ယူနိုက်တက်အတွက် စတားတစ်ဦး ရှာတွေ့ပြီလို့ ထုတ်ပြောခဲ့တဲ့ ဆာအဲလစ်

UNICODE – ယူနိုက်တက် ပရိသတ်တွေကြားမှာ လူငယ် တိုက်စစ်သမားလေး မေဆန် ဂရင်းဝုဒ်က ခပ်မြန်မြန်ပဲ နာမည်ရလာပြီး ပရိသတ်ကြိုက် ကစားသမားဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

တကယ်တော့ မေဆန်ဂရင်းဝုဒ် တောက်ပလာမယ်ဆိုတာကို လွန်ခဲ့တဲ့ သုံး လေးနှစ်ထဲက ဂန္တဝင်ကြီး ဆာအဲလက်စ်က ကြိုတင်ကာ ဟောကိန်း ထုတ်ထားခဲ့တာပါ။ လိဂ်မန်နေဂျာများ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဆာအဲလက်စ်က ” ငါ တစ်ယောက်ကိုတော့ တွေ့နေမိပြီ ” ဆိုပြီး အကယ်ဒမီက ဂရင်းဝုဒ်က တောက်ပမယ့် အလားအလာရှိသူအဖြစ် ကြိုတင် ခန့်မှန်းထားခဲ့တာဖြစ်တယ်။

ဆာအဲလက်စ်က ကျောက်ရိုင်းတွေကို မြင်တတ်မှုမှာ နာမည်ကြီးသူဖြစ်ပြီး သူရှာဖွေပေးခဲ့တဲ့ ထိပ်တန်း ကစားသမားတွေ အများကြီးက ယူနိုက်တက်ကို ဆုဖလားတွေ အောင်မြင်ဖို့ အဓိက ကျစေခဲ့တယ်။ မန်နေဂျာဘဝက အနားယူခဲ့တာတောင် ယူနိုက်တက်ကို ဝင်ထွက်နေဆဲဖြစ်တဲ့ ဆာအဲလက်စ်က ဂရင်းဝုဒ်ကို လူငယ်ကစားသမား အဖြစ်မှာတင် မြင်ထားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမားဟောင်း ဖီးနဗီးကတော့ ” ဂရင်းဝုဒ်ကို မာရှယ်၊ ရပ်ဖိုဒ့်တို့နဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူ့မှာက ပင်ကိုယ် သဘာဝကိုယ်က သိပ်ကောင်းတဲ့ အဆုံးသတ်စွမ်းရည် ရှိပါတယ်။ သူက ခံစစ်သမားတွေရဲ့ ခြေထောက်ကြားကနေ အိုလီလိုပဲ အဆုံးသတ်နိုင်တယ်။

ဒီကောင်လေးက အနာဂတ်ကြီးတွေ ရှိထားပါတယ်။ သူ့မှာ ထိပ်တန်းဖြစ်လာနိုင်စရာ အရည်အချင်း အားလုံးရှိတယ်။ သူ့စတိုင်က ဗန်ပါစီနဲ့ တူပါတယ်။ သူ့ရဲ့ အဆုံးသတ်က ယူနိုက်တက်က ဘယ်ကစားသမားထက်မဆို ပိုမို သာလွန်ကောင်းမွန်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – ယူႏိုက္တက္ ပရိသတ္ေတြၾကားမွာ လူငယ္ တိုက္စစ္သမားေလး ေမဆန္ ဂရင္းဝုဒ္က ခပ္ျမန္ျမန္ပဲ နာမည္ရလာျပီး ပရိသတ္ၾကိဳက္ ကစားသမားျဖစ္လာခဲ့ျပီ ျဖစ္ပါတယ္။

တကယ္ေတာ့ ေမဆန္ဂရင္းဝုဒ္ ေတာက္ပလာမယ္ဆိုတာကို လြန္ခဲ့တဲ့ သံုး ေလးႏွစ္ထဲက ဂႏၱဝင္ၾကီး ဆာအဲလက္စ္က ၾကိဳတင္ကာ ေဟာကိန္း ထုတ္ထားခဲ့တာပါ။ လိဂ္မန္ေနဂ်ာမ်ား အစည္းအေဝးကို တက္ေရာက္ခဲ့တဲ့ ဆာအဲလက္စ္က ” ငါ တစ္ေယာက္ကိုေတာ့ ေတြ႔ေနမိျပီ ” ဆိုျပီး အကယ္ဒမီက ဂရင္းဝုဒ္က ေတာက္ပမယ့္ အလားအလာရွိသူအျဖစ္ ၾကိဳတင္ ခန္႔မွန္းထားခဲ့တာျဖစ္တယ္။

ဆာအဲလက္စ္က ေက်ာက္ရိုင္းေတြကို ျမင္တတ္မႈမွာ နာမည္ၾကီးသူျဖစ္ျပီး သူရွာေဖြေပးခဲ့တဲ့ ထိပ္တန္း ကစားသမားေတြ အမ်ားၾကီးက ယူႏုိက္တက္ကို ဆုဖလားေတြ ေအာင္ျမင္ဖို႔ အဓိက က်ေစခဲ့တယ္။ မန္ေနဂ်ာဘဝက အနားယူခဲ့တာေတာင္ ယူႏုိက္တက္ကို ဝင္ထြက္ေနဆဲျဖစ္တဲ့ ဆာအဲလက္စ္က ဂရင္းဝုဒ္ကို လူငယ္ကစားသမား အျဖစ္မွာတင္ ျမင္ထားခဲ့တာျဖစ္ပါတယ္။

ယူႏုိက္တက္ကစားသမားေဟာင္း ဖီးနဗီးကေတာ့ ” ဂရင္းဝုဒ္ကို မာရွယ္၊ ရပ္ဖိုဒ့္တို႔နဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ သူ႔မွာက ပင္ကိုယ္ သဘာဝကိုယ္က သိပ္ေကာင္းတဲ့ အဆံုးသတ္စြမး္ရည္ ရွိပါတယ္။ သူက ခံစစ္သမားေတြရဲ႕ ေျခေထာက္ၾကားကေန အိုလီလိုပဲ အဆံုးသတ္ႏုိင္တယ္။

ဒီေကာင္ေလးက အနာဂတ္ၾကီးေတြ ရွိထားပါတယ္။ သူ႔မွာ ထိပ္တန္းျဖစ္လာႏုိင္စရာ အရည္အခ်င္း အားလံုးရွိတယ္။ သူ႔စတိုင္က ဗန္ပါစီနဲ႔ တူပါတယ္။ သူ႔ရဲ႕ အဆံုးသတ္က ယူႏုိက္တက္က ဘယ္ကစားသမားထက္မဆို ပိုမို သာလြန္ေကာင္းမြန္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။