လန်ဒန်ဒါဘီ ရှုံးပွဲ အပြီးမှာ ချယ်ဆီးအသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းကို လမ်းပတ် ဝေဖန်ထောက်ပြ

ညက ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ သူ့အသင်း ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း လိုအပ်ချက်တွေ အကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အပြန်အလှန် သွင်းဂိုးတွေ များခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ ဦးဆောင်ဂိုး စရခဲ့တာက ချယ်ဆီး ဖြစ်ပေမယ့် ဝက်စ်ဟမ်းက ဂိုးတွေ ဆက်သွင်းကာ အဆုံးမှာတော့ ၃-၂ နဲ့ အိမ်ရှင် ဝက်စ်ဟမ်းတို့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ဖရန့်လမ်းပတ်ရဲ့ ချယ်ဆီးဟာ ဒီရာသီမှာ ဦးဆောင်ဂိုး သွင်းထားတဲ့ အနေအထားကနေ အမှတ်ပြည့်မရဘဲ ပြန်လျော့သွားခဲ့တာက ၁၈ မှတ်ထိ ရှိခဲ့ပါပြီ။

လက်စတာ ရှုံးနိမ့်ထားတဲ့ ဒီလို အပတ်မှာ ချယ်ဆီး အခွင့်ကောင်း မယူနိုင်တာကြောင့် အဆင့် ၃ နေရာနဲ့ မနီးစပ်သေးတဲ့ အပြင် လက်ရှိနေရာကိုပါ သတိထားရတော့မှာ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ ပွဲချိန်အတွင်း စိတ်ဓာတ်ခိုင်မာမှုမှာ လိုအပ်ချက်တွေ ရှိနေကြောင်း လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ အဆင့် ၃ နေရာ သွားဖို့ အခွင့်အရေး ရှိခဲ့တယ်။ ဒါပေမယ့် အဲဒီလို ဖြစ်ချင်ရင် ဒီပွဲ နိုင်ကို နိုင်အောင် ဘက်ပေါင်းစုံက အားထည့် ကြိုးစားခဲ့ရမှာပါ။ ကျနော်ကတော့ ဘယ်ဂိုးကိုမှ ကျေနပ်ခဲ့ခြင်း မရှိပါဘူး။ ၂ ဂိုး သွင်းတာတောင် နိုင်ပွဲ မရဘူးဆို မင်း ဒိထက် ကောင်းဖို့ လိုနေလို့ပေါ့။

ဒါကို တွေးပြီး စိတ်ဓာတ်ကျနေလို့တော့ ဘာမှ မထူးပါဘူး။ ဒီညအတွက် အမှန်တရားက ကျနော်တို့ နိုင်အောင် ကန်သင့်တဲ့ ပွဲတစ်ပွဲ လက်လွှတ်သွားခဲ့ရတယ်။ ဒါက အံ့အားသင့်စရာကြီးတော့ မဟုတ်ခဲ့ဘူး။ ဒါမျိုး အကြိမ်တချို့ ကြုံခဲ့ပြီးပြီ။ နိုင်ရင် အမှတ်ကွာဟချက်ကို လျှော့နိုင်မှာ ဖြစ်ပေမယ့် အဲဒီလို အခွင့်အရေးတွေကို မယူနိုင်ခဲ့ဘူး။

ဒါကပဲ လီဗာပူးနဲ့ မန်စီးတီးတို့ကို ကျန်အသင်းတွေက အမြဲ လိုက်နေရတဲ့ အကြောင်းပဲ ဖြစ်တယ်။ သူတို့က တည်ငြိမ်မှုတွေ ရအောင် ကောင်းစွာ ထိန်းထားနိုင်တဲ့ အသင်းတွေ ဖြစ်နေပြီ။ ကစားသမားတွေ အနေနဲ့ ဒီလို ပွဲတွေကို နိုင်ဖို့ ဒိထက် ပိုပြီး မာကျောတဲ့ စိတ်ဓာတ်ပိုင်း ပြသနိုင်ဖို့ လိုအပ်ပါတယ်။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ညက ၀က္စ္ဟမ္းကို ရွံဳးနိမ့္ခဲ့တဲ့ ပြဲအျပီးမွာ ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ သူ႔အသင္း ကစားသမားေတြရဲ႕ စိတ္ဓာတ္ပိုင္း လိုအပ္ခ်က္ေတြ အေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

