ယူနိုက်တက်ဟာ ညာအစွန်လူတွေဖြစ်တဲ့ ဘစ်ဆာကာနဲ့ ဘရန်ဒန် ဝီလီယမ်တို့ နှစ်ဦးလုံး ကို အသင်းသစ် ရှာဖွေကြဖို့ အသိပေးလိုက်ပြီ ဖြစ်တယ်လို့ မန်ချက်စတာ သတင်းဌာန MEN က ဖော်ပြထားပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာ တို့ဟာ ဒီဂျောင် အတွက် ကလပ်နှစ်သင်း တိုက်ရိုက် ဆွေးနွေးမှု ဒီနေ့ ပြုလုပ်သွားခဲ့ပါတယ်။ ဘာစီလိုနာက ယူရို ၈၆ သန်းထက် နည်းတဲ့ ကမ်းလှမ်းမှုကို လက်ခံမှာ မဟုတ်ဘူးလို့ သိပေးထားပြီး လာလီဂါစည်းမျဉ်းအရ ဒီငွေကို ပြန်ရင်းနှီးဖို့ ပြသရန်လိုအပ်နေပါတယ်။

ခရစ္စတီယန် အဲရစ်ဆန်က သူ့ကို အသင်းဟောင်း ပြန်ခေါ်မယ့် သတင်းတွေ ထွက်ထားပေမယ့် စပါးအသင်းက ငြိမ်သက်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ချဉ်းကပ်မှုကိုပဲ လက်ခံ စဉ်းစားဖွယ် ရှိနေပါတယ်။ အဲရစ်ဆန် ဟာ လန်ဒန်မှာ ဆက်နေဖို့ပဲ ရွေးမယ် ဆိုရင်တော့ ဝက်စ်ဟမ်းကလည်း ချိတ်ဆက်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဟော့ဖန်ဟိမ်း ဘယ်အစွန်လူ ဒေးဗစ်ရမ်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။ အသက် ၂၄ နှစ်အရွယ် ဘယ်အစွန်လူ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀ သန်း ပေးရနိုင်ပြီး ဒေါ့မွန်က ခေါ်နိုင်ဖို့ များနေပါတယ်။
ယူနိုက်တက်ဟာ အေဂျက် ဗဟိုခံစစ်မှုး ဂျူရီယန် တင်ဘာကို ခေါ်လို့ မရတဲ့နောက် ၎င်းရဲ့ တွဲဖက် မာတီနက်ဇ် ကို ကြိုးပမ်းဖို့ ပြင်ဆင်လာပါတယ်။ မာတီနက်ဇ်ကို အာဆင်နယ်က အလေးအနက် ချိတ်ဆက်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ တန်ဟက်ဟာ အသင်းဟောင်း အေဂျက်မှ တိုက်စစ်မှုး အန်တိုနီ ကို ခေါ်ယူနိုင်ဖို့လည်း အလွန် နီးစပ်နေတာ ဖြစ်ပါတယ်။
အေဂျက်ကတော့ တိုက်စစ်မှုး အန်တိုနီ နဲ့ ခံစစ်မှုး မာတီနက်ဇ် တို့ နှစ်ဦးလုံးတော့ ဒီနွေမှာ ထွက်ခွာခွင့် ပြုမှာ မဟုတ်ဘူးလို့ အသိပေးလိုက်ပြီ ဖြစ်ပြီး ယူနိုက်တက် အနေနဲ့ တိုက်စစ်လား ခံစစ်လား ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။
