးရှားရဲ့ ပွဲထွက်စာရင်းမှာ ပါဝင်လာခဲ့ပြီး ယူနိုက်တက်တို့ အကြပ်တွေ့နေကျ အေမက်စ် ကွင်းမှာ အဖွင့်ဂိုး သွင်းကာ အစွမ်းပြခဲ့ပါတယ်။

ဒီရာသီတင် ဆယ်ကျော်သက် လူငယ်လေးရဲ့ ပြိုင်ပွဲစုံ သွင်းဂိုးက ၁၄ ဂိုး ရှိနေပြီ ဖြစ်ပြီး ဂရင်းဝုဒ်ဟာ ယူနိုက်တက်ရဲ့ ရပ်တန့်မရနိုင်တဲ့ ကစားသမား တစ်ဦး ဖြစ်လာမယ်လို့ နဗီးလ်က ယုံကြည်နေပါတယ်။

” ဂရင်းဝုဒ် သွင်းသွားသလိုမျိုး အကွက်က ဆိုးရှားလည်း ဆရာကျတယ်။ ဆိုးရှားကတော့ သူ့လူစာရင်းကို ဟန်ချက်ညီအောင် ခင်းကျင်းနိုင်နေပြီ။ ဒီ ညာခြမ်းကို အဆင်ပြေအောင် သူ လုပ်နိုင်ခဲ့တယ်။ အခုဆို မေဆန်ဂရင်းဝုဒ်ကတော့ လူစာရင်းကနေ ဖယ်ထုတ် မရအောင် ဖြစ်နေပြီ။

ကျနော့် စိတ်ထဲတော့ သူ့ကို မြင်ရတာ ရော်ဘင် ဗန်ပါစီကိုပဲ သွား အမှတ်ရတယ်။ အထူးသဖြင့် အခုလို ဘယ်ခြေနဲ့ လှုပ်ရှား ဂိုးသွင်းတဲ့ အခါပေါ့။ ကစားပေါက်နဲ့ ကန်သွင်းဟန်တွေက တကယ့် အသက်ပဲ။ ” လို့ နဗီးလ်က ဆိုပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဗန်ပါစီဟာ အသင်းနဲ့ အတူ ၁၀၅ ပွဲကစားပြီး ၅၈ ဂိုး သွင်းသွားတဲ့ တကယ့် ဂိုးမုဆိုး တစ်ဦး ဖြစ်ပါတယ်။

မေဆန်ဂရင်းဝုဒ်ကို နဗီးလ်အပြင် ပက်ထရစ် အီဗရာကလည်း ပထမပိုင်း အပြီး ပွဲနားချိန်မှာ သုံးသပ်ရင်း ချီးကျူးခဲ့ပါသေးတယ်။ ဂရင်းဝုဒ်ရဲ့ အဆုံးသတ်က သိပ်ကောင်းမွန်ပြီး သူ့ အနေနဲ့တော့ အံ့အား မသင့်မိဘူးလို့ အီဗရာက ဆိုခဲ့ပါတယ်။

Zawgyi – ညက ဘရိုက္တန္ကို ၃-၀ နဲ႕ နိုင္ခဲ့တဲ့ပြဲမွာ ယူနုိက္တက္ အတြက္ အဖြင့္ဂိုး သြင္းယူေပးခဲ့တဲ့ လူငယ္ တိုက္စစ္သမား ေမဆန္ဂရင္း၀ုဒ္ အေပၚ ခ်ီးက်ဴးမႈေတြ အမ်ားအျပား ရွိေနျပီး ယူနုိက္တက္ ကစားသမားေဟာင္းၾကီး နဗီးလ္ကေတာ့ ဂရင္း၀ုဒ္ရဲ႕ အဆံုးသတ္နဲ႕ ကစားဟန္က ဗန္ပါစီ ကို အမွတ္ရေစမိေၾကာင္း ႏိႈင္းယွဥ္ခ်ီးက်ဴးသြားပါတယ္။

အသက္ ၁၈ နွစ္သာ ရွိေသးတဲ့ ယူနုိက္တက္ လူငယ္ေလး ဂရင္း၀ုဒ္ ဟာ ဆိုးရွားရဲ႕ ပြဲထြက္စာရင္းမွာ ပါ၀င္လာခဲ့ျပီး ယူနိုက္တက္တို႔ အၾကပ္ေတြ႔ေနက် ေအမက္စ္ ကြင္းမွာ အဖြင့္ဂိုး သြင္းကာ အစြမ္းျပခဲ့ပါတယ္။

ဒီရာသီတင္ ဆယ္ေက်ာ္သက္ လူငယ္ေလးရဲ႕ ျပိဳင္ပြဲစံု သြင္းဂိုးက ၁၄ ဂိုး ရွိေနျပီ ျဖစ္ျပီး ဂရင္း၀ုဒ္ဟာ ယူနိုက္တက္ရဲ႕ ရပ္တန္႔မရနိုင္တဲ့ ကစားသမား တစ္ဦး ျဖစ္လာမယ္လို႔ နဗီးလ္က ယံုၾကည္ေနပါတယ္။

” ဂရင္း၀ုဒ္ သြင္းသြားသလိုမ်ိဳး အကြက္က ဆိုးရွားလည္း ဆရာက်တယ္။ ဆိုးရွားကေတာ့ သူ႔လူစာရင္းကို ဟန္ခ်က္ညီေအာင္ ခင္းက်င္းနိုင္ေနျပီ။ ဒီ ညာျခမ္းကို အဆင္ေျပေအာင္ သူ လုပ္နုိင္ခဲ့တယ္။ အခုဆို ေမဆန္ဂရင္း၀ုဒ္ကေတာ့ လူစာရင္းကေန ဖယ္ထုတ္ မရေအာင္ ျဖစ္ေနျပီ။

က်ေနာ့္ စိတ္ထဲေတာ့ သူ႔ကို ျမင္ရတာ ေရာ္ဘင္ ဗန္ပါစီကိုပဲ သြား အမွတ္ရတယ္။ အထူးသျဖင့္ အခုလို ဘယ္ေျခနဲ႕ လႈပ္ရွား ဂိုးသြင္းတဲ့ အခါေပါ့။ ကစားေပါက္နဲ႕ ကန္သြင္းဟန္ေတြက တကယ့္ အသက္ပဲ။ ” လို႔ နဗီးလ္က ဆိုပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း ဗန္ပါစီဟာ အသင္းနဲ႕ အတူ ၁၀၅ ပြဲကစားျပီး ၅၈ ဂိုး သြင္းသြားတဲ့ တကယ့္ ဂိုးမုဆိုး တစ္ဦး ျဖစ္ပါတယ္။

ေမဆန္ဂရင္း၀ုဒ္ကို နဗီးလ္အျပင္ ပက္ထရစ္ အီဗရာကလည္း ပထမပိုင္း အျပီး ပြဲနားခ်ိန္မွာ သံုးသပ္ရင္း ခ်ီးက်ဴးခဲ့ပါေသးတယ္။ ဂရင္း၀ုဒ္ရဲ႕ အဆံုးသတ္က သိပ္ေကာင္းမြန္ျပီး သူ႔ အေနနဲ႕ေတာ့ အံ့အား မသင့္မိဘူးလို႔ အီဗရာက ဆိုခဲ့ပါတယ္။