ကန်တေကို ကျော်ပြီး ဇာခါကို အာဆင်နယ် ခေါ်ယူခဲ့တဲ့ အကြောင်းရင်း ထွက်ပေါ်လာ

အာဆင်နယ်အသင်းဟာ ကန်တေ လက်စတာမှာ ရှိစဉ်က ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး ပြင်သစ်သားရဲ့ အပြောင်းအရွှေ့မှာ အေးဂျင့်ကြေး ဈေးကြီးလွန်းတာကြောင့် နောက်ဆုတ်ကာ ဇာခါကို ခေါ်ယူဖြစ်ခဲ့ကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ကန်တေကတော့ အာဆင်နယ် လက်လျှော့သွားပြီးမှ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ ဖြစ်ခဲ့တာပါ။

လက်စတာအသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီးနောက် ၂၀၁၆ နွေမှာ လက်စတာကြယ်ပွင့် ကန်တေက အသင်းတော်တော်များများ မျက်စိကျခြင်း ခံခဲ့ရပါတယ်။ ထိုထဲမှာ အာဆင်နယ်လည်း ပါဝင်ခဲ့ပြီး အေးဂျင့်ကြေးကြောင့်သာ လန်ဒန်ပြိုင်ဘက် ချယ်ဆီးက အသာရပြီး ကန်တေကို ခေါ်ယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်က ဇာခါကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ခေါ်ပြီး နောက် သီတင်းပတ် အနည်းငယ်မှာပဲ ကန်တေ က ချယ်ဆီး အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်းနဲ့ ရောက်ရှိခဲ့ပါတယ်။ အာဆင်နယ် အပြောင်းအရွှေ့ ညှိနှိုင်းရေးမှူးဟောင်း ဒစ်လောက ဒီအကြောင်းကို လတ်တလောမှာ The Athletic သတင်းဌာနကနေ ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

” ကန်တေ အပြောင်းအရွှေ့က လုံး၀ အသေးစိတ်နီးပါး ပြီးစီးနေပြီးမှာ ကျနေ်ာတို့ နောက်ဆုတ်ခဲ့ရတာ ဖြစ်တယ်။ ” လို့ ဒစ်လောက ဖွင့်ဟခဲ့ပါတယ်။

ပေါက်ကြားလာတဲ့ သတင်းတွေ အရ ကန်တေရဲ့ အပြောင်းအရွှေ့မှာ အေးဂျင့်နှစ်ယောက် အတွက် ကြေး ပေါင် ၁၀.၆ သန်း ချယ်ဆီးက ပေးအပ်ခဲ့ရပြီး ဇာခါရဲ့ အေးဂျင့် ဂရီဂိုရီကတော့ အာဆင်နယ်နဲ့ အပြောင်းအရွှေ့မှာ ပေါင် ၄.၂ သန်းသာ ရရှိခဲ့ပါတယ်။

ကန်တေက ချယ်ဆီးအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ၎င်း ရဲ့ ပွဲဦးထွက် ရာသီမှာပဲ လန်ဒန်ကလပ်နဲ့ အတူ ပရီးမီးယားလိဂ်ဖလား ထပ်မံ ဗိုလ်စွဲနိုင်သွားခဲ့ပါတယ်။ ကန်တေရဲ့ လက်ရှိ တန်ကြေးက ပေါင် သန်း ၁၀၀ ဝန်းကျင် ရှိလာပြီ ဖြစ်ပြီး ၎င်းကို ရီးရဲလ်မက်ဒရစ်က လာရောက် ချိတ်ဆက်မှုတွေ လတ်တလောမှာ ရှိနေပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ကန္ေတ လက္စတာမွာ ရွိစဥ္က ေခၚယူဖို႔ ၾကိဳးပမး္ခဲ့ျပီး ျပင္သစ္သားရဲ႕ အေျပာင္းအေရႊ႕မွာ ေအးဂ်င့္ေၾကး ေစ်းၾကီးလြန္းတာေၾကာင့္ ေနာက္ဆုတ္ကာ ဇာခါကို ေခၚယူျဖစ္ခဲ့ေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ ကန္ေတကေတာ့ အာဆင္နယ္ လက္ေလွ်ာ့သြားျပီးမွ ခ်ယ္ဆီးအသင္းထံ ေျပာင္းေရႊ႕ ျဖစ္ခဲ့တာပါ။

