မန်ချက်စတာ ယူနိုက်တက် ဟာ အေဂျက် တိုက်စစ်သမား အန်တိုနီ ကို ခေါ်ယူလိုရင် ပေါင် ၅၁ သန်း သုံးမှ ရမယ်လို့ အေဂျက်ဘက်က အကြောင်းကြားထားတယ် လို့ သိရပါတယ်။ ကစားသမား အေးဂျင့်တွေကတော့ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ လှုပ်ရှားနေကြပါတယ်။
အာဆင်နယ်အသင်းဟာ ဂျူဗင်တပ် ကွင်းလယ်သမား အာသာ မယ်လို ကို စိတ်ဝင်စားမှု ပြန် အသက်ဝင်လာခဲ့ပြီ လို့ အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။ ဘရာဇီးသားကို ဂျူဗင်တပ်က ဒီနွေမှာ ရောင်းချလိုနေပြီး ပြောင်းရွှေ့ကြေး ယူရို ၄၆ သန်းထိ ရရှိလိုနေပါတယ်။
ဂျူဗင်တပ်ကတော့ အာသာ ကို အာဆင်နယ်ကသာ အလိုရှိတယ် ဆိုရင် ဂါဘရီရယ် မက်ဂယ်ဟေးစ် ဒါမှမဟုတ် မာတင်နယ်လီ ကို အလဲအထပ် ထည့်သွင်းကမ်းလှမ်းစေဖို့ စဉ်းစားဖွယ် ရှိပါတယ်။

ချယ်ဆီးအသင်းဟာ ရူဒီဂါ နေရာ အစားထိုး ခေါ်ယူမှု အဖြစ် ပီအက်စ်ဂျီ ခံစစ်မှုး ကင်ပန်ဘီကို စိတ်ဝင်စားနေကြောင်း ဂျာမနီ သတင်းတွေက ဖော်ပြလာပါတယ်။ ကင်ပန်ဘီ ဟာ ချယ်ဆီးကို ပြောင်းမယ် ဆိုရင် ပီအက်စ်ဂျီ အသင်းဖော်ဟောင်း သီယာဂို ဆေးလ်ဗား နဲ့ ပြန် ပူးပေါင်းနိုင်မှာပါ။
ဒီနွေမှာ အင်တာပြန်ချင်တယ် သတင်းကြီးနေတဲ့ တိုက်စစ်မှုး လူကာကူဟာ ချယ်ဆီးမှာပဲ ဆက်နေပြီး အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ဂိုးသမားဟောင်းကြီး ပီတာချက်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းမှာ ဒီနွေမှာ တိုက်စစ်မှုးသစ် ခေါ်ယူမှု ပြုလုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ မက်ဒရစ်ဟာ အမ်ဘတ်ပီကို ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင်ခဲ့ပေမယ့် လက်ရှိ တိုက်စစ်က ဘန်ဇီမာ၊ အဆန်စီရို၊ ဗီနီစီးရပ်စ်၊ ရိုဒရီဂို တို့ ရှိနေပါတယ်။
ချယ်ဆီးနဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ အင်တာမီလန် တိုက်စစ်မှုး လော်တယ်ရို မာတီနက်ဇ် ကို ခေါ်ယူဖို့ အပြိုင် ကြိုးစားနေကြပါတယ်။ အသက် ၂၄ နှစ် အရွယ် ကစားသမားကို အက်သလက်တီကို မက်ဒရစ်နဲ့ ပီအက်စ်ဂျီ ကပါ စောင့်ကြည့် နေပါတယ်။