အျပန္အလွန္ သြင္းဂိုးေတြ မ်ားခဲ့တဲ့ လန္ဒန္ဒါဘီပြဲမွာ ဦးေဆာင္ဂိုး စရခဲ့တာက ခ်ယ္ဆီး ျဖစ္ေပမယ့္ ၀က္စ္ဟမ္းက ဂိုးေတြ ဆက္သြင္းကာ အဆံုးမွာေတာ့ ၃-၂ နဲ႕ အိမ္ရွင္ ၀က္စ္ဟမ္းတို႔ အနိုင္ရသြားခဲ့တာ ျဖစ္ပါတယ္။ ဖရန္႔လမ္းပတ္ရဲ႕ ခ်ယ္ဆီးဟာ ဒီရာသီမွာ ဦးေဆာင္ဂိုး သြင္းထားတဲ့ အေနအထားကေန အမွတ္ျပည့္မရဘဲ ျပန္ေလ်ာ့သြားခဲ့တာက ၁၈ မွတ္ထိ ရွိခဲ့ပါျပီ။

လက္စတာ ရွံဳးနိမ့္ထားတဲ့ ဒီလို အပတ္မွာ ခ်ယ္ဆီး အခြင့္ေကာင္း မယူနုိင္တာေၾကာင့္ အဆင့္ ၃ ေနရာနဲ႕ မနီးစပ္ေသးတဲ့ အျပင္ လက္ရွိေနရာကိုပါ သတိထားရေတာ့မွာ ျဖစ္ပါတယ္။ ကစားသမားေတြရဲ႕ ပြဲခ်ိန္အတြင္း စိတ္ဓာတ္ခိုင္မာမႈမွာ လိုအပ္ခ်က္ေတြ ရွိေနေၾကာင္း လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္တို႕ အဆင့္ ၃ ေနရာ သြားဖို႔ အခြင့္အေရး ရွိခဲ့တယ္။ ဒါေပမယ့္ အဲဒီလို ျဖစ္ခ်င္ရင္ ဒီပြဲ နိုင္ကို နုိင္ေအာင္ ဘက္ေပါင္းစံုက အားထည့္ ၾကိဳးစားခဲ့ရမွာပါ။ က်ေနာ္ကေတာ့ ဘယ္ဂိုးကိုမွ ေက်နပ္ခဲ့ျခင္း မရွိပါဘူး။ ၂ ဂိုး သြင္းတာေတာင္ နုိင္ပြဲ မရဘူးဆို မင္း ဒိထက္ ေကာင္းဖို႔ လိုေနလို႔ေပါ့။

ဒါကို ေတြးျပီး စိတ္ဓာတ္က်ေနလို႔ေတာ့ ဘာမွ မထူးပါဘူး။ ဒီညအတြက္ အမွန္တရားက က်ေနာ္တို႔ နိုင္ေအာင္ ကန္သင့္တဲ့ ပြဲတစ္ပြဲ လက္လႊတ္သြားခဲ့ရတယ္။ ဒါက အံ့အားသင့္စရာၾကီးေတာ့ မဟုတ္ခဲ့ဘူး။ ဒါမ်ိဳး အၾကိမ္တခ်ိဳ႕ ၾကံဳခဲ့ျပီးျပီ။ နုိင္ရင္ အမွတ္ကြာဟခ်က္ကို ေလွ်ာ့နုိင္မွာ ျဖစ္ေပမယ့္ အဲဒီလို အခြင့္အေရးေတြကို မယူနိုင္ခဲ့ဘူး။

ဒါကပဲ လီဗာပူးနဲ႕ မန္စီးတီးတို႔ကို က်န္အသင္းေတြက အျမဲ လိုက္ေနရတဲ့ အေၾကာင္းပဲ ျဖစ္တယ္။ သူတို႔က တည္ျငိမ္မႈေတြ ရေအာင္ ေကာင္းစြာ ထိန္းထားနုိင္တဲ့ အသင္းေတြ ျဖစ္ေနျပီ။ ကစားသမားေတြ အေနနဲ႕ ဒီလို ပြဲေတြကို နုိင္ဖို႔ ဒိထက္ ပိုျပီး မာေက်ာတဲ့ စိတ္ဓာတ္ပိုင္း ျပသနိုင္ဖို႔ လိုအပ္ပါတယ္။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။