လီဝန်ကို လုကြမယ့် ပီအက်စ်ဂျီနဲ့ ချယ်ဆီး၊ အဆန်စီရို ကို နယူးကာဆယ် ကမ်းလှမ်းမှုနဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီးအသင်းဟာ ခေါ်ချင်တဲ့ ကလပ်တွေ ရှိနေတဲ့ ဘရိုဂျာ နဲ့ အနာဂတ် ကိစ္စ ဆွေးနွေးဖို့ ပြင်ဆင်နေကြောင်း ဒေးလီးမေးလ် သတင်းက ဆိုပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ဗီလာရီးရဲလ်မှ ဒမ်ဂျူးမားကို ခေါ်ယူရေး မအောင်မြင်တော့တဲ့နောက် ရိုးမား တောင်ပံသမား Justin Kluivert ကို ပြောင်းလဲ ပစ်မှတ်ထားလာကြောင်း အီတလီသတင်းဌာနတွေက ဖော်ပြလာပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ အေဂျက် ခံစစ်မှုး လီဆန်ဒရို မာတီနက်ဇ် ကို ခေါ်ယူရေးမှာ အသာရနေပြီ ဖြစ်ကြောင်း GiveMeSport သတင်းက ဆိုပါတယ်။

ချယ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် စီ ရော်နယ်ဒို ကို ချိတ်ဆက်နေပေမယ့် နည်းပြ တူချယ် ကတော့ ပေါ်တူဂီသား ကို ခေါ်ယူဖို့ လက်တွန့်နေပါတယ်။

လန်ဒန်အခြေစိုက် သတင်းဌာနတွေ အဆိုအရ စပါးအသင်းဟာ မစ်ဒယ်ဘရော့ ညာစွန်ခံစစ်သမား Djed Spence ကို ဆက်လက် ပစ်မှတ်ထားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အင်္ဂလန် U21 လက်ရွေးစင် ကစားသမား ဟာ နော့တင်ဟမ် ဖောရက်စ် မှာ ပြီးခဲ့တဲ့ရာသီ အငှားထွက်ကစားပြီး အစွမ်းပြထားပါတယ်။

ချယ်ဆီးအသင်းဟာ မန်စီးတီးမှ တိုက်စစ်မှုး စတာလင်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပြီး ဆေးစစ်ဖို့ အတွက် ဆက်လက် စီစဉ်နေပြီ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ရီးရဲလ်မက်ဒရစ် တောင်ပံ တိုက်စစ်သမား အဆန်စီရို ကို ခေါ်ယူရေး ယူရို ၂၅ သန်း နဲ့ ကမ်းလှမ်းထားကြောင်း သိရါတယ်။

ဘိုင်ယန်မြူးနစ် တိုက်စစ်မှုး ရောဘတ် လီဝန်ဒေါစကီး ကို ပီအက်စ်ဂျီနဲ့ ချယ်ဆီးအသင်းတို့က အပြိုင် ကြိုးစားကြတော့ မှာ ဖြစ်ကြောင်း ဂျာမနီဘက်က သတင်းတွေက ဆိုပါတယ်။