ကူလီဘိုင်လေ မဟုတ်ဘဲ ယူနိုက်တက်မှာ မက်ဂွဲရားနဲ့တွဲဖို့ အသင့်တော်ဆုံး ပရီးမီးယားလိဂ်မှ ခံစစ်မှူး

မန်ချက်စတာ ယူနိုက်တက်ဟာ ဗဟိုခံစစ်မှာ ဟယ်ရီမက်ဂွဲရားနဲ့ တွဲဖက် ကစားဖို့ ခံစစ်မှူးကောင်းကို ဝေးဝေး ရှာစရာမလိုဘဲ ပရီးမီးယားလိဂ်မှ လက်စတာကြယ်ပွင့် ဆိုရန်ချူး ကို ခေါ်ယူသင့်ကြောင်း စပါးနည်းပြဟောင်း တင်ရှားဝုဒ်က တိုက်တွန်း အကြံပြုလိုက်ပါတယ်။

ယူနိုက်တက်ဟာ မက်ဂွဲရား နဲ့ တွဲဖို့ ယခင် ပစ်မှတ်ဟောင်း နာပိုလီ ခံစစ်မှူး ကူလီဘိုင်လေကို ပြန် ချဉ်းကပ်နေတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒါပေမယ့် ကူလီဘိုင်လေ မန်စီးတီးနဲ့လည်း နီးစပ်နေပါတယ်။

ယူနိုက်တက်ဟာ မက်ဂွဲရားကို ပြီးခဲ့တဲ့နွေကမှ လက်စတာထံကနေ ပေါင် သန်း ၈၀ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ နောက်ဆုံး ၇ ပွဲမှာတော့ ၅ ပွဲထိ ကလင်းရှိ ရထားပြီး ဗဟိုခံစစ်မှာ မက်ဂွဲရားနဲ့ အတူ လင်ဒီလော့ဖ် တွဲဖက် ကစားနေပါတယ်။ ဒါပေမယ့် နောက်ရာသီမှာ ပိုပြီး ခံစစ် စိတ်ချတောင့်တင်းအောင် ဆိုးရှားက အင်အားဖြည့်လိုနေပါသေးတယ်။

တင်ရှားဝုဒ်ကတော့ ယူနိုက်တက်ဟာ ဆုဖလားတွေ စိန်ခေါ်ဖို့ ကစားသမား သုံးယောက် ထပ်ခေါ်ရဦးမယ် ဆိုတဲ့ အိုဝင်ရဲ့ အဆိုကို ထောက်ခံလိုက်ပြီး ခံစစ်အတွက် ဆိုရန်ချူး ကို အကြံပြု သွားခဲ့ပါတယ်။

” ကျနော်ကတော့ မိုက်ကယ် (အိုဝင်) ပြောတဲ့ ယူနိုက်တက် ကစားသမား ၃ ယောက်သာ လိုတယ် ဆိုတာ သဘောတူတယ်။ အထူးသဖြင့် ဗဟိုခံစစ်မှာ ပိုပြီး လုံခြုံဖို့ လိုတာပေါ့။ ဆိုရန်ချူး ကို ခေါ်သင့်တယ်လို့ ကျနော်ထင်တယ်။ ဒီလို ပြောလို့ ရော်ဘီဆားဗေ့ချ် ကတော့ သဘောကျမယ် မထင်ဘူး လက်စတာက ခေါ်မှာမို့လေ။

