ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (02/07/20)

မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက်တိုက်စစ်မှူးလေးဂရင်းဝုဒ်ဟာ ယူနိုက်တက် အတွက် ၁၅ ဂိုးသွင်းယူထားပြီး ဂိုးသွင်းနှုန်း ကတော့ ပျမ်းမျှအားဖြင့် ၉၆ မိနစ်ကို တစ်ဂိုးနှုန်းဖြစ်နေသည်ထိ မြင့်မားနေပါတယ်။

တကယ်တော့ ယူနိုက်တက် အကယ်ဒမီကနေ မေဆန်ဂရင်းဝုဒ် တောက်ပလာမယ်ဆိုတာကို လွန်ခဲ့တဲ့ သုံး လေးနှစ်ထဲက ဂန္တဝင်ကြီး ဆာအဲလက်စ်က ကြိုတင်ကာ ဟောကိန်း ထုတ်ထားခဲ့ပါတယ်။

လီဗာပူး တိုက်စစ်မှူး ဖာမီနိုဟာ ယူနိုက်တက် အတွက် သင့်တော်လွန်းတဲ့ ကစားသမား ဖြစ်ပေမယ့် ရဖို့တော့ မလွယ်ကြောင်း ယူနိုက်တက် ကွင်းလယ်ဟောင်း Djemba-Djemba က ဆိုလိုက်ပါတယ်။ ဒါ့အပြင် ၎င်းကပဲ စပါးတိုက်စစ်မှူး ကိန်းကတော့ ပေါင် သန်း ၁၀၀ နဲ့ ရမယ်ဆိုရင် ထိုက်တန်တာကြောင့် ယူနိုက်တက် ခေါ်ယူသင့်တယ် အကြံပြုလိုက်ပါတယ်။

အက်စ်တွန်ဗီလာ အသင်း မန်နေဂျာဟောင်း တင်ရှားဝုဒ်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပြောင်းအရွှေ့အတွက် ဂျက် ဂရေးလစ်ချ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရပြီးပြီ ယူဆရကြောင်း ဖော်ထုတ် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် နည်းပြဟောင်း လက်ရှိ စပါးအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ညိုကတော့ သူ စပါးအသင်းကို ရောက်ချိန်မှာ ဘရူနို ဖာနန်ဒက်စ်ကို မရခဲ့ဘဲ လိုဆယ်ဆို ရောက်ရှိလာခဲ့တဲ့ အပေါ် ကျေနပ်မှု ရှိပြီး သူ့ ကစားသမားကို ဘရူနို ဖာနန်ဒက်စ်နဲ့ ခုနေ လဲမလား ဆိုရင်တောင် မလဲနိုင်ကြောင်း ကာကွယ် ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီး ဒွိုက်ယော့ခ်ကတော့ နာပိုလီနောက်ခံလူ ကူလီဘာလီဟာ ဟယ်ရီ မက်ဂွဲရားအတွက် ပြီးပြည့်စုံမှုအရှိဆုံး ခံစစ်တွဲဖက် ဖြစ်လာနိုင်သူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ အကယ္ဒမီထြက္တိုက္စစ္မႉးေလးဂရင္းဝုဒ္ဟာ ယူနိုက္တက္ အတြက္ ၁၅ ဂိုးသြင္းယူထားၿပီး ဂိုးသြင္းႏႈန္း ကေတာ့ ပ်မ္းမွ်အားျဖင့္ ၉၆ မိနစ္ကို တစ္ဂိုးႏႈန္းျဖစ္ေနသည္ထိ ျမင့္မားေနပါတယ္။

တကယ္ေတာ့ ယူနိုက္တက္ အကယ္ဒမီကေန ေမဆန္ဂရင္းဝုဒ္ ေတာက္ပလာမယ္ဆိုတာကို လြန္ခဲ့တဲ့ သံုး ေလးႏွစ္ထဲက ဂႏၱဝင္ၾကီး ဆာအဲလက္စ္က ၾကိဳတင္ကာ ေဟာကိန္း ထုတ္ထားခဲ့ပါတယ္။

လီဗာပူး တိုက္စစ္မွဴး ဖာမီနိုဟာ ယူနုိက္တက္ အတြက္ သင့္ေတာ္လြန္းတဲ့ ကစားသမား ျဖစ္ေပမယ့္ ရဖို႔ေတာ့ မလြယ္ေၾကာင္း ယူနိုက္တက္ ကြင္းလယ္ေဟာင္း Djemba-Djemba က ဆိုလိုက္ပါတယ္။ ဒါ့အျပင္ ၄င္းကပဲ စပါးတိုက္စစ္မွဴး ကိန္းကေတာ့ ေပါင္ သန္း ၁၀၀ နဲ႕ ရမယ္ဆိုရင္ ထိုက္တန္တာေၾကာင့္ ယူနုိက္တက္ ေခၚယူသင့္တယ္ အၾကံျပဳလိုက္ပါတယ္။

အက္စ္တြန္ဗီလာ အသင္း မန္ေနဂ်ာေဟာင္း တင္ရွား၀ုဒ္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီအေျပာင္းအေရႊ႕အတြက္ ဂ်က္ ဂေရးလစ္ခ်္ ကို ေခၚယူဖို႔ သေဘာတူညီမႈ ရျပီးျပီ ယူဆရေၾကာင္း ေဖာ္ထုတ္ ေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ နည္းျပေဟာင္း လက္ရွိ စပါးအသင္းကို ကိုင္တြယ္ေနတဲ့ ေမာ္ရင္ညိဳကေတာ့ သူ စပါးအသင္းကို ေရာက္ခ်ိန္မွာ ဘရူနို ဖာနန္ဒက္စ္ကို မရခဲ့ဘဲ လိုဆယ္ဆို ေရာက္ရွိလာခဲ့တဲ့ အေပၚ ေက်နပ္မႈ ရွိျပီး သူ႔ ကစားသမားကို ဘရူနို ဖာနန္ဒက္စ္နဲ႕ ခုေန လဲမလား ဆိုရင္ေတာင္ မလဲနုိင္ေၾကာင္း ကာကြယ္ ေျပာဆိုလုိက္ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္းႀကီး ဒြိဳက္ေယာ့ခ္ကေတာ့ နာပိုလီေနာက္ခံလူ ကူလီဘာလီဟာ ဟယ္ရီ မက္ဂြဲရားအတြက္ ၿပီးျပည့္စုံမႈအရွိဆုံး ခံစစ္တြဲဖက္ ျဖစ္လာႏိုင္သူျဖစ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။