မာနေးရဲ့ ဆင်ခြေကို လှောင်လိုက်သူ၊ မိုရာတာ၊ နူနက်ဇ်၊ ရာဖင်ဟာတို့နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ရီးရဲလ်မက်ဒရစ်ဟာ ဟာလန်း၊ အမ်ဘတ်ပီတို့ကို ခေါ်ဖို့ လွဲချော်ခဲ့တဲ့ နောက် မန်စီးတီး တိုက်စစ်မှုး ဂျေးဆု ကို စိတ်ဝင်စားလာကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ရီးရဲလ်ရဲ့ ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ကတော့ ဘရာဇီးသားကို ခေါ်ယူခွင့် ရှိခဲ့ပေမယ့် လက်လွှတ်ခဲ့ပါတယ်။

တိုက်စစ်မှုး မိုရာတာ က ဒီနွေမှာ ပစ်မှတ်ထားခြင်း အတော်ခံလာရတဲ့ ကစားသမား ဖြစ်နေပြီး နယူးကာဆယ် ကလည်း အလိုရှိတဲ့ ကလပ်တွေထဲ ပါဝင်လာပါတယ်။ ၎င်းကို ချယ်ဆီးကလည်း စိတ်ဝင်စားတာပါ။

လီဗာပူးအသင်းဟာ ဘင်ဖီကာ တိုက်စစ်သမား ဒါဝင် နူနက်ဇ်ကို စိတ်ဝင်စားမှု ရှိနေဆဲ ဖြစ်ပါတယ်။ မာနေးနဲ့ ဆာလာက အသင်းမှာ ဘယ်လောက် ဆက်ရှိနေနိုင်မလဲ စဉ်းစားစရာ ဖြစ်လာတဲ့နောက် လီဗာပူးဟာ အစားထိုး နိုင်မယ့် တိုက်စစ်သမား ရှာဖွေနေတာပါ။

ဘာစီလိုနာ အသင်းဟာ လိဒ်စ် ယူနိုက်တက်ရဲ့ ဘရာဇီးသား တောင်ပံသမား ရာဖင်ဟာ ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ရန် စီစဉ်ထားပါတယ်။ တောင်အမေရိကကြယ်ပွင့်ကို လာလီဂါ ထိပ်သီးကလပ်က ခေါ်ယူချင်ပေမယ့် ငွေကြေးပိုင်း လိုအပ်ချက်တွေက ရှိနေပါတယ်။

ဒီလစ်ဟာ စာချုပ်သစ် အတွက် တောင်းဆိုမှုတွေ ရှိနေပြီး ဂျူဗင်တပ်မှာ သူ့အနာဂတ်က မေးခွန်းထုတ်စရာတွေ ရှိလာနေကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ နယ်သာလန်သားရဲ့ စာချုပ် ဖျက်သိမ်းကြေးက စာချုပ်သစ်မှာ ကြေးလျော့သွားမှာ ဖြစ်ပြီး ၎င်းကို ချယ်ဆီးကလည်း စောင့်ကြည့်နေပါတယ်။

ဆီနီဂေါသား အများစုရဲ့ ဆန္ဒအတိုင်း လီဗာပူးက ထွက်ခွာပြီး အသင်းသစ်ရှာဖွေချင်နေတယ် လို့ မာနေး ပြောခဲ့တဲ့စကား အပေါ် လီဗာပူး ခံစစ်မှုးဟောင်း ဂျို့စ် အင်းနရစ်က ဝေဖန်သွားခဲ့ပါတယ်။

မာနေးရဲ့ စကားက အသင်းပြောင်းချင်လို့ ကစားသမားတွေ ပြောကြတဲ့ ဆင်ခြေတွေထဲ အဆိုးဆုံး ပဲ လို့ ၎င်းက ဆိုခဲ့တာပါ။ မာနေးကတော့ ဟာသလုပ်ပြောခဲ့တာ လို့ ထပ်မံ လျောချသွားခဲ့ပါတယ်။