ကမ်းလှမ်းမှုတွေ ရထားတဲ့ ဒီဂျောင်နဲ့ နူနက်ဇ်၊ လူကာကူ အတွက် အလဲအထပ်နဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂျောင် အတွက် ယူရို သန်း ၈ဝ ထိ ရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း စပိန် မာကာ သတင်းက ဆိုပါတယ်။ ယူနိုက်တက်ဟာ ယူရို သန်း ၆ဝ ပြောင်းရွှေ့ကြေး နဲ့ အတူ ထပ်ဆောင်း ဘောနပ်စ် ယူရို သန်း ၂ဝ ထည့်သွင်းထားတယ် လို့ သိရပါတယ်။

ရစ်ချာလီဆန်က ဒီနွေမှာ အသင်းကနေ ထွက်ခွာလိုကြောင်း အဲဗာတန်အသင်းထံ အကြောင်းကြားထားတယ် လို့ သိရပါတယ်။ ဘရာဇီးသား တိုက်စစ်သမား က ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်နဲ့ ချယ်ဆီး တို့ထံ သွားဖို့ စိတ်ဝင်စားပေမယ့် အာဆယ်နယ်ကိုတော့ မရွေးလိုပါဘူး။

ချယ်ဆီးအသင်းက အင်တာမီလန် အနေနဲ့ လူကာကူ ကို ပြန်ခေါ်ချင်တယ် ဆိုရင် ပြောင်းရွှေ့ကြေး တစိတ်တဒေသ အဖြစ် မာတီနက်ဇ် ဒါမှမဟုတ် ဘတ်စတိုနီ ကို ထည့်သွင်းစေဖို့ စည်းရုံးတော့မှာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းက ဒီနွေမှာ ဘန်ရာမာနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီး ၎င်း အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားတော့မှာပါ။ အဲဒီနောက် လင်ဂတ်ကို ပြန်ခေါ်ဖို့ လှုပ်ရှားမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ အင်္ဂလန်သား တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ကို တော့တင်ဟမ် စပါးအသင်းက စိတ်ဝင်စားနေပေမယ့် ကစားသမားကတော့ အသင်း မပြောင်းဘဲ နည်းပြ တန်ဟက် အသင်းမှာ နေရာရအောင် ကြိုးစားလိုနေပါတယ်။

လီဗာပူးအသင်းဟာ ဘင်ဖီကာ တိုက်စစ်မှုး ဒါဝင် နူနက်ဇ် အတွက် ပေါင် ၆၈ သန်း ပြောင်းရွှေ့ကြေး၊ ထပ်ဆောင်း ဆုကြေး ပေါင် ၁၇ သန်း ပါဝင်တဲ့ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ထားပြီ ဖြစ်ပါတယ်။