လူသစ်တွေ ရတော့မယ့် စီးတီးနဲ့ အာဆင်နယ်၊ လီဝန်ဒေါစကီး အတွက် ဈေးသတ်မှတ်ခြင်းနဲ့ အပြောင်းအရွှေ့ သတင်းများ

မန်စီးတီးအသင်းဟာ လိဒ်စ်ယူနိုက်တက်မှ ကွင်းလယ် ခံစစ်သမား ကယ်ဗယ် ဖိလစ်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း အင်္ဂလန် သတင်းတွေက ဖော်ပြလာကြပါတယ်။

တော့တင်ဟမ် စပါးအသင်းဟာ အစွန်ခံစစ်သမား Djed Spence အတွက် မစ်ဒယ်ဘရော့ တောင်းဆိုတဲ့ ပေါင် ၁၅ သန်း မပေးလိုတာကြောင့် နောက်ဆုတ်သွားဖွယ် ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်က တိုက်စစ်မှုး လီဝန်ဒေါစကီး အတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရင်သာ ဒီနွေမှာ ရောင်းချမှာ ဖြစ်ပြီး ပိုလန် လက်ရွေးစင်အတွက် ယူရို သန်း ၆ဝ အလိုရှိနေပါတယ်။ ဘာစီလိုနာရဲ့ လီဝန်အတွက် ကမ်းလှမ်းမှုကတော့ ထို ပမာဏကို မရောက်သေးပါဘူး။

အေဂျက် မန်နေဂျာသစ် Alfred Schreuder ကတော့ မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ အန်တိုနီနဲ့ ဂျူရီယန် တင်ဘာတို့ နှစ်ဦးလုံးကို ရောင်းချဖို့ အစီအစဉ် မရှိဘဲ အသင်းမှာ ဆက်ထိန်းထားမယ် လို့ သိရပါတယ်။

အာဆင်နယ်အသင်းနဲ့ မန်စီးတီးတို့ဟာ တိုက်စစ်မှုး ဂါဘရီရယ် ဂျေးဆု အတွက် ပေါင် ၄၅ သန်းနဲ့ပဲ အပြောင်းအရွှေ့ လုပ်ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။

လီဝန်ဒေါစကီး ကို လက်လွှတ်ရရင် အစားထိုး ပစ်မှတ် အဖြစ် ဘိုင်ယန်မြူးနစ်က ယူနိုက်တက် တိုက်စစ်မှုး စီ ရော်နယ်ဒို ကို ချိန်ရွယ်နေပေမယ့် ပေါ်တူဂီသားကတော့ သူ့ရဲ့ စာချုပ် နောက်ဆုံးတစ်နှစ်ကို အိုးထရက်ဖို့ဒ်မှာပဲ ဆက်ရှိဖို့ ဆုံးဖြတ်ထားပါတယ်။

နယူးကာဆယ်၊ အက်စတွန်ဗီလာနဲ့ အဲဗာတန် အသင်းတို့ဟာ ဝက်စ်ဟမ်း ကြယ်ပွင့် Tomas Soucek အတွက် ကမ်းလှမ်းမှု ပြုလုပ်ကြတော့မှာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံကလပ် ကလပ်ဘရုခ် က ဒီနွေမှာ လီဗာပူးနဲ့ နယူးကာဆယ် တိုက်စစ်မှုးဟောင်း အန်ဒီကာရိုးလ်ကို ခေါ်ယူဖို့ ရေပန်းစားခဲ့ပေမယ့် ကစားသမားရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှုတွေက သင့်တော်မှု မရှိဘူး ယူဆတာကြောင့် မခေါ်တော့ဘဲ နောက်ဆုတ်သွားခဲ့ပါတယ်။