Transfer Rumour: ဒီလစ် အတွက် တီမိုဗာနာ + ငွေသား ကမ်းလှမ်းမှု ပြုလုပ်ဖို့ ချယ်ဆီး ပြင်ဆင်နေ

ချယ်ဆီးအသင်းဟာ ဂျူဗင်တပ် ခံစစ်မှုး ဒီလစ် ကို ခေါ်ယူဖို့ အတွက် အသင်း တိုက်စစ်မှုး တီမိုဗာနာနဲ့အတူ ငွေသား ကမ်းလှမ်းဖို့ ပြင်ဆင်ညှိနှိုင်းနေကြောင်း အီတလီ သတင်းထောက် Gianluca Di Marzio က ဖော်ထုတ်လိုက်ပါတယ်။

ချယ်ဆီးရဲ့ အစီအစဉ်ကတော့ ဒီလစ် အတွက် တီမိုဗာနာနဲ့ အတူ ယူရို ၂၅ သန်း – သန်း ၃ဝ လောက် ထည့်သွင်း ကမ်းလှမ်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်က ဒီလစ် အတွက် ယူရို သန်း ၁ဝဝ ကျော် ပြောင်းရွှေ့ကြေး အလိုရှိနေတာကြောင့် ချယ်ဆီး ကမ်းလှမ်းမှုက အလုပ်ဖြစ်ဖွယ် မရှိပါဘူး။

ချယ်ဆီးရဲ့ အမြင့်ဆုံး ကမ်းလှမ်းနိုင်မှာက တီမိုဗာနာ နဲ့ ယူရို သန်း ၄ဝ – ၄၅ သန်း ထိသာ ဖြစ်ပြီး ဂျူဗင်တပ် လက်ခံဖို့တော့ အလှမ်းကွာနေဦးမှာ ဖြစ်ပါတယ်။

ဒီလစ်နဲ့ တီမိုဗာနာတို့ ကစားသမား နှစ်ယောက်လုံးကလည်း အလဲအထပ် လုပ်ပြီး အသင်းပြောင်းဖို့ စိတ်ဝင်စားဟန် ပြသထားပါတယ်။ ဒါပေမယ့် တီမိုဗာနာ ကတော့ ဂျူဗင်တပ် ပြောင်းမယ် ဆိုရင် လစာ လျှော့ယူရဖို့ ရှိနေတာပါ။

ဂျူဗင်တပ်ရဲ့ သက်တမ်းတိုး စာချုပ်သစ်ကို ငြင်းပယ်ပြီး ဒီနွေ အသင်းသစ် ရှာဖွေနေတဲ့ ဒီလစ် အတွက် ချယ်ဆီးက ရွေးချယ်မှုကောင်း ဖြစ်ဖွယ် ရှိနေပါတယ်။ ဒီလစ်နဲ့ ဂျူဗင်တပ် ရဲ့ လက်ရှိ စာချုပ်က သက်တမ်း နှစ်နှစ် ကျန်ရှိနေပါသေးတယ်။

ဒီနွေ ခံစစ်မှုးတွေ လက်လွှတ်ထားရတဲ့ ချယ်ဆီးအတွက် ဒီလစ်ကလည်း ပစ်မှတ်ကောင်း တစ်ခု ဖြစ်နေပေမယ့် နယ်သာလန်သားကို မန်ချက်စတာ ယူနိုက်တက်ကလည်း ချိန်ရွယ်နေပါတယ်။