နယူးကာဆယ် အသင်းဟာ တိုက်စစ်သမား အလက်ဇန်းဒါး အိုင်ဆက် ကို ကြိုးစားနေပေမယ့် ရီးရဲလျ ဆိုဆီဒက် အသင်းဘက်က တောင