ဒန်ဂျူမာ၊ အမ်ကွန်ကူ၊ ရူဘန်နီဗက်ဇ်၊ ဘစ်ဆာကာတို့နဲ့ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းများ

လိုက်ပ်ဇစ် ကွင်းလယ်တိုက်စစ်သမား အန်ကွန်ကူ ကို မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီးတို့က အပြိုင် ချိတ်ဆက် နေကြပေမယ့် ကစားသမားက အသင်းဟောင်း ပီအက်စ်ဂျီသို့ ပြန်လည် ပြောင်းရွှေ့လိုနေပါတယ်။

ယူနိုက်တက် စိတ်ဝင်စားတယ် သတင်းထွက်နေပေမယ့် ချယ်ဆီးကတော့ ကွင်းလယ်ကစားသမား ကန်တေကို ရောင်းချဖို့ ဆန္ဒ မရှိဘဲ နည်းပြ တူချယ်က ဆက်နေဖို့ စည်းရုံးထားမှာ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ တန်ဟက်ဟာ ဒီနွေ ကစားသမားသစ်တွေ ဝယ်ယူဖို့ ပေါင် သန်း ၁၂ဝ အသုံးစရိတ် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မာရှယ်၊ ဘိုင်လီနဲ့ ဝမ်ဘစ်ဆာကာ တို့ကို ရောင်းချနိုင်ရင်လည်း အသုံးစရိတ် တိုးလာဦးမှာပါ။

ယူနိုက်ကတ်ဟာ ဝုဗ်ကြယ်ပွင့် ရူဘန် နီဗက်စ်ကို ခေါ်ယူဖို့ ကြိုးစားမှု ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။ နီဗက်စ် ကို ပေါင် သန်း ၅ဝ လို့ ဈေးသတ်မှတ်ထားပေမယ့် ဝုဗ်က အစားထိုး ခေါ်ယူမယ့် ပေါ်လင်ဟာ ကို ရရင် လက်လွှတ်ဖွယ် ရှိပါတယ်။

ခရစ္စတယ်ပဲလေ့စ် အသင်းဟာ ၎င်းတို့ ကစားသမားဟောင်း ဘစ်ဆာကာ ကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ယူနိုက်တက်ကလည်း အင်္ဂလန်သားကို အငှားနဲ့ ဖြစ်ဖြစ်၊ အပြီး ရောင်းချတာ ဖြစ်ဖြစ် ထွက်ခွာခွင့် ပြုလိုနေတာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ ဗီလာရီးရဲလ် တောင်ပံ ကစားသမား ဒန်ဂျူမာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နည်းပြ တန်ဟက် ဆီ ရောက်လာဖို့တော့ အခွင့်အလမ်း နည်းနေပါတယ်။ ၎င်းရဲ့ စာချုပ် ဖျက်သိမ်းကြေးက ယူရို ၄၅ သန်း ရှိပါတယ်။

ပါရီဆစ် စပါးအသင်းထံ ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် ယူနိုက်တက်ဟာ Steven Bergwijn ဟာ ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိပါတယ်။ တန်ဟက်ဟာ ၎င်းကို အေဂျက်မှာတည်းက ခေါ်ယူလိုခဲ့တာ ဖြစ်ပါတယ်။