ဂရေးလစ်ချ်ကို ခေါ်ဖို့ ယူနိုက်တက် သဘောတူညီမှု ရပြီးပြီ ဖြစ်ကြောင်း ဗီလာနည်းပြဟောင်း ဖော်ထုတ်
အက်စ်တွန်ဗီလာ အသင်း မန်နေဂျာဟောင်း တင်ရှားဝုဒ်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပြောင်းအရွှေ့အတွက် ဂျက် ဂရေးလစ်ချ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရပြီးပြီ ယူဆရကြောင်း ဖော်ထုတ် ပြောဆိုလိုက်ပါတယ်။
အသက် ၂၄ နှစ် အရွယ် ဗီလာ ကွင်းလယ်ကစားသမားဟာ ယူနိုက်တက် အလေးအနက် ချိတ်ဆက်နေတဲ့ အသင်းသား ဖြစ်ပြီး သူ့ရဲ့ ဇာတိကလပ် ဗီလာနဲ့ အတူ ထူးချွန်တဲ့ ခြေစွမ်းများ ပြသခဲ့တာကြောင့် ရေပန်းစားနေတဲ့ အသင်းသားလည်း ဖြစ်ပါတယ်။ ဒီရာသီမှာ ဗီလာ အတွက် ပြိုင်ပွဲစုံ ၉ ဂိုး သွင်းထားပြီးလည်း ဖြစ်ပါတယ်။
လက်ရှိ ကပ်ရောဂါ အကြပ်အတည်း ရှိနေသော်လည်း ဂရေးလစ်ချ်ကတော့ ဗီလာပါ့ခ်ကနေ ထွက်ကို ထွက်လာမယ်လို့ တင်ရှားဝုဒ်က ယုံကြည်နေပြီး ဂရေးလစ်ချ် အတွက် ယူနိုက်တက်ထက် ပို သင့်တော်တဲ့ ကလပ်လည်း မရှိကြောင်း ဆိုခဲ့ပါတယ်။
” ဂရေးလစ်ချ် အပြောင်းအရွှေ့ ကိစ္စက ပြီးနေပြီလို့ ကျနော် ထင်တယ်။ သူက မန်ချက်စတာ ယူနိုက်တက် လိုအပ်နေတဲ့ ကစားသမားပါ။ ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင်လည်း ဂျက် ဂရေးလစ်ချ် အတွက် ဒီတစ်သင်းတည်းက အသင့်တော်ဆုံး ဖြစ်တယ်။
သူ အက်စတွန် ဗီလာမှာ ဆက်နေနိုင်မယ် မထင်ဘူး။ သူ့ ကစားသမား ဘ၀ တိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေဖို့ လိုတယ်။ ကျနော်တို့ သူ ယူနိုက်တက် အတွက် သဘောတူပြီးပြီလို့ အာရုံရနေတယ်။ ” လို့ တင်ရှားဝုဒ်က ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဦးစားပေး ပစ်မှတ်အဖြစ် ဆန်ချိုကို ကြိုးစားနေဆဲ ဖြစ်ပြီး နည်းပြ ဆိုးရှားဟာ ကွင်းလယ် အတွက်လည်း ဂရေးလစ်ချ်ကို ထိပ်တန်း ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။
Zawgyi – အက်စ်တွန်ဗီလာ အသင်း မန်နေဂျာဟောင်း တင်ရှားဝုဒ်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပြောင်းအရွှေ့အတွက် ဂျက် ဂရေးလစ်ခ်ျ ကို ခေါ်ယူဖို့ သဘောတူညီမှု ရပြီးပြီ ယူဆရကြောင်း ဖော်ထုတ် ပြောဆိုလိုက်ပါတယ်။
လက်ရှိ ကပ်ရောဂါ အကြပ်အတည်း ရှိနေသော်လည်း ဂရေးလစ်ခ်ျကတော့ ဗီလာပါ့ခ်ကနေ ထွက်ကို ထွက်လာမယ်လို့ တင်ရှားဝုဒ်က ယုံကြည်နေပြီး ဂရေးလစ်ခ်ျ အတွက် ယူနိုက်တက်ထက် ပို သင့်တော်တဲ့ ကလပ်လည်း မရှိကြောင်း ဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဦးစားပေး ပစ်မှတ်အဖြစ် ဆန်ချိုကို ကြိုးစားနေဆဲ ဖြစ်ပြီး နည်းပြ ဆိုးရှားဟာ ကွင်းလယ် အတွက်လည်း ဂရေးလစ်ခ်ျကို ထိပ်တန်း ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။