ချယ်ဆီးအသင်းဟာ ဂျူဗင်တပ် ဗဟိုခံစစ်သမား ဒါမီရယ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂျော်ဂျင်ဟိုနဲ့ အလဲအထပ် ပြုလုပ်ဖွယ် ရှိပါတယ်။ တူရကီ ခံစစ်သမားဟာ အတ္တလန္တာ အသင်းမှာ ပြီးခဲ့တဲ့ရာသီက အငှား သွား ကစားခဲ့သေးပြီး အပြီး ဝယ်ယူမှု မဖြစ်မြောက်ခဲ့ပါဘူး။
ရီးရဲလ်မက်ဒရစ် အသင်းဟာ စာချုပ် ဖျက်သိမ်းကြေး ၁ ဘီလီယံ ထည့်သွင်းထားမယ့် သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ကို ဗင်နီစီးရပ်စ်နဲ့ ချုပ်ဆိုတော့မှာ ဖြစ်တယ် လို့ စပိန် မာကာသတင်းက ဆိုပါတယ်။
လီဗာပူးအသင်းဟာ လိဒ်စ် တောင်ပံတိုက်စစ်သမား ရာဖင်ဟာ အတွက် ပေါင် သန်း ၆ဝ နဲ့ ကမ်းလှမ်းထားတယ် လို့ ဒေးလီးမေးလ် သတင်းက ဖော်ပြထားပါတယ်။ ဘရာဇီးသားနဲ့ လိဒ်စ် ယူနိုက်တက် စာချုပ်က ၂နှစ် ကျန်ရှိနေသေးပြီး ရာဖင်ဟာကတော့ ဘာစီလိုနာသို့သာ ပြောင်းရွှေ့လိုနေပါတယ်။

တော့တင်ဟမ်အသင်းဟာ ခရစ္စတီယန် အဲရစ်ဆန် ကို မြောက်လန်ဒန်ကလပ်ထံ ပြန်ခေါ်ဖို့ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ထားပါတယ်။ ဒိန်းမတ်လက်ရွေးစင် ကစားသမားကို ယူနိုက်တက်၊ စပါး၊ ဘရန့်ဖို့ဒ်နဲ့ အဲဗာတန် တို့က ခေါ်ယူလိုနေတာပါ။
ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ပေါင် ၃၅ သန်း တန် ပေါ်တို ကွင်းလယ်သမား ဗီတင်ဟာ ကို အာဆင်နယ်ကလည်း စိတ်ဝင်စားနေပါတယ်။
လီဗာပူး တိုက်စစ်မှုး ဆာဒီယို မာနေးဟာ ဘိုင်ယန်မြူးနစ်နဲ့ ညှိနှိုင်းမှုတွေ ပြီးစီးကာ နှုတ်အားဖြင့် သဘောတူညီမှု ပေးခဲ့ပြီ ဖြစ်ပါတယ်။ ဘိုင်ယန်ဘက်က တတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်လာတော့မှာ ဖြစ်ပြီး လီဗာပူးရဲ့ အဆုံးအဖြတ် အပေါ် မူတည်တော့မှာပါ။
မန်စီးတီးဟာ ကယ်ဗင် ဖိလစ်အတွက် ကမ်းလှမ်းမှု မကြာခင် ပြုလုပ်တော့မယ် ဆိုတာ လိဒ်စ်ယူနိုက်တက်က သိရှိထားပြီး ဖြစ်ပါတယ်။ မန်စီးတီးကတော့ ပေါင် ၄၅ သန်း – သန်း ၅ဝ လောက်နဲ့ ခေါ်ယူနိုင်မယ် လို့ ယုံကြည်နေပါတယ်။
ပေါလ် ပေါ့ဘာက အသင်းဟောင်း ဂျူဗင်တပ် ထံ ဇူလိုင်လ အစောပိုင်းမှာ ပြန်သွားဖို့ သဘောတူညီမှု ရခဲ့ပြီး ဖြစ်တယ် လို့ သတင်းထောက် ရိုမန်နို က ဖော်ပြထားပါတယ်။
