ဝက်စ်ဟမ်းအသင်းဟာ ဗီလာရီးရဲလ် တိုက်စစ်သမား ဒမ်ဂျူးမား ကို ခေါ်ယူဖို့ အပြောင်းအရွှေ့ကိစ္စတွေ အပြီး သတ်နိုင်တော့မှာ ဖြစ်တယ်လို့ Mirror သတင်းက ဖော်ပြသွားပါတယ်။ ဘုန်းမောက် ကြယ်ပွင့်ဟောင်းကို ဝက်စ်ဟမ်းက ပေါင် ၃၈.၅ သန်းနဲ့ ခေါ်ယူမှာပါ။
ဘာစီလိုနာက ချယ်ဆီး အစွန်ခံစစ်သမား မာကို့စ် အလွန်ဆို ကို ခေါ်ယူနိုင်ဖို့ နီးစပ်လာနေပြီ ဖြစ်ပါတယ်။ စပိန်သားက ဇာတိမြေသို့ ဒီနွေမှာ ပြန်ဖို့ မျှော်လင့်နေပြီး အပြောင်းအရွှေ့က ယူရို ၁ဝ သန်းလောက်နဲ့ ဖြစ်လာဖွယ် ရှိပါတယ်။
လီဗာပူးအသင်းဟာ ဒီနွေ ခေါ်ယူလိုက်တဲ့ ကစားသမားသစ် ဖာဘီယို ကာဗယ်ဟို ကို ဒီနေ့မှာ အသင်းဂျာစီ ဝတ်ဆင်ပြီး မိတ်ဆက်သွားခဲ့ပါတယ်။ ကာဗယ်ဟိုက နံပါတ် ၂၈ ဝတ်ဆင်မှာ ဖြစ်ပြီး လာမယ့် ရာသီကြို ထရိန်နင်မှာ ပူးပေါင်းပြီ ဖြစ်ပါတယ်။

ဝါရင့် တိုက်စစ်မှုး ကာဗာနီကို ဒီနွေမှာ လက်လွှတ်ထားရပြီး စီ ရော်နယ်ဒိုကိုပါ ထွက်ခွာခွင့် ပြုရဖွယ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ တိုရီးနို အသင်းမှ တိုက်စစ်မှုးကြီး အင်ဒရီယာ ဘယ်လော့တီ ကို ပစ်မှတ်ထားလာကြောင်း မန်ချက်စတာ ညနေခင်း သတင်းက ဆိုပါတယ်။
အေစီမီလန်က ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား အဆန်စီယို ကို ခေါ်ယူရေး လှုပ်ရှားလာပြီး ဆက်သွယ် မေးမြန်းထားပြီ လို့ သိရပါတယ်။ စပိန်သားကို ပရီးမီးယားလိဂ်မှ အာဆင်နယ်နဲ့ လီဗာပူးတို့က ပစ်မှတ်ထားကြောင်း သတင်း ထွက်ထားပါတယ်။
ဘာစီလိုနာနဲ့ စာချုပ်ကုန်ဆုံးသွားတဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်သမား ဒမ်ဘီလီကို လီဗာပူးကလည်း ချိတ်ဆက်လာပါတယ်။ ဒမ်ဘီလီကို ချယ်ဆီးကလည်း ခေါ်ယူဖို့ ကြိုးစားနေသလို ဘာစီလိုနာကလည်း လစာလျှော့ယူပြီး အသင်းမှာ ဆက်နေဖို့ စည်းရုံးနေပါတယ်။

နော့တင်ဟမ်ဖောရက်စ်က ဘန်လေဂိုးသမား ဟန်နက်ဆီကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဖောရက်စ်ဟာ ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန်ကိုလည်း အငှား ခေါ်ယူထားတာ ဖြစ်ပေမယ့် အတွေ့အကြုံ ရှိသူ တစ်ဦး ထပ်ခေါ်ဦးမှာ ဖြစ်ပါတယ်။
အာဆင်နယ်က ဒီနွေ အပြောင်းအရွှေ့ ကာလမှာ မစ်လန်းနိုင်းစ် ကို ရောင်းချဖို့ လမ်းဖွင့်ထားဆဲ ဖြစ်ကြောင်း လန်ဒန် သတင်းဌာနက ဆိုပါတယ်။
