အိုဆင်ဟန်အတွက် ဂန်းနားတို့ ကမ်းလှမ်းမှု၊ ကွန်ဒဲလ် အတွက် တန်ကြေးနဲ့ ယနေ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီးအသင်းဟာ ဘီလီဂေးလ်မားကို ၂၀၂၄ ထိ အသင်းမှာ ဆက်ရှိစေမယ့် စာချုပ်သစ် တစ်ရပ် သက်တမ်းတိုး ချုပ်ဆိုလိုက်ပါတယ်။

အဲဗာတန် အစွန်ခံစစ်သမား ဂျွန်ဂျို ကန်နီက ဟယ်သာဘယ်လင်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း ဂျာမန် သတင်းတွေက ဖော်ပြထားပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ အဲဗာတန်နဲ့ သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့ပြီး ဒီဇွန်မှာ စာချုပ်ကုန်ဆုံးမှာပါ။

အာဆင်နယ်က နာပိုလီ တိုက်စစ်မှုး ဗစ်တာ အိုဆင်ဟန် အတွက် အဖွင့် ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင်း အီတလီ သတင်းတွေက ဆိုပါတယ်။ ဂန်းနားတွေက ပေါင် ၅၁.၂ သန်းနဲ့ ကမ်းလှမ်းတာ ဖြစ်ပေမယ့် နာပိုလီက ထိုထက် နှစ်ဆနီးပါး တန်ကြေး သတ်မှတ်ထားတာပါ။

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ဟာ အူဒီးနိစ်အသင်းမှ ၁၆ နှစ် အရွယ် ထူးချွန် တိုက်စစ်သမားလေး Simone Pafundi ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ရှိနေပါတယ်။ ၎င်းကို ဘာစီလိုနာ၊ ရီးရဲလ်၊ လက်စတာနဲ့ အဲဗာတန် တို့ကလည်း ချိတ်ဆက်နေတာပါ။

ချယ်ဆီး ပစ်မှတ်ထားနေတဲ့ ခံစစ်မှုး ဂျူးလပ်စ် ကွန်ဒဲလ် အတွက် ဆီဗီလာက ဈေးသတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ စပိန်ကလပ်ဟာ အသက် ၂၃ နှစ် အရွယ် ကစားသမားအတွက် ယူရို ၆၅ သန်း ( ပေါင် ၅၆ သန်း) တန် ကမ်းလှမ်းမှုကိုမှ လက်ခံသွားမှာ ဖြစ်ပါတယ်။

လီဝန်ဒေါစကီးဟာ ပရီးမီးယားလိဂ် ကလပ်အသင်းကြီး တချို့ စိတ်ဝင်စားမှု ရရှိနေပေမယ့် ဘာစီလိုနာ အသင်းရဲ့ ကမ်းလှမ်းမှု ရဖို့ စောင့်ဆိုင်းနေပါတယ်။ ပိုလန်သားဟာ ဒီနွေမှာ ဘိုင်ယန်ကနေ ဘာစီလိုနာသွားဖို့ စိတ်ဆုံးဖြတ်ထားခဲ့တာပါ။

ချယ်ဆီးအသင်းဟာ အမေရိကန် လက်ရွေးစင် ဂိုးသမား ဂါဘရီရယ် စလွန်နီနာ ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဂိုးသမားလေးဟာ မေဂျာလိဂ်ကလပ် ချီကာဂို ဖိုင်းယားမှာ ရှိနေပြီး ချယ်ဆီးက အနာဂတ်မှာ နေရာပေးဖို့ ချိန်ရွယ်နေပါတယ်။

ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်သမား အဲရစ်ဆန်ဟာ ဒီနွေမှာ ဘရန့်ဖို့ဒ်နဲ့ စာချုပ်ကို အပြီးသတ်လိုက်ဖို့ ဆုံးဖြတ်ထားကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ ၎င်းက အသင်းဟောင်း စပါးထံ တကျော့ပြန် သွားလိုဟန် ရှိနေပါတယ်။

မာဆေးလ်အသင်းဟာ အာဆင်နယ် အစွန်ခံစစ်သမား နူနို တာဗာရက်စ် ကို ခေါ်ယူဖို့ စုံစမ်း မေးမြန်းထားကြေငာ်း သိရပါတယ်။ ပြင်သစ်ကလပ်ဟာ လာမယ့်ရာသီ တာဗာရက်စ်ကို အငှား ခေါ်ယူလိုနေတာပါ။