ယူနိုက်တက် ပစ်မှတ် ပေါင်သန်း ၈၀ တန် ကွင်းလယ်သမားကို မက်ခီလီလီကြောင့် ချယ်ဆီး ချဉ်းကပ်နေ

ချယ်ဆီးအသင်းဟာ ပေါင် သန်း ၈၀ တန် လာဇီယို ကွင်းလယ်ကစားသမား မီလင်ကိုဗစ် ဆာဗစ် ကို လာမယ့် နွေ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ချဉ်းကပ် ဆွေးနွေးနေကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ဆားဘီးယားသားကို ပရီးမီးယားလိဂ်မှ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးကလည်း ပစ်မှတ်ထားနေပါတယ်။

ဆာဗစ်ကို ခေါ်ယူဖို့ တိုက်တွန်းခဲ့တာက ချယ်ဆီး ကစားသမားဟောင်း မက်ခီလီလီ ဖြစ်ပြီး ကစားသမားအတွက် ဆွေးနွေးမှုမှာလည်း ၎င်းက ပါဝင်နေကြောင်း သိရပါတယ်။ ဆာဗစ်ကို ခေါ်ယူဖို့ အရေးမှာ ချယ်ဆီး အဓိက ရင်ဆိုင်ရမှာက ပီအက်စ်ဂျီ အသင်း ဖြစ်ပါတယ်။

လာဇီယို အသင်းဟာ အခုထိတော့ ပေါင် သန်း ၈၀ တန်ကြေးကို လုံး၀ လျှော့မပေးဘူး ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။ ဆာဗစ်ကို ပီအက်စ်ဂျီ ကတော့ ပေါင် ၅၄ သန်းနဲ့ ကမ်းလှမ်းထားပြီး ထပ်မံ တိုးမြှင့် ကမ်းလှမ်းလိုခြင်း မရှိသေးဘဲ စောင့်ကြည်နေပါတယ်။

ချယ်ဆီးဟာ ဒီနွေ အတွက် အေဂျက် ကွင်းလယ်တိုက်စစ်သမား ဇီယက်နဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာတို့ကို နှစ်ဦးပေါင်း ပေါင် ၈၇ သန်းနဲ့ ခေါ်ယူထားပြီး ဖြစ်ကာ ဘယ်စွန် တစ်နေရာ အတွက် ဘန်ချေးဝဲလ်နဲ့ ကွင်းလယ် အတွက် ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေတာလည်း ရှိပါတယ်။

ဆာဗစ်ဟာ လက်ရှိ အသက် ၂၅ နှစ် ရှိနေပြီ ဖြစ်ပြီး ဒီရာသီမှာ လာဇီယို အတွက် ၆ ဂိုးနဲ့ ၅ ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ထားပါတယ်။ ဆားဘီးယားသားဟာ လာဇီယို ဒီရာသီမှာ ဂျူဗင်တပ်ကို စိန်ခေါ်နိုင်အောင် အစွမ်းပြနိုင်တဲ့ အသင်းထဲ အဓိက ကစားသမား အဖြစ် ပါဝင်ထားသူ ဖြစ်ပါတယ်။

လာဇီယိုက လက်ရှိ စီးရီးအေမှာ အဆင့် ၂ နေရာမှာ ရှိနေပြီး ၉ ပွဲ ကျန်ချိန်မှာ အဆင့် ၁ က ဂျူဗင်တပ်နဲ့ လေးမှတ်အကွာမှာ ရှိနေပါသေးတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ေပါင္ သန္း ၈၀ တန္ လာဇီယို ကြင္းလယ္ကစားသမား မီလင္ကိုဗစ္ ဆာဗစ္ ကို လာမယ့္ ေႏြ အေျပာင္းအေရႊ႕မွာ ေခၚယူဖို႔ ခ်ဥ္းကပ္ ေဆြးေႏြးေနေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ ဆားဘီးယားသားကို ပရီးမီးယားလိဂ္မွ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ စပါးကလည္း ပစ္မွတ္ထားေနပါတယ္။

ဆာဗစ္ကို ေခၚယူဖို႔ တိုက္တြန္းခဲ့တာက ခ်ယ္ဆီး ကစားသမားေဟာင္း မက္ခီလီလီ ျဖစ္ျပီး ကစားသမားအတြက္ ေဆြးေႏြးမႈမွာလည္း ၄င္းက ပါ၀င္ေနေၾကာင္း သိရပါတယ္။ ဆာဗစ္ကို ေခၚယူဖို႕ အေရးမွာ ခ်ယ္ဆီး အဓိက ရင္ဆုိင္ရမွာက ပီအက္စ္ဂ်ီ အသင္း ျဖစ္ပါတယ္။

လာဇီယို အသင္းဟာ အခုထိေတာ့ ေပါင္ သန္း ၈၀ တန္ေၾကးကို လံုး၀ ေလွ်ာ့မေပးဘူး ျငင္းဆန္ေနဆဲ ျဖစ္ပါတယ္။ ဆာဗစ္ကို ပီအက္စ္ဂ်ီ ကေတာ့ ေပါင္ ၅၄ သန္းနဲ႕ ကမ္းလွမ္းထားျပီး ထပ္မံ တိုးျမွင့္ ကမ္းလွမ္းလိုျခင္း မရွိေသးဘဲ ေစာင့္ၾကည္ေနပါတယ္။

ခ်ယ္ဆီးဟာ ဒီေႏြ အတြက္ ေအဂ်က္ ကြင္းလယ္တိုက္စစ္သမား ဇီယက္နဲ႕ လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာတို႔ကို နွစ္ဦးေပါင္း ေပါင္ ၈၇ သန္းနဲ႕ ေခၚယူထားျပီး ျဖစ္ကာ ဘယ္စြန္ တစ္ေနရာ အတြက္ ဘန္ေခ်း၀ဲလ္နဲ႕ ကြင္းလယ္ အတြက္ ဒီကလန္ ရိုက္စ္ကို ေခၚယူဖို႔ ၾကိဳးစားေနတာလည္း ရွိပါတယ္။

ဆာဗစ္ဟာ လက္ရွိ အသက္ ၂၅ နွစ္ ရွိေနျပီ ျဖစ္ျပီး ဒီရာသီမွာ လာဇီယို အတြက္ ၆ ဂိုးနဲ႕ ၅ ၾကိမ္ ဂိုးေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ ဆားဘီးယားသားဟာ လာဇီယို ဒီရာသီမွာ ဂ်ဴဗင္တပ္ကို စိန္ေခၚနိုင္ေအာင္ အစြမ္းျပနိုင္တဲ့ အသင္းထဲ အဓိက ကစားသမား အျဖစ္ ပါ၀င္ထားသူ ျဖစ္ပါတယ္။

လာဇီယိုက လက္ရွိ စီးရီးေအမွာ အဆင့္ ၂ ေနရာမွာ ရွိေနျပီး ၉ ပြဲ က်န္ခ်ိန္မွာ အဆင့္ ၁ က ဂ်ဴဗင္တပ္နဲ႕ ေလးမွတ္အကြာမွာ ရွိေနပါေသးတယ္။