ယူနိုက်တက်က ဖာနန်ဒက်စ်လို ကစားသမား သုံးလေးယောက် ထပ်ခေါ်ဖို့ လိုပါသေးတယ်

မန်ချက်စတာ ယူနိုက်တက်ဟာ နိုင်ပွဲတွေ ပြန်ရကာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာပြီ ဖြစ်ပေမယ့် နည်းပြ ဆိုးရှား အနေနဲ့ ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်လာဖို့ ဘရူနို ဖာနန်ဒက်စ်လို ကစားသမား ၃-၄ ယောက်လောက်ကို ထပ်ခေါ်ဖို့ ငွေသုံးဖို့ လိုသေးကြောင်း သရဲနီဟောင်း ဂယ်ရီနဗီးလ်က သတိပေး တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ဘရူနို ဖာနန်ဒက်စ်ကို စပို့တင်းကနေ ပေါင် သန်း ၅၀ နဲ့ ခေါ်ယူခဲ့တာက မှန်ကန်တဲ့ ရွှေ့ကွက် ဖြစ်ခဲ့ပြီး ပေါ်တူဂီသားဟာ အသင်းလိုက် ကစားပုံ တိုးတက်လာသည်ထိ သက်ရောက်မှုကြီးခဲ့ပါတယ်။ ဒါ့အပြင် ၎င်းရဲ့ အောင်ပွဲ ဆာလောင်စိတ်က အသင်းဖော်တွေကိုပါ အင်အားရှိစေခဲ့တာပါ။

ယူနိုက်တက်ဟာ နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၁၅ ပွဲ ရှုံးပွဲ မရှိသည်ထိ ပုံစံ ကောင်းနေပြီး နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၅ ပွဲ နိုင်ထားပါတယ်။

ဒါပေမယ့် နဗီးလ်ကတော့ ယူနိုက်တက် ထိပ်တန်း အနေအထား ပြန်ရောက်ဖို့ ကစားသမား ခေါ်ယူမှုတွေ ငွေသုံးစွဲမှုတွေ လုပ်ရဦးမယ်လို့ သတိပေးခဲ့ပါတယ်။

” လက်ရှိ ယူနိုက်တက် အသင်းက လွန်ခဲ့တဲ့ ၂ နှစ်က မြင်ခဲ့ရတဲ့ အသင်းထက် အများကြီး နှစ်သက်စရာ ဖြစ်လာပါပြီ။ ဒါပေမယ့် ကျနော် ကတော့ ဒီအခြေအနေကို သတိနဲ့ ချဉ်းကပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ လက်ရှိ အဆင့် ၅ မှာပဲ ရှိသေးတယ် သူတို့ လူစာရင်းမှာ လူငယ် ကစားသမားတွေ တိုးတက်နေတဲ့ သူတွေ ရှိနေပြီ။

ဒါပေမယ့် ဆုဖလားတွေကို သိမ်းပိုက်နေတဲ့ အရင် ယူနိုက်တက် ဖြစ်ဖို့ကတော့ အပြောင်းအရွှေ့မှာ ဆက်လက် လှုပ်ရှားဖို့ လိုသေးတယ်။ နောက်ထပ် လိုအပ်တာတွေ အများကြီး ရှိတယ်။ ဘရူနို ဖာနန်ဒက်စ်လို ကွာလတီမြင့် ကစားသမား သုံး လေး ယောက်လောက် ထပ်ခေါ်မှ ရည်မှန်းထားတဲ့ အဆင့်ကို ရောက်မှာပါ။ ” လို့ နဗီးလ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ နုိင္ပြဲေတြ ျပန္ရကာ လမ္းေၾကာင္းမွန္ေပၚ ေရာက္ရွိလာျပီ ျဖစ္ေပမယ့္ နည္းျပ ဆိုးရွား အေနနဲ႕ ဆုဖလားေတြ စိန္ေခၚနိုင္တဲ့ အသင္း ျဖစ္လာဖို႔ ဘရူနို ဖာနန္ဒက္စ္လို ကစားသမား ၃-၄ ေယာက္ေလာက္ကို ထပ္ေခၚဖို႔ ေငြသံုးဖို႔ လိုေသးေၾကာင္း သရဲနီေဟာင္း ဂယ္ရီနဗီးလ္က သတိေပး တိုက္တြန္းလိုက္ပါတယ္။

ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီက ဘရူနို ဖာနန္ဒက္စ္ကို စပို႔တင္းကေန ေပါင္ သန္း ၅၀ နဲ႕ ေခၚယူခဲ့တာက မွန္ကန္တဲ့ ေရႊ႕ကြက္ ျဖစ္ခဲ့ျပီး ေပၚတူဂီသားဟာ အသင္းလိုက္ ကစားပံု တိုးတက္လာသည္ထိ သက္ေရာက္မႈၾကီးခဲ့ပါတယ္။ ဒါ့အျပင္ ၄င္းရဲ႕ ေအာင္ပြဲ ဆာေလာင္စိတ္က အသင္းေဖာ္ေတြကိုပါ အင္အားရွိေစခဲ့တာပါ။

ယူနုိက္တက္ဟာ ေနာက္ဆံုး ကစားထားတဲ့ ျပိဳင္ပြဲစံု ၁၅ ပြဲ ရွံဳးပြဲ မရွိသည္ထိ ပံုစံ ေကာင္းေနျပီး ေနာက္ဆံုး ကစားထားတဲ့ ပရီးမီးယားလိဂ္ ၇ ပြဲမွာ ၅ ပဲြဲ နိုင္ထားပါတယ္။

ဒါေပမယ့္ နဗီးလ္ကေတာ့ ယူနိုက္တက္ ထိပ္တန္း အေနအထား ျပန္ေရာက္ဖို႔ ကစားသမား ေခၚယူမႈေတြ ေငြသံုးစြဲမႈေတြ လုပ္ရဦးမယ္လို႔ သတိေပးခဲ့ပါတယ္။

” လက္ရွိ ယူနုိက္တက္ အသင္းက လြန္ခဲ့တဲ့ ၂ နွစ္က ျမင္ခဲ့ရတဲ့ အသင္းထက္ အမ်ားၾကီး နွစ္သက္စရာ ျဖစ္လာပါျပီ။ ဒါေပမယ့္ က်ေနာ္ ကေတာ့ ဒီအေျခအေနကို သတိနဲ႕ ခ်ဥ္းကပ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္မွာ လက္ရွိ အဆင့္ ၅ မွာပဲ ရွိေသးတယ္ သူတို႔ လူစာရင္းမွာ လူငယ္ ကစားသမားေတြ တိုးတက္ေနတဲ့ သူေတြ ရွိေနျပီ။

ဒါေပမယ့္ ဆုဖလားေတြကို သိမ္းပိုက္ေနတဲ့ အရင္ ယူနိုက္တက္ ျဖစ္ဖို႔ကေတာ့ အေျပာင္းအေရႊ႕မွာ ဆက္လက္ လႈပ္ရွားဖို႔ လိုေသးတယ္။ ေနာက္ထပ္ လိုအပ္တာေတြ အမ်ားၾကီး ရွိတယ္။ ဘရူနို ဖာနန္ဒက္စ္လို ကြာလတီျမင့္ ကစားသမား သံုး ေလး ေယာက္ေလာက္ ထပ္ေခၚမွ ရည္မွန္းထားတဲ့ အဆင့္ကို ေရာက္မွာပါ။ ” လုိ႔ နဗီးလ္က ေျပာဆိုခဲ့ပါတယ္။