အင်တာ ပြန်မလိုချင်တော့တဲ့ လူကာကူ၊ ဒဏ်ရာရသွားတဲ့ ကွန်ဒဲလ်နဲ့ ချယ်ဆီး အပြောင်းအရွှေ့ သတင်းများ

အင်တာမီလန်အသင်းဟာ တိုက်စစ်မှုး လူကာကူ ကို ချယ်ဆီးကနေ ပြန်လည် ခေါ်ယူဖို့ လုံလောက်တဲ့ ဘဏ္ဍာရေး မရှိတာကြောင့် စိတ်ဝင်စားမှု အေးစက်သွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ လူကာကူက အီတလီ ပြန်ဖို့ ချယ်ဆီးအား တွန်းအားပေးနေပေမယ့် အင်တာဘက်က စိတ်မဝင်စားတော့တာပါ။

ချယ်ဆီးအသင်းရဲ့ ခံစစ် ပစ်မှတ် တစ်ဦး ဖြစ်တဲ့ ဂျူးလပ်စ် ကွန်ဒဲလ်ဟာ ကာလရှည် နားရဖွယ် ရှိတဲ့ ဒဏ်ရာကြောင့် ပြင်သစ်အသင်းနဲ့ ပွဲမထွက်နိုင်ခဲ့ကြောင်း နည်းပြ ဒပ်ချမ့်က ဖော်ထုတ်လိုက်ပါတယ်။ ကွန်ဒဲလ်ဟာ ခွဲစိတ်ရမယ့် ဒဏ်ရာ ရှိနေပြီး ပြင်သစ်အသင်းနဲ့ ပွဲတွေ ကစားပြီးအောင် စောင့်ဆိုင်းနေခဲ့တာပါ။

ဆီဗီလာ အသင်းကတော့ သူတို့ ကစားသမား ဂျူးလပ်စ် ကွန်ဒဲလ် အတွက် ဒီနွေမှာ ယူရို ၆၅ သန်း ( ပေါင် ၅၆ သန်း) လို့ တန်ကြေး သတ်မှတ်ထားပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ဘီလီဂေးလ်မားကို ၂၀၂၄ ထိ အသင်းမှာ ဆက်ရှိစေမယ့် စာချုပ်သစ် တစ်ရပ် သက်တမ်းတိုး ချုပ်ဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ အမေရိကန် လက်ရွေးစင် ဂိုးသမား ဂါဘရီရယ် စလွန်နီနာ ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဂိုးသမားလေးဟာ မေဂျာလိဂ်ကလပ် ချီကာဂို ဖိုင်းယားမှာ အစွမ်းပြနေပါတယ်။

ပရီးမီးယားလိဂ်မှ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှုး လီဝန်ဒေါစကီး ဟာ သူ ဆုံးဖြတ်ထားတဲ့ အတိုင်း ဘာစီလိုနာ အသင်းကိုပဲ ရွေးချယ်မှာ ဖြစ်ပြီး ၃ နှစ် စာချုပ် သဘောတူညီမှု ရပြီလို့ သတင်းထွက်ပေါ်နေပါတယ်။