ဘိုင်ယန်မြူးနစ်ဟာ အသင်းကနေ ထွက်ခွာဖို့ များနေတဲ့ တိုက်စစ်မှုးကြီး လီဝန်ဒေါစကီး နေရာကို အစားထိုးဖို့ မန်ချက်စတာ ယူနိုက်တက်မှ စီ ရော်နယ်ဒို ကို ပစ်မှတ်ထားလာပါတယ်။ ဂျာမန်ထိပ်သီးကလပ်ဟာ ရော်နယ်ဒို ကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
နယူးကာဆယ်နဲ့ လီဗာပူး တိုက်စစ်မှုး အန်ဒီ ကာရိုးလ်ဟာ ဘယ်လ်ဂျီယံကလပ် ကလပ်ဘရုခ် ထံ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေပါတယ်။ ပြောင်းရွှေ့မှု အောင်မြင်ရင် ကာရိုးလ်က ချန်ပီယံလိဂ်ပါ ပြန် ကစားခွင့် ရမှာပါ။
ဂါးဒီးယန်း သတင်း အဆိုအရ ဘာစီလိုနာ အသင်းဟာ လီဝန်ဒေါစကီး အတွက် ယူရို ၃၅ သန်းနဲ့ ထပ်ဆောင်းကြေး ယူရို ၅ သန်း ပါဝင်တဲ့ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ယူရို သန်း ၅ဝ ထိ အလိုရှိနေတဲ့ ဘိုင်ယန်ကတော့ ထို ကမ်းလှမ်းမှုကို ပယ်ချဖွယ် ရှိပါတယ်။

လိုင်ယွန်က ဖီယွန်နုမှ ဘယ်စွန်ခံစစ်သမား Tyrell Malacia ကို ပေါင် ၁၂ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။ နယ်သာလန် လက်ရွေးစင် ကစားသမားကို ယူနိုက်တက်နဲ့ နယူးကာဆယ် တို့ကလည်း ချိန်ရွယ်နေခဲ့တာပါ။
ဒီဂျောင် အတွက် ယူနိုက်တက်ရဲ့ ယူရို ၆၅ သန်း ကမ်းလှမ်းမှုက ပယ်ချခံခဲ့ရပြန်တယ် လို့ စပိန် မာကာ သတင်းက ဖော်ထုတ်လိုက်ပါတယ်။ ဘာစီလိုနာက ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရို ၇၅ သန်း (ပေါင် ၆၄ သန်း) အလိုရှိနေတယ် လို့ သိရပါတယ်။
အေဂျက်မှ ကွင်းလယ်ခံစစ်သမား အက်ဒ်ဆန် အဲလ်ဗာရက်ဇ် ကို ခေါ်ဖို့ လိုက်ပ်ဇစ်က စိတ်ဝင်စားနေပြီး အခွင့်အရေးကောင်းတွေလည်း ရှိနေပါတယ်။ အေဂျက်က မက္ကဆီကို လက်ရွေးစင် ကစားသမား အတွက် အနည်းဆုံး ယူရို သန်း ၃ဝ အလိုရှိနေပါတယ်။
