ယာဂင်ကလော့ပ်ကတော့ ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ဖို့ လီဗာပူးအသင်းရဲ့ ကြိုးပမ်းမှုကို ဒီနွေမှာ ပြုလုပ်ဦးမှာ မဟုတ်ဘဲ ပျော်ပျော်ကြီး အချိန် စောင့်ဦးမယ် လို့ သိရပါတယ်။ လီဗာပူးဟာ ကယ်ဗယ် ရမ်ဆေး ရောက်လာပြီးရင် ဒီနွေ ကစားသမားသစ် ခေါ်ယူမှုကို ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။
အင်တာမီလန်ကတော့ သူတို့ ခံစစ်သမား စကရီနီယာ အတွက် ပီအက်စ်ဂျီရဲ့ ယူရို သန်း ၅ဝ နဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီ ဖြစ်ပါတယ်။ အင်တာက ဆလိုဗက်ကီးယားသား အတွက် ယူရို သန်း ၈ဝ ကနေ မလျှော့ဘူးလို့ လေသံ ပစ်ထားပါတယ်။
အေဗရာမိုဗစ်ချ်ကို ပိတ်ဆို့မှု ကာလအတွင်း ချယ်ဆီးအသင်းရဲ့ စပွန်ဆာ အဖြစ်မှ ရပ်ဆိုင်းထားခဲ့တဲ့ ဂျာစီ ရင်ဘတ် စပွန်ဆာ 3 ကတော့ ချယ်ဆီးနဲ့ လက်တွဲမှု ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။

တန်းတက်လာတဲ့ နော့တင်ဟမ် ဖောရက်စ် အသင်း မန်နေဂျာ စတိဗ် ကူးပါး က ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ထံ အောင်မြင်စွာ ပို့ဆောင်ပေးခဲ့တဲ့နောက် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ကတော့ ဒီ သီတင်းပတ်ကုန်မှာ လီဗာပူး တိုက်စစ်မှုး မာနေး အတွက် တတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒုတိယအကြိမ် ကမ်းလှမ်းမှုက ပေါင် သန်း ၃ဝ ဖြစ်ပြီး လီဗာပူးက ပေါင် ၄၂.၅ သန်း အလိုရှိနေပါတယ်။

မန်စီးတီးဟာ ဘရိုက်တန်အသင်းရဲ့ ဘယ်တောင်ပံ ခံစစ်သမား ကူကူရယ်လာကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ၎င်းက ဘရိုက်တန်နဲ့ စာချုပ် ၄နှစ်တောင် ကျန်သေးတဲ့ သူ ဖြစ်လို့ ပြောင်းရွှေ့ကြေး ဈေးမြင့်ဖွယ် ရှိပါတယ်။
ဒီလကုန်ရင် ဘန်လေနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်တဲ့ ခံစစ်မှုး ဂျိမ်းစ် တာကောစကီး ဟာ နည်းပြ လမ်းပတ်ရဲ့ အဲဗာတန် အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ပါတယ်။
