ယူနိုက်တက် Vs ဘုန်းမောက် ပွဲအတွက် လော်ရိုးရဲ့ သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ ဘုန်းမောက် နဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ဇူလိုင် ၄ ရက် (စနေနေ့) ည ၈း၃၀ နာရီ မှာ ဖြစ်ပါတယ်။

ဒီပွဲ မတိုင်ခင်မှာ ယူနိုက်တက်က အဆင့် ၅ နေရာမှာ ရှိနေပြီး ဘုန်းမောက်ကတော့ တန်းဆင်းဇုန် အဆင့် ၁၉ မှာ ရှိနေပါတယ်။ ဒီပွဲစဉ် အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ အခုလို သုံးသပ်ထားပါတယ်။

” ယူနိုက်တက်ဟာ ပြိုင်ဘက်အသင်းတွေကို သွေးအေးအေးနဲ့ပဲ ချေမှုန်းလို့နေပါတယ်။ အခုနေမှာဆို ယူနိုက်တက်က ဘုန်းမောက် နောက်ဆုံးမှ တွေ့ချင်တဲ့ ပြိုင်ဘက်အသင်း ဖြစ်ပါလိမ့်မယ်။ ကျနော်ကတော့ ဘုန်းမောက်အတွက် တွေးကြောက်မိတယ်။

ဘုန်းမောက်က ခံစစ်မှာ အမြဲ အပွင့်လိုက်ပေမယ့် တိုက်စစ် ကစားသမားတွေက ပြိုင်ဘက်အသင်းတွေ အတွက် အမြဲ ဒုက္ခပေးလေ့ ရှိပါတယ်။ အခုတော့ သူတို့ ဘယ်လို ဖြစ်ကုန်သလဲ မတွေးတတ်အောင်ပါ။ လောလောဆယ် အနေအထားအရ သူတို့က ကျပြီးရင်း ကျနေတယ် ခံစားနေရတယ်။ တန်းဆင်းဇုန်နားမှာ ဝဲနေရပြီး ဒါတွေကို ပြောင်းလဲ ပစ်ဖို့ လုံလောက် ကောင်းမွန်မှု မရှိပါဘူး။ ” လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ယူနိုက်တက် 4-0 ဘုန်းမောက်

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာေတာ့ ဘုန္းေမာက္ နဲ႕ ေတြ႔ဆံုေနျပီး အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ဇူလိုင္ ၄ ရက္ (စေနေန႔) ည ၈း၃၀ နာရီ မွာ ျဖစ္ပါတယ္။

ဒီပြဲ မတိုင္ခင္မွာ ယူနိုက္တက္က အဆင့္ ၅ ေနရာမွာ ရွိေနျပီး ဘုန္းေမာက္ကေတာ့ တန္းဆင္းဇုန္ အဆင့္ ၁၉ မွာ ရွိေနပါတယ္။ ဒီပြဲစဥ္ အတြက္ ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးကေတာ့ အခုလို သံုးသပ္ထားပါတယ္။

” ယူနိုက္တက္ဟာ ျပိဳင္ဘက္အသင္းေတြကို ေသြးေအးေအးနဲ႕ပဲ ေခ်မႈန္းလို႔ေနပါတယ္။ အခုေနမွာဆို ယူနိုက္တက္က ဘုန္းေမာက္ ေနာက္ဆံုးမွ ေတြ႔ခ်င္တဲ့ ျပိဳင္ဘက္အသင္း ျဖစ္ပါလိမ့္မယ္။ က်ေနာ္ကေတာ့ ဘုန္းေမာက္အတြက္ ေတြးေၾကာက္မိတယ္။

ဘုန္းေမာက္က ခံစစ္မွာ အျမဲ အပြင့္လုိုက္ေပမယ့္ တိုက္စစ္ ကစားသမားေတြက ျပိဳင္ဘက္အသင္းေတြ အတြက္ အျမဲ ဒုကၡေပးေလ့ ရွိပါတယ္။ အခုေတာ့ သူတို႔ ဘယ္လို ျဖစ္ကုန္သလဲ မေတြးတတ္ေအာင္ပါ။ ေလာေလာဆယ္ အေနအထားအရ သူတို႔က က်ျပီးရင္း က်ေနတယ္ ခံစားေနရတယ္။ တန္းဆင္းဇုန္နားမွာ ၀ဲေနရျပီး ဒါေတြကို ေျပာင္းလဲ ပစ္ဖို႔ လံုေလာက္ ေကာင္းမြန္မႈ မရွိပါဘူး။ ” လို႔ ေလာ္ရုိးက ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ ယူနိုက္တက္ 4-0 ဘုန္းေမာက္