သူ့ကို ထားရစ်ခဲ့တဲ့ အကယ်ဒမီ အသင်းဖော် ဂိုမက်စ် အတွက် ရည်ရွယ်အောင်ပွဲခံခဲ့တဲ့ ဂရင်းဝုဒ်

ယူနိုက်တက် လူငယ် ကစားသမား မေဆန်ဂရင်းဝုဒ်ဟာ ညက ဘရိုက်တန်နဲ့ ပွဲ ဂိုးသွင်းပြီး အောင်ပွဲခံရာမှာတော့ ထူးထူးခြားခြား လက်နှစ်ချောင်း အောက်ဆိုဒ်က နောက်လက်တစ်ဖက်က ကန့်လန့်ဖြတ်ပြန်တင်ထားတဲ့ သင်္ကေတနဲ့ အောင်ပွဲခံခဲ့ရပါတယ်။

တကယ်တော့ အဲဒီ သင်္ကေတက ဒီရက်မှာပဲ အိုးထရက်ဖို့ဒ်ကနေ စာချုပ်ကုန်လို့ ထွက်သွားတဲ့ အကယ်ဒမီ အသင်းဖော် အိန်ဂျယ် ဂိုမက်စ် အတွက် ရည်ရွယ် အောင်ပွဲခံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဂရင်းဝုဒ် လက်နဲ့ ပုံဖော်ခဲ့တာက ‘A’ ပုံစံ ဖြစ်ပြီး အိန်ဂျယ် ဂိုမက်စ်ကို နှုတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီမှ ကြယ်ပွင့် ကစားသမားလေးတွေ ဖြစ်ပါတယ်။

ဂိုမက်စ်ကလည်း ဂရင်းဝုဒ် အောင်ပွဲခံနေတဲ့ ပုံလေးကို အင်စတာဂရမ်မှာ တင်ကာ ကျေူးဇူးတင် အသိအမှတ်ပြုခဲ့ပါတယ်။ ပုံနဲ့ အတူ ” စကားလုံးနဲ့ ဖော်ပြနိုင်စရာကို မရှိပါဘူး။ ငါလည်း မင်းကို ချစ်တယ် ဘရို ” လို့ ရေးသားထားခဲ့ပါတယ်။

ဂရင်းဝုဒ်ကလည်း ထိုပို့စ်မှာ ” ကတိက ကတိပဲ ” လို့ ပြန် ဆိုထားတာကြောင့် အသင်းဖော် နှစ်ဦးကြား ခင်မင်ရင်းနှီးတဲ့ ညီအစ်ကို ဆက်ဆံရေးကို မြင်ခဲ့ရပါတယ်။

အိန်ဂျယ်ဂိုမက်စ် ကို ယူနိုက်တက်က သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ကမ်းလှမ်းမှု လစာနည်းလွန်းတာရယ်၊ အသင်းကြီးနဲ့ အတူ ပွဲကစားခွင့် ရနိုင်ဖို့ မသေချာတာရယ်ကြောင့် ယူနိုက်တက်က ထွက်ခွာဖို့ ရွေးချယ်ခဲ့တာပါ။ ဂိုမက်စ်ဟာ ယူနိုက်တက် အကယ်ဒမီမှ အလားအလာ အကောင်းဆုံး လူငယ်တွေထဲ ပါဝင်သူပါ။

Zawgyi – ယူနုိက္တက္ လူငယ္ ကစားသမား ေမဆန္ဂရင္း၀ုဒ္ဟာ ညက ဘရိုက္တန္နဲ႕ ပြဲ ဂိုးသြင္းျပီး ေအာင္ပြဲခံရာမွာေတာ့ ထူးထူးျခားျခား လက္နွစ္ေခ်ာင္း ေအာက္ဆိုဒ္က ေနာက္လက္တစ္ဖက္က ကန္႔လန္႔ျဖတ္ျပန္တင္ထားတဲ့ သေကၤတနဲ႕ ေအာင္ပြဲခံခဲ့ရပါတယ္။

တကယ္ေတာ့ အဲဒီ သေကၤတက ဒီရက္မွာပဲ အိုးထရက္ဖို႔ဒ္ကေန စာခ်ဳပ္ကုန္လို႔ ထြက္သြားတဲ့ အကယ္ဒမီ အသင္းေဖာ္ အိန္ဂ်ယ္ ဂိုမက္္စ္ အတြက္ ရည္ရြယ္ ေအာင္ပြဲခံခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

ဂရင္း၀ုဒ္ လက္နဲ႕ ပံုေဖာ္ခဲ့တာက ‘A’ ပံုစံ ျဖစ္ျပီး အိန္ဂ်ယ္ ဂိုမက္စ္ကို နႈတ္ဆက္လိုက္တာ ျဖစ္ပါတယ္။ ၄င္းတို႔နွစ္ဦးဟာ မန္ခ်က္စတာ ယူနုိက္တက္ အကယ္ဒမီမွ ၾကယ္ပြင့္ ကစားသမားေလးေတြ ျဖစ္ပါတယ္။

ဂိုမက္စ္ကလည္း ဂရင္း၀ုဒ္ ေအာင္ပြဲခံေနတဲ့ ပံုေလးကို အင္စတာဂရမ္မွာ တင္ကာ ေက်ူးဇူးတင္ အသိအမွတ္ျပဳခဲ့ပါတယ္။ ပံုနဲ႕ အတူ ” စကားလံုးနဲ႕ ေဖာ္ျပနိုင္စရာကို မရွိပါဘူး။ ငါလည္း မင္းကို ခ်စ္တယ္ ဘရို ” လို႔ ေရးသားထားခဲ့ပါတယ္။

ဂရင္း၀ုဒ္ကလည္း ထိုပို႔စ္မွာ ” ကတိက ကတိပဲ ” လို႔ ျပန္ ဆုိထားတာေၾကာင့္ အသင္းေဖာ္ နွစ္ဦးၾကား ခင္မင္ရင္းနွီးတဲ့ ညီအစ္ကို ဆက္ဆံေရးကို ျမင္ခဲ့ရပါတယ္။

အိန္ဂ်ယ္ဂိုမက္စ္ ကို ယူနုိက္တက္က သက္တမ္းတိုးဖို႔ ၾကိဳးစားခဲ့ေပမယ့္ ကစားသမား ကုိယ္တိုင္က ကမ္းလွမ္းမႈ လစာနည္းလြန္းတာရယ္၊ အသင္းၾကီးနဲ႕ အတူ ပြဲကစားခြင့္ ရနုိင္ဖို႔ မေသခ်ာတာရယ္ေၾကာင့္ ယူနိုက္တက္က ထြက္ခြာဖို႔ ေရြးခ်ယ္ခဲ့တာပါ။ ဂိုမက္စ္ဟာ ယူနိုက္တက္ အကယ္ဒမီမွ အလားအလာ အေကာင္းဆံုး လူငယ္ေတြထဲ ပါ၀င္သူပါ။