ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (01/07/20)

ယူနိုက်တက် ပစ်မှတ်ထားခဲ့တဲ့ လာဇီယို ကွင်းလယ်ကစားသမား ဆာဗစ်ကို ချယ်ဆီးအသင်းကလည်း စိတ်ဝင်စားနေပြီး ဆွေးနွေးမှုတွေ စတင်ထားကြောင်း သိရပါတယ်။

ဂရင်းဝုဒ်ဟာ ဘရိုက်တန်နဲ့ ပွဲ ဂိုးသွင်းပြီး အောင်ပွဲခံရာမှာတော့ ထူးထူးခြားခြား လက်နှစ်ချောင်း အောက်ဆိုဒ်က နောက်လက်တစ်ဖက်က ကန့်လန့်ဖြတ်ပြန်တင်ထားတဲ့ A’ ပုံစံ သင်္ကေတနဲ့ အောင်ပွဲခံခဲ့ပါတယ်။

အဲဒါက ဒီရက်မှာပဲ အိုးထရက်ဖို့ဒ်ကနေ စာချုပ်ကုန်လို့ ထွက်သွားတဲ့ အကယ်ဒမီ အသင်းဖော် အိန်ဂျယ် ဂိုမက်စ် အတွက် ဂရင်းဝုဒ်က ရည်ရွယ် အောင်ပွဲခံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာပြီ ဖြစ်ပေမယ့် နည်းပြ ဆိုးရှား အနေနဲ့ ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်လာဖို့ ဘရူနို ဖာနန်ဒက်စ်လို ကစားသမား ၃-၄ ယောက်လောက်ကို ထပ်ခေါ်ဖို့ ငွေသုံးဖို့ လိုသေးကြောင်း သရဲနီဟောင်း ဂယ်ရီနဗီးလ်က သတိပေး တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ရီနီမူလန်စတီးက မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လီဝန်ဒေါစကီးလို တိုက်စစ်မှူးမျိုး လိုအပ်နေတာဖြစ်တယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။

ညက ဘရိုက်တန်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ယူနိုက်တက် အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ လူငယ် တိုက်စစ်သမား မေဆန်ဂရင်းဝုဒ် အပေါ် ချီးကျူးမှုတွေ အများအပြား ရှိနေပြီး ယူနိုက်တက် ကစားသမားဟောင်းကြီး နဗီးလ်ကတော့ ဂရင်းဝုဒ်ရဲ့ အဆုံးသတ်နဲ့ ကစားဟန်က ဗန်ပါစီ ကို အမှတ်ရစေမိကြောင်း နှိုင်းယှဉ်ချီးကျူးသွားပါတယ်။

စီးရီးအေမှာ အငှားချထားတဲ့ ဆန်းချက်နဲ့ စမောလင်းကို ယူနိုက်တက်က ရာသီကုန်ထိ လက်ကျန်ပွဲတွေ ကစားခွင့်ပြုထားသော်လည်း ဥရောပ ယူရိုပါလိဂ်ပွဲများ ပါဝင်ကစားခွင့် ပိတ်ထားတာကြောင့် ဝေဖန်မှုတွေ ရှိနေပါတယ်။

Zawgyi – ယူနိုက္တက္ ပစ္မွတ္ထားခဲ့တဲ့ လာဇီယို ကြင္းလယ္ကစားသမား ဆာဗစ္ကို ခ်ယ္ဆီးအသင္းကလည္း စိတ္၀င္စားေနျပီး ေဆြးေႏြးမႈေတြ စတင္ထားေၾကာင္း သိရပါတယ္။

ဂရင္း၀ုဒ္ဟာ ဘရိုက္တန္နဲ႕ ပြဲ ဂိုးသြင္းျပီး ေအာင္ပြဲခံရာမွာေတာ့ ထူးထူးျခားျခား လက္နွစ္ေခ်ာင္း ေအာက္ဆိုဒ္က ေနာက္လက္တစ္ဖက္က ကန္႔လန္႔ျဖတ္ျပန္တင္ထားတဲ့ A’ ပံုစံ သေကၤတနဲ႕ ေအာင္ပြဲခံခဲ့ပါတယ္။

အဲဒါက ဒီရက္မွာပဲ အိုးထရက္ဖို႔ဒ္ကေန စာခ်ဳပ္ကုန္လို႔ ထြက္သြားတဲ့ အကယ္ဒမီ အသင္းေဖာ္ အိန္ဂ်ယ္ ဂိုမက္္စ္ အတြက္ ဂရင္း၀ုဒ္က ရည္ရြယ္ ေအာင္ပြဲခံခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

ယူနိုက္တက္ဟာ လမ္းေၾကာင္းမွန္ေပၚ ေရာက္ရွိလာျပီ ျဖစ္ေပမယ့္ နည္းျပ ဆိုးရွား အေနနဲ႕ ဆုဖလားေတြ စိန္ေခၚနိုင္တဲ့ အသင္း ျဖစ္လာဖို႔ ဘရူနို ဖာနန္ဒက္စ္လို ကစားသမား ၃-၄ ေယာက္ေလာက္ကို ထပ္ေခၚဖို႔ ေငြသံုးဖို႔ လိုေသးေၾကာင္း သရဲနီေဟာင္း ဂယ္ရီနဗီးလ္က သတိေပး တိုက္တြန္းလိုက္ပါတယ္။

ယူနုိက္တက္ရဲ႕ ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ လက္ေထာက္နည္းျပအျဖစ္ ေဆာင္႐ြက္ခဲ့ဖူးသူ ရီနီမူလန္စတီးက မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ လီဝန္ေဒါစကီးလို တိုက္စစ္မႉးမ်ိဳး လိုအပ္ေနတာျဖစ္တယ္လို႔ ေထာက္ျပေျပာဆိုလာခဲ့ပါတယ္။

ညက ဘရိုက္တန္ကို ၃-၀ နဲ႕ နိုင္ခဲ့တဲ့ပြဲမွာ ယူနုိက္တက္ အတြက္ အဖြင့္ဂိုး သြင္းယူေပးခဲ့တဲ့ လူငယ္ တိုက္စစ္သမား ေမဆန္ဂရင္း၀ုဒ္ အေပၚ ခ်ီးက်ဴးမႈေတြ အမ်ားအျပား ရွိေနျပီး ယူနုိက္တက္ ကစားသမားေဟာင္းၾကီး နဗီးလ္ကေတာ့ ဂရင္း၀ုဒ္ရဲ႕ အဆံုးသတ္နဲ႕ ကစားဟန္က ဗန္ပါစီ ကို အမွတ္ရေစမိေၾကာင္း ႏိႈင္းယွဥ္ခ်ီးက်ဴးသြားပါတယ္။

စီးရီးေအမွာ အငွားခ်ထားတဲ့ ဆန္းခ်က္နဲ႕ စေမာလင္းကို ယူနိုက္တက္က ရာသီကုန္ထိ လက္က်န္ပြဲေတြ ကစားခြင့္ျပဳထားေသာ္လည္း ဥေရာပ ယူရိုပါလိဂ္ပြဲမ်ား ပါ၀င္ကစားခြင့္ ပိတ္ထားတာေၾကာင့္ ေ၀ဖန္မႈေတြ ရွိေနပါတယ္။