အင်တာကို ပြန်ချိတ်နေတဲ့ လူကာကူ၊ ယူနိုက်တက်နဲ့ လီဗာပူး ပစ်မှတ် ဒန်ဂျူမာနဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ဘာစီလိုနာ နည်းပြ ဇာဗီ က ဝုဗ် ကွင်းလယ်ကစားသမား ရူဘန် နီဗက်စ်ကို ခေါ်ယူဖို့ ဆွေးနွေး ပြောဆိုနေပြီ ဖြစ်ပါတယ်။ နည်းပြ ဇာဗီက အသက် ၂၅ နှစ် အရွယ် ကစားသမားကို ဘတ်စကွပ်နေရာ အစားထိုးလိုနေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ စပို့တင်းမှ ပေါ်တူဂီသား ခံစစ်မှုး နူနို မန်ဒက်စ် ကို အပြီး ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားပြီ ဖြစ်ပါတယ်။

ချယ်ဆီး တိုက်စစ်မှုး လူကာကူ ဟာ အင်တာမီလန်အသင်းထံ ပြန်သွားနိုင်မယ့် အခြေအနေအား ရှေ့နေတစ်ဦးမှ တဆင့် မေးမြန်းထားစေပြီ ဖြစ်ပါတယ်။ အင်တာကတာ့ လူကာကူ ကို ပြန်ခေါ်ဖို့ သိပ်ဦးစားပေးလိုခြင်း မရှိဘဲ ငွေကုန် ကြေးကျ များမှာ စိုးရိမ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေက ဆန်ချို အတွက် ပြောင်းရွှေ့ကြေးများစွာ သုံးပြီး ခေါ်ယူခဲ့သည့်တိုင် ဒီနွေမှာလည်း ဗီလာရီးရဲလ် တောင်ပံတိုက်စစ်သမား ဒန်ဂျူမာ ကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ ဒန်ဂျူမာကို လီဗာပူးကလည်း စောင့်ကြည့်နေတာပါ။

မန်ချက်စတာ စီးတီးဟာ ဒီနွေမှာ ဟာလန်းကို ခေါ်ယူထားပြီးပေမယ့် ဈေးကွက်ထဲမှာ ဖာနန်ဒင်ဟို နေရာ အစားထိုးနိုင်မယ့် ကွင်းလယ်သမား တစ်ယောက်နဲ့ ဘယ်စွန်ခံစစ်တစ်ယောက် ရှာဖွေနေပါတယ်။

ဂျူဗင်တပ်နဲ့ စာချုပ်ကုန်ဆုံးလို့ အလွတ်နဲ့ ထွက်ခွာလာမယ့် ဒိုင်ဘားလားဟာ အင်တာမီလန် အသင်းသို့ ပြောင်းရွှေ့ လာစေလိုကြောင်း အင်တာမီလန် စီအီးအို မာရော့တာက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဆီဗီလာအသင်းက စပါး ကွင်းလယ် ကစားသမား ဟယ်ရီ ဝင့် ကို ပေါင် သန်း ၂ဝ နဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။ နည်းပြ ကွန်တီက ဝင်ကို စပါးအသင်း အစီအစဉ်တွေထဲ မပါဝင်တော့ဘူးလို့ အသိပေးထားတာပါ။