ယူနိုက်တက်မှာ ဘရူနို အောင်မြင်နေရခြင်းရဲ့ လျှို့ဝှက်ချက်ကို စကိုင်းစပေါ့ ဖော်ထုတ်

UNICODE – ဘရူနို ဖာနန်ဒက်စ်က နောက်ဆုံး ယှဉ်ပြိုင်တဲ့ ဘရိုက်တန်နဲ့ပွဲမှာလည်း သွင်းဂိုး ၂ ဂိုး ရယူသွားပြီး သူ့ရဲ့ အကောင်းဆုံး ပုံစံကို ဆက်လက် ပြသသွားပါတယ်။

ပေါ်တူဂီစတားဟာ အမြဲတမ်း တောက်လောင် ပေါက်ကွဲနေပြီး သူ့ရဲ့ ကွင်းလယ်မှာ လွှမ်းမိုးကစားနိုင်စွမ်းတွေက ယူနိုက်တက်ကို ထိပ်တန်း စွမ်းဆောင်ရည်တွေ ရလာစေခဲ့တာပါ။ အခုဆိုရင် ယူနိုက်တက်ဟာ အဆင့် ၃ နေရာက လက်စတာနဲ့တောင် ရမှတ် ၃ မှတ်ပဲ ကွာတဲ့အထိ ကွာခြားချက်တွေ ကျဉ်းမြောင်အောင် လုပ်ဆောင်လာနိုင်ခဲ့ပါပြီ။

စကိုင်းစပေါ့ကတော့ သူတို့ရဲ့ တရားဝင်တွစ်တာ အကောင့်ကနေပဲ ဘရူနို ယူနိုက်တက်မှာ ဘာလို့ အောင်မြင်နေသလဲ ဆိုတာအတွက် စုံစမ်းထောက်လှမ်းမှု လုပ်သွားပါတယ်။

စကိုင်းစပေါ့ ကတော့ ” ပရီးမီးယားလိဂ်မှာ ဘရူနို ဖာနန်ဒက်စ် အောင်မြင်ရခြင်း လျှို့ဝှက်ချက်က.. ” ဆိုတဲ့ စာသားနဲ့အတူ နွားနို့ပုလင်းကို လက်လှမ်းနေတဲ့ ဘရူနိုရဲ့ ပုံကို ဖော်ပြပြီး စနောက်သွားတာဖြစ်တယ်။ သူတို့က ဘရူနိုက နွားနို့သောက်လို့ အားရှိနေတာပါလို့ အပျော်သဘော ဖော်ပြခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား ပွဲကျခဲ့ပါတယ်။

မန်နေဂျာဆိုးရှားကတော့ ဘရူနို အောင်မြင်နေတာက စိတ်ဓါတ်ပိုင်းကြောင့် ဖြစ်ကြောင်းကို ဘရိုက်တန်ပွဲအပြီးမှာ ပြောဆိုသွားခဲ့တယ်။

ဆိုးရှားက ” ကျနော်မှာ ပွဲအဖြေ ပြောင်းနိုင်တဲ့ ကစားသမား တစ်ဦးထက်မနည်း ရှိပါတယ်။ ဘရူနိုကတော့ ထူးထူးချွန်ချွန်ပေါ့။ ကျနော်က သူ့ကို ခေါ်ယူခဲ့တာ ဒီလို နိုင်ပွဲရလိုတဲ့ စိတ်ဓါတ်ပိုင်းကြောင့်ပါ။ ၉၉% ဆိုတာက မလုံလောက်ပါဘူး။ ရာနှုန်းပြည့်ကို ဖြစ်နေရပါမယ် ” လို့ ထုတ်ပြောသွားတာ ဖြစ်ပါတယ်။

ZAWGYI – ဘရူႏို ဖာနန္ဒက္စ္က ေနာက္ဆုံး ယွဥ္ျပိဳင္တဲ့ ဘရိုက္တန္နဲ႔ပြဲမွာလည္း သြင္းဂိုး ၂ ဂိုး ရယူသြားျပီး သူ႔ရဲ႕ အေကာင္းဆံုး ပံုစံကို ဆက္လက္ ျပသသြားပါတယ္။

ေပၚတူဂီစတားဟာ အျမဲတမ္း ေတာက္ေလာင္ ေပါက္ကြဲေနျပီး သူ႔ရဲ႕ ကြင္းလယ္မွာ လႊမ္းမိုးကစားႏုိင္စြမ္းေတြက ယူႏုိက္တက္ကို ထိပ္တန္း စြမ္းေဆာင္ရည္ေတြ ရလာေစခဲ့တာပါ။ အခုဆိုရင္ ယူႏုိက္တက္ဟာ အဆင့္ ၃ ေနရာက လက္စတာနဲ႔ေတာင္ ရမွတ္ ၃ မွတ္ပဲ ကြာတဲ့အထိ ကြာျခားခ်က္ေတြ က်ဥ္းေျမာင္ေအာင္ လုပ္ေဆာင္လာႏုိင္ခဲ့ပါျပီ။

စကိုင္းစေပါ့ကေတာ့ သူတို႔ရဲ႕ တရားဝင္တြစ္တာ အေကာင့္ကေနပဲ ဘရူႏို ယူႏုိက္တက္မွာ ဘာလို႔ ေအာင္ျမင္ေနသလဲ ဆိုတာအတြက္ စံုစမ္းေထာက္လွမ္းမႈ လုပ္သြားပါတယ္။

စကိုင္းစေပါ့ ကေတာ့ ” ပရီးမီးယားလိဂ္မွာ ဘရူႏို ဖာနန္ဒက္စ္ ေအာင္ျမင္ရျခင္း လွ်ိဳ႕ဝွက္ခ်က္က.. ” ဆိုတဲ့ စာသားနဲ႔အတူ ႏြားႏို႔ပုလင္းကို လက္လွမ္းေနတဲ့ ဘရူႏိုရဲ႕ ပံုကို ေဖာ္ျပျပီး စေနာက္သြားတာျဖစ္တယ္။ သူတို႔က ဘရူႏိုက ႏြားႏို႔ေသာက္လို႔ အားရွိေနတာပါလို႔ အေပ်ာ္သေဘာ ေဖာ္ျပခဲ့တာျဖစ္ျပီး ပရိသတ္ေတြၾကား ပြဲက်ခဲ့ပါတယ္။

မန္ေနဂ်ာဆိုးရွားကေတာ့ ဘရူႏို ေအာင္ျမင္ေနတာက စိတ္ဓါတ္ပိုင္းေၾကာင့္ ျဖစ္ေၾကာင္းကို ဘရိုက္တန္ပြဲအျပီးမွာ ေျပာဆိုသြားခဲ့တယ္။

ဆိုးရွားက ” က်ေနာ္မွာ ပြဲအေျဖ ေျပာင္းႏုိင္တဲ့ ကစားသမား တစ္ဦးထက္မနည္း ရွိပါတယ္။ ဘရူႏိုကေတာ့ ထူးထူးခၽြန္ခၽြန္ေပါ့။ က်ေနာ္က သူ႔ကို ေခၚယူခဲ့တာ ဒီလို ႏုိင္ပြဲရလိုတဲ့ စိတ္ဓါတ္ပိုင္းေၾကာင့္ပါ။ ၉၉% ဆိုတာက မလံုေလာက္ပါဘူး။ ရာႏႈန္းျပည့္ကို ျဖစ္ေနရပါမယ္ ” လို႔ ထုတ္ေျပာသြားတာ ျဖစ္ပါတယ္။