အာဆင်နယ်က အဲဗာတန် ကြယ်ပွင့် ဒိုမီနစ် ကဲဗတ်လီဝင်နဲ့ ပတ်သတ်ပြီး နောက်တစ်ကြိမ် ပြန်စဉ်းစားကာ ခေါ်ယူရန် ကြိုးပမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
အာဆင်နယ်က အသင်းမှာ ဂျင်း ဖြစ်နေတဲ့ နီကိုးလပ်စ် ပီပီ ကို ဒီနွေမှာ ရောင်းမထုတ်နိုင်ဘဲ ဆက်ထားနေရမှာ စိုးရိမ်နေပါတယ်။
မန်ချက်စတာ စီးတီး တိုက်စစ်မှုး ဂျေးဆု အတွက် အာဆင်နယ်က တစ်ပတ် လုပ်ခ ပေါင် ၂၆၄၀၀၀ နဲ့ စာချုပ် တစ်ရပ် ကမ်းလှမ်းထားကြောင်း သတင်း ထွက်ပေါ်နေပါတယ်။

အာဆင်နယ်နဲ့ စပါးအသင်းတို့ ပစ်မှတ်ထားနေတဲ့ အဲဗာတန် တိုက်စစ်ကြယ်ပွင့် ရစ်ချာလီဆန် ကို လက်ဦးမှု ယူ ခေါ်ယူဖို့ ချယ်ဆီး စီနီယာ ကစားသမားတွေက ချယ်ဆီး ဘုတ်အဖွဲ့ထံ တောင်းဆိုထားကြပါတယ်။
လိဒ်စ် ယူနိုက်တက် တောင်ပံတိုက်စစ်သမား ရာဖင်ဟာ အတွက် အာဆင်နယ်ရဲ့ အဖွင့် ကမ်းလှမ်းမှုက ပယ်ချခံခဲ့ရပြီးနောက် ဂန်းနားတွေဟာ ပိုကောင်းတဲ့ ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်ဖို့ ရှိနေပါတယ်။ ဘာစီလိုနာကတော့ ရာဖင်ဟာ ကို ခေါ်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေဆဲပါ။
အာဆင်နယ်က ရာဖင်ဟာ ကို ဘာစီလိုနာနဲ့ ပြိုင်လု မခေါ်ယူနိုင်ဘူး ဆိုရင် အစားထိုး ပစ်မှတ်တွေ အဖြစ် အဲဗာတန်မှ ရစ်ချာလီဆန်၊ ဘာစီလိုနာရဲ့ ဒမ်ဘီလီနဲ့ ဝက်စ်ဟမ်းမှ ဘိုဝမ်တို့ကိုလည်း ချိန်ရွယ်ထားကြောင်း အင်္ဂလန် သတင်းတွေက ဆိုပါတယ်။
အာဆင်နယ်ဟာ ဗလာဟိုဗစ်တုန်းက ခေါ်နိုင်ဖို့ အထူးရေပန်းစားပြီးမှ လက်လွှတ်ခဲ့ရသလိုမျိုး အဖြစ်မခံဖို့ အပြောင်းအရွှေ့တွေမှာ ဗျူဟာကျကျနဲ့ လိုအပ်ရင် လက်ဦးမှု လှုပ်ရှားမှုတွေ ပြုလုပ်လာနေတယ် လို့ လန်ဒန် သတင်းဌာနက ဖော်ပြထားပါတယ်။
