ချယ်ဆီးက ကလပ်ရဲ့ စီနီယာ ခံစစ်သမားနှစ်ဦးကို ရှင်းထုတ်မှု စတင်တော့မည်

UNICODE – ချယ်ဆီးအသင်းဟာ ကလပ်ရဲ့ အားနည်းနေတဲ့ ခံစစ်ကြောင်းမှ ကစားသမား နှစ်ဦးကို ရှင်းထုတ်ဖို့ ပြင်ဆင်နေခဲ့ပြီဖြစ်ပါတယ်။

ဘယ်အစွန်မှာအရန်အဖြစ်ပဲ ပွဲထွက်နေရသလို မန်နေဂျာလမ်းပတ်ရဲ့ ယုံကြည်မှုကိုလည်း ဆုံးရံှူးထားတဲ့ အီမာဆန်ကို အင်တာမီလန်ထံ ရောင်းထုတ်ဖို့ စကားပြောမှု လုပ်တော့မှာပါ။ သတင်းထောက် Fabrizio Romano က ဒီသတင်းကို အတည်ပြုခဲ့ပြီး မန်နေဂျာ ကွန်တီရဲ့ တောင်းဆိုမှုကြောင့် အင်တာမီလန်ဟာ မကြာခင်မှာ ချယ်ဆီးရဲ့ ဘယ်အစွန်လူကို တရားဝင် ကမ်းလှမ်းမှု လုပ်သွားမယ်လို့ သိရပါတယ်။

နောက်ထပ် ရှင်းထုတ်သွားမယ့် ခံစစ်သမားကတော့ ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဂိုးသမား ကီပါပဲ ဖြစ်ပါတယ်။ ချယ်ဆီးဘက်က ကီပါကို ရောင်းထုတ်နိုင်ခြင်း မရှိရင်တောင် လုပ်ခ ဖြတ်တောက်မှုနဲ့အတူ အငှားချဖို့ ကြိုးစားမှာဖြစ်ပြီး အောင်မြင်ရင် ဂိုးသမားသစ် ရှာဖွေမှာ ဖြစ်ပါတယ်။

ဝက်ဟမ်းကို အရေးနိမ့်အပြီးမှာ မန်နေဂျာလမ်းပတ်က ကီပါရဲ့ လက်စွမ်းကို စိတ်မချတော့တာကြောင့် ဂိုးသမားသစ် ခေါ်ယူရေးကို အလေးအနက် စဉ်းစားလာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က လာလီဂါကလပ် ဘီဘာအိုကနေ ပေါင် ၇၁.၆ သန်းဖြင့် ခေါ်ယူထားတဲ့ ကီပါရဲ့ လက်စွမ်းဟာ ချယ်ဆီးအသင်း ဂိုးပေါက်ကို ကာကွယ်ဖို့ လမ်းပတ်က အားရမှု မရှိပါဘူး။

မန်နေဂျာလမ်းပတ်က ကီပါနဲ့ အီမာဆန်တို့ကို ရှင်းထုတ်ပြီး အဆိုပါ နှစ်နေရာကို ဦးစားပေးတွေအဖြစ် အင်အားဖြည့်မှာ ဖြစ်တယ်။ ဒါ့အပြင် ဂျာမနီဖလားပွဲ အပြီးမှာတော့ လေဗာကူဆင်အသင်းမှ ကိုင်းဟာဗက်ကို ခေါ်ယူရေးကိုလည်း စတင် ချိတ်ဆက်မယ်လို့ သိရပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းဟာ ကလပ္ရဲ႕ အားနည္းေနတဲ့ ခံစစ္ေၾကာင္းမွ ကစားသမား ႏွစ္ဦးကို ရွင္းထုတ္ဖို႔ ျပင္ဆင္ေနခဲ့ျပီျဖစ္ပါတယ္။

ဘယ္အစြန္မွာအရန္အျဖစ္ပဲ ပြဲထြက္ေနရသလို မန္ေနဂ်ာလမး္ပတ္ရဲ႕ ယံုၾကည္မႈကိုလည္း ဆံုးရံွဴးထားတဲ့ အီမာဆန္ကို အင္တာမီလန္ထံ ေရာင္းထုတ္ဖို႔ စကားေျပာမႈ လုပ္ေတာ့မွာပါ။ သတင္းေထာက္ Fabrizio Romano က ဒီသတင္းကို အတည္ျပဳခဲ့ျပီး မန္ေနဂ်ာ ကြန္တီရဲ႕ ေတာင္းဆိုမႈေၾကာင့္ အင္တာမီလန္ဟာ မၾကာခင္မွာ ခ်ယ္ဆီးရဲ႕ ဘယ္အစြန္လူကို တရားဝင္ ကမ္းလွမ္းမႈ လုပ္သြားမယ္လို႔ သိရပါတယ္။

ေနာက္ထပ္ ရွင္းထုတ္သြားမယ့္ ခံစစ္သမားကေတာ့ ကလပ္ရဲ႕ စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးရွင္ ဂိုးသမား ကီပါပဲ ျဖစ္ပါတယ္။ ခ်ယ္ဆီးဘက္က ကီပါကို ေရာင္းထုတ္ႏုိင္ျခင္း မရွိရင္ေတာင္ လုပ္ခ ျဖတ္ေတာက္မႈနဲ႔အတူ အငွားခ်ဖို႔ ၾကိဳးစားမွာျဖစ္ျပီး ေအာင္ျမင္ရင္ ဂိုးသမားသစ္ ရွာေဖြမွာ ျဖစ္ပါတယ္။

ဝက္ဟမ္းကို အေရးနိမ့္အျပီးမွာ မန္ေနဂ်ာလမ္းပတ္က ကီပါရဲ႕ လက္စြမ္းကို စိတ္မခ်ေတာ့တာေၾကာင့္ ဂိုးသမားသစ္ ေခၚယူေရးကို အေလးအနက္ စဥ္းစားလာခဲ့တယ္။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္က လာလီဂါကလပ္ ဘီဘာအိုကေန ေပါင္ ၇၁.၆ သန္းျဖင့္ ေခၚယူထားတဲ့ ကီပါရဲ႕ လက္စြမ္းဟာ ခ်ယ္ဆီးအသင္း ဂိုးေပါက္ကို ကာကြယ္ဖို႔ လမ္းပတ္က အားရမႈ မရွိပါဘူး။

မန္ေနဂ်ာလမ္းပတ္က ကီပါနဲ႔ အီမာဆန္တို႔ကို ရွင္းထုတ္ျပီး အဆိုပါ ႏွစ္ေနရာကို ဦးစားေပးေတြအျဖစ္ အင္အားျဖည့္မွာ ျဖစ္တယ္။ ဒါ့အျပင္ ဂ်ာမနီဖလားပြဲ အျပီးမွာေတာ့ ေလဗာကူဆင္အသင္းမွ ကိုင္းဟာဗက္ကို ေခၚယူေရးကိုလည္း စတင္ ခ်ိတ္ဆက္မယ္လို႔ သိရပါတယ္။