ဒါပေမယ့် မှန်ကန်တဲ့ ပြောင်းရွှေ့ကြေး ရရင် ရောင်းသင့်ပါတယ်။ သူတို့ မက်ဂွဲရားကိုလည်း ရောင်းခဲ့တာပါပဲ။ နောက်ပြီး နံပါတ် ၉ လည်း လိုအပ်တယ်။ ” လို့ တင်ရှားဝုဒ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ဗဟိုခံစစ္မွာ ဟယ္ရီမက္ဂြဲရားနဲ႕ တြဲဖက္ ကစားဖို႔ ခံစစ္မွဴးေကာင္းကို ေ၀းေ၀း ရွာစရာမလိုဘဲ ပရီးမီးယားလိဂ္မွ လက္စတာၾကယ္ပြင့္ ဆိုရန္ခ်ဴး ကို ေခၚယူသင့္ေၾကာင္း စပါးနည္းျပေဟာင္း တင္ရွား၀ုဒ္က တိုက္တြန္း အၾကံျပဳလိုက္ပါတယ္။

ယူနိုက္တက္ဟာ မက္ဂြဲရား နဲ႕ တြဲဖို႔ ယခင္ ပစ္မွတ္ေဟာင္း နာပိုလီ ခံစစ္မွဴး ကူလီဘိုင္ေလကို ျပန္ ခ်ဥ္းကပ္ေနတဲ့ သတင္းေတြ ထြက္ေပၚေနတာပါ။ ဒါေပမယ့္ ကူလီဘိုင္ေလ မန္စီးတီးနဲ႕လည္း နီးစပ္ေနပါတယ္။

ယူနုိက္တက္ဟာ မက္ဂြဲရားကို ျပီးခဲ့တဲ့ေႏြကမွ လက္စတာထံကေန ေပါင္ သန္း ၈၀ နဲ႕ ေခၚယူခဲ့တာ ျဖစ္ပါတယ္။ ယူနုိက္တက္ရဲ႕ ေနာက္ဆံုး ၇ ပြဲမွာေတာ့ ၅ ပြဲထိ ကလင္းရွိ ရထားျပီး ဗဟိုခံစစ္မွာ မက္ဂြဲရားနဲ႕ အတူ လင္ဒီေလာ့ဖ္ တြဲဖက္ ကစားေနပါတယ္။ ဒါေပမယ့္ ေနာက္ရာသီမွာ ပိုျပီး ခံစစ္ စိတ္ခ်ေတာင့္တင္းေအာင္ ဆိုးရွားက အင္အားျဖည့္လိုေနပါေသးတယ္။

တင္ရွား၀ုဒ္ကေတာ့ ယူနိုက္တက္ဟာ ဆုဖလားေတြ စိိန္ေခၚဖို႔ ကစားသမား သံုးေယာက္ ထပ္ေခၚရဦးမယ္ ဆိုတဲ့ အို၀င္ရဲ႕ အဆိုကို ေထာက္ခံလိုက္ျပီး ခံစစ္အတြက္ ဆိုရန္ခ်ဴး ကို အၾကံျပဳ သြားခဲ့ပါတယ္။

” က်ေနာ္ကေတာ့ မိုက္ကယ္ (အို၀င္) ေျပာတဲ့ ယူနုိက္တက္ ကစားသမား ၃ ေယာက္သာ လိုတယ္ ဆိုတာ သေဘာတူတယ္။ အထူးသျဖင့္ ဗဟိုခံစစ္မွာ ပိုျပီး လံုျခံဳဖို႔ လိုတာေပါ့။ ဆိုရန္ခ်ဴး ကို ေခၚသင့္တယ္လို႔ က်ေနာ္ထင္တယ္။ ဒီလို ေျပာလို႔ ေရာ္ဘီဆားေဗ့ခ်္ ကေတာ့ သေဘာက်မယ္ မထင္ဘူး လက္စတာက ေခၚမွာမို႔ေလ။

ဒါေပမယ့္ မွန္ကန္တဲ့ ေျပာင္းေရႊ႕ေၾကး ရရင္ ေရာင္းသင့္ပါတယ္။ သူတို႔ မက္ဂြဲရားကိုလည္း ေရာင္းခဲ့တာပါပဲ။ ေနာက္ျပီး နံပါတ္ ၉ လည္း လိုအပ္တယ္။ ” လို႔ တင္ရွား၀ုဒ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။