ဒမ်ဘီလီ၊ ဘယ်လာရင်၊ လီဗာပူး ခေါ်ယူမှု အသစ်၊ မန်စီးတီး ထပ်ကြိုးစားမယ့် ပစ်မှတ်နဲ့ အပြောင်းအရွှေ့ သတင်းများ

လီဗာပူးအသင်းဟာ တိုက်စစ်မှုး မိုဆာလာ လာမယ့် ရာသီမှာ ခြေစွမ်း ကျဆင်းသွားရင်တောင် စိတ်ပူမှာ မဟုတ်ဘဲ နောက်နှစ်နွေမှ အလွတ်နဲ့ ထွက်ခွာခွင့် ပြုဖို့လည်း ကြိုတွေးထားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ လူကာကူ ကိုသာ အင်တာမီလန်သို့ ပြန်ပို့နိုင်ခဲ့ရင် မန်စီးတီး တိုက်စစ်မှုး ရာဟင်း စတားလင်း ကို ခေါ်ယူဖို့ လှုပ်ရှားမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် စီအီးအို ရစ်ချက်အာနိုး က သူ့ကို စောဒက တက်နေကြတဲ့ အသင်း ပရိသတ်တွေအား အပြောင်းအရွှေ့ ကိစ္စတွေနဲ့ အသင်း အခြေအနေတွေကို သေချာ ရှင်းပြခဲ့ပြီး အဓိက ပစ်မှတ် ဒီဂျောင် ကို ရဖို့ ဖြစ်နိုင်သမျှ အကုန် ကြိုးစားသွားမယ် လို့ ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာ တိုက်စစ်သမား ဒမ်ဘီလီဟာ ချယ်ဆီးအသင်းရဲ့ ပြောင်းလဲမှုတွေထဲ ပါဝင်ချင်ပေမယ့် အရန်ခုံကနေ ထိုင်ကြည့်နေရဖို့ကိုတော့ မလိုလားဘူးလို့ သိရပါတယ်။

ဟက်တာ ဘယ်လာရင်ဟာ အာဆင်နယ်နဲ့ နောက်ဆုံး စာချုပ် တစ်နှစ်စာ သူ့ရဲ့ လစာ ပေါင် ၅.၇ သန်းကို လက်လွှတ်ခံပြီး အငှား ကစားနေတဲ့ ရီးရဲလ်ဘက်တစ်ထံ အပြီး ပြောင်းရွှေ့လိုနေပါတယ်။

လီဗာပူးအသင်းဟာ အဘာဒင်းအသင်းမှ ညာစွန်ခံစစ်သမား ကယ်ဗင်ရမ်ဆေးကို ခေါ်ယူလိုက်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးက ကနဦး ပေါင် ၄ သန်း၊ ထပ်ဆောင်းကြေး ပေါင် ၂ သန်းခွဲ ဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီးဟာ သူတို့ စိတ်ဝင်စားနေတဲ့ လိဒ်စ် ယူနိုက်တက် ကွင်းလယ် ကစားသမား ကယ်ဗင် ဖိလစ်အတွက် ခေါ်ယူမှုကို ဒီလထဲ အရှိန်မြှင့် ကြိုးစားတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘစ်ဆိုမာ တော့တင်ဟမ် စပါးအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားတဲ့ နောက်ဆုံးမိနစ်မှ ဆက်သွယ်ခဲ့သေးပေမယ့် ဘစ်ဆိုမာကို ခေါ်ယူဖို့ အလေးအနက် ထားခဲ့တာတော့ မဟုတ်ဘူးလို့ သိရပါတယ်။