လက္စတာအသင္း ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္ျပီးေနာက္ ၂၀၁၆ ေႏြမွာ လက္စတာၾကယ္ပြင့္ ကန္ေတက အသင္းေတာ္ေတာ္မ်ားမ်ား မ်က္စိက်ျခင္း ခံခဲ့ရပါတယ္။ ထိုထဲမွာ အာဆင္နယ္္လည္း ပါ၀င္ခဲ့ျပီး ေအးဂ်င့္ေၾကးေၾကာင့္သာ လန္ဒန္ျပိဳင္ဘက္ ခ်ယ္ဆီးက အသာရျပီး ကန္ေတကို ေခၚယူနိုင္ခဲ့ပါတယ္။

အာဆင္နယ္က ဇာခါကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅ သန္းနဲ႕ ေခၚျပီး ေနာက္ သီတင္းပတ္ အနည္းငယ္မွာပဲ ကန္ေတ က ခ်ယ္ဆီး အသင္းထံ ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၂ သန္းနဲ႕ ေရာက္ရွိခဲ့ပါတယ္။ အာဆင္နယ္ အေျပာင္းအေရႊ႕ ညွိနိႈင္းေရးမွဴးေဟာင္း ဒစ္ေလာက ဒီအေၾကာင္းကို လတ္တေလာမွာ The Athletic သတင္းဌာနကေန ထုတ္ေဖာ္ ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

” ကန္ေတ အေျပာင္းအေရႊ႕က လံုး၀ အေသးစိတ္နီးပါး ျပီးစီးေနျပီးမွာ က်ေန္ာတို႔ ေနာက္ဆုတ္ခဲ့ရတာ ျဖစ္တယ္။ ” လို႔ ဒစ္ေလာက ဖြင့္ဟခဲ့ပါတယ္။

ေပါက္ၾကားလာတဲ့ သတင္းေတြ အရ ကန္ေတရဲ႕ အေျပာင္းအေရႊ႕မွာ ေအးဂ်င့္နွစ္ေယာက္ အတြက္ ေၾကး ေပါင္ ၁၀.၆ သန္း ခ်ယ္ဆီးက ေပးအပ္ခဲ့ရျပီး ဇာခါရဲ႕ ေအးဂ်င့္ ဂရီဂိုရီကေတာ့ အာဆင္နယ္နဲ႕ အေျပာင္းအေရႊ႕မွာ ေပါင္ ၄.၂ သန္းသာ ရရွိခဲ့ပါတယ္။

ကန္ေတက ခ်ယ္ဆီးအသင္းမွာ ေျခစြမ္းေကာင္းေတြ ျပသနိုင္ခဲ့ျပီး ၄င္း ရဲ႕ ပြဲဦးထြက္ ရာသီမွာပဲ လန္ဒန္ကလပ္နဲ႕ အတူ ပရီးမီးယားလိဂ္ဖလား ထပ္မံ ဗိုလ္စြဲနိုင္သြားခဲ့ပါတယ္။ ကန္ေတရဲ႕ လက္ရွိ တန္ေၾကးက ေပါင္ သန္း ၁၀၀ ၀န္းက်င္ ရွိလာျပီ ျဖစ္ျပီး ၄င္းကို ရီးရဲလ္မက္ဒရစ္က လာေရာက္ ခ်ိတ္ဆက္မႈေတြ လတ္တေလာမွာ ရွိေနပါတယ္။