စပါးကွင်းလယ် လိုဆယ်ဆိုကို ဘရူနို ဖာနန်ဒက်စ်နဲ့တောင် မလဲနိုင်ပါဘူး ဆိုတဲ့ မော်ရင်ညို

ယူနိုက်တက် နည်းပြဟောင်း လက်ရှိ စပါးအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ညိုကတော့ သူ စပါးအသင်းကို ရောက်ချိန်မှာ ဘရူနို ဖာနန်ဒက်စ်ကို မရခဲ့ဘဲ လိုဆယ်ဆို ရောက်ရှိလာခဲ့တဲ့ အပေါ် ကျေနပ်မှု ရှိပြီး သူ့ ကစားသမားကို ဘရူနို ဖာနန်ဒက်စ်နဲ့ ခုနေ လဲမလား ဆိုရင်တောင် မလဲနိုင်ကြောင်း ကာကွယ် ပြောဆိုလိုက်ပါတယ်။

စပါးအသင်း မရခဲ့တဲ့ ဖာနန်ဒက်စ်ကို ယူနိုက်တက်က ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ခေါ်ယူနိုင်ခဲ့ပြီး ပေါ်တူဂီသားကလည်း တောက်လျောက် ခြေစွမ်းပြကာ ဂိုးတွေ သွင်းယူနေတာပါ။ ဒါပေမယ့် မော်ရင်ညိုကတော့ လိုဆယ်ဆိုရဲ့ စွမ်းဆောင်ရည်ကိုသာ ကျေနပ်မှု ရှိကြောင်း ဆိုလာခဲ့ပါတယ်။

ဘရူနိုကို မရခဲ့တဲ့ အပေါ် နောင်တတွေ ရှိသလား ဆိုတဲ့ မေးခွန်းကို မော်ရင်ညိုက – ” ကျနေ်ာတော့ တခြား ဘာမှ မတွေးမိပါဘူး။ ဘရူနို ဖာနန်ဒက်စ် မရလို့ လိုဆယ်ဆို ကို စပါးက ခေါ်ယူခဲ့ဖြစ်တယ် ဆိုတာ မှန်ရင်တော့ အခုနေ လိုဆယ်ဆိုနဲ့ လဲမလားဆို ကျနော် မလဲပါဘူး။

လိုဆယ်ဆိုကို ဘရူနို ဖာနန်ဒက်စ်နဲ့မှ မဟုတ်ဘူး ဘယ် ကစားသမားနဲ့မှ ပြန်မလဲနိုင်ပါဘူး။ ” လို့ ဖြေကြားခဲ့ပါတယ်။

မော်ရင်ညိုကတော့ စပါးအသင်း ကွင်းလယ်ကစားသမား ဖြစ်နေတဲ့ လိုဆယ်ဆိုကို ကာကွယ် ပြောဆိုသွားပေမယ့် အာဂျင်တိုင်းသားဟာ ဖာနန်ဒက်စ်နဲ့တော့ အရည်အချင်း ကွာခြားနေသေးတာ အမှန်ပါ။

ဘရူနို ဖာနန်ဒက်စ်ဟာ ၈ ပွဲ ကစားပြီးချိန် ၅ ဂိုးသွင်း ၃ ဂိုး ထောက်ပံ့ထားပေမယ့် လိုဆယ်ဆိုကတော့ စပါးအသင်းအတွက် ၂၁ ပွဲ ကစားပြီးချိန်မှာ ဂိုးကို မသွင်းနိုင်သေးပဲ ရှိပါတယ်။

Zawgyi – ယူနိုက္တက္ နည္းျပေဟာင္း လက္ရွိ စပါးအသင္းကို ကိုင္တြယ္ေနတဲ့ ေမာ္ရင္ညိဳကေတာ့ သူ စပါးအသင္းကို ေရာက္ခ်ိန္မွာ ဘရူနို ဖာနန္ဒက္စ္ကို မရခဲ့ဘဲ လိုဆယ္ဆို ေရာက္ရွိလာခဲ့တဲ့ အေပၚ ေက်နပ္မႈ ရွိျပီး သူ႔ ကစားသမားကို ဘရူနို ဖာနန္ဒက္စ္နဲ႕ ခုေန လဲမလား ဆိုရင္ေတာင္ မလဲနုိင္ေၾကာင္း ကာကြယ္ ေျပာဆိုလုိက္ပါတယ္။

စပါးအသင္း မရခဲ့တဲ့ ဖာနန္ဒက္စ္ကို ယူနိုက္တက္က ျပီးခဲ့တဲ့ ဇန္န၀ါရီမွာ ေခၚယူနုိင္ခဲ့ျပီး ေပၚတူဂီသားကလည္း ေတာက္ေလ်ာက္ ေျခစြမ္းျပကာ ဂိုးေတြ သြင္းယူေနတာပါ။ ဒါေပမယ့္ ေမာ္ရင္ညိဳကေတာ့ လိုဆယ္ဆိုရဲ႕ စြမ္းေဆာင္ရည္ကိုသာ ေက်နပ္မႈ ရွိေၾကာင္း ဆိုလာခဲ့ပါတယ္။

ဘရူနိုကို မရခဲ့တဲ့ အေပၚ ေနာင္တေတြ ရွိသလား ဆိုတဲ့ ေမးခြန္းကို ေမာ္ရင္ညိဳက – ” က်ေန္ာေတာ့ တျခား ဘာမွ မေတြးမိပါဘူး။ ဘရူနို ဖာနန္ဒက္စ္ မရလို႔ လိုဆယ္ဆို ကို စပါးက ေခၚယူခဲ့ျဖစ္တယ္ ဆိုတာ မွန္ရင္ေတာ့ အခုေန လိုဆယ္ဆိုနဲ႕ လဲမလားဆို က်ေနာ္ မလဲပါဘူး။

လိုဆယ္ဆိုကို ဘရူနို ဖာနန္ဒက္စ္နဲ႕မွ မဟုတ္ဘူး ဘယ္ ကစားသမားနဲ႕မွ ျပန္မလဲနိုင္ပါဘူး။ ” လို႔ ေျဖၾကားခဲ့ပါတယ္။

ေမာ္ရင္ညိဳကေတာ့ စပါးအသင္း ကြင္းလယ္ကစားသမား ျဖစ္ေနတဲ့ လိုဆယ္ဆိုကို ကာကြယ္ ေျပာဆိုသြားေပမယ့္ အာဂ်င္တိုင္းသားဟာ ဖာနန္ဒက္စ္နဲ႕ေတာ့ အရည္အခ်င္း ကြာျခားေနေသးတာ အမွန္ပါ။

ဘရူနို ဖာနန္ဒက္စ္ဟာ ၈ ပြဲ ကစားျပီးခ်ိန္ ၅ ဂိုးသြင္း ၃ ဂိုး ေထာက္ပံ့ထားေပမယ့္ လိုဆယ္ဆိုကေတာ့ စပါးအသင္းအတြက္ ၂၁ ပြဲ ကစားျပီးခ်ိန္မွာ ဂိုးကို မသြင္းနိုင္ေသးပဲ ရွိပါတယ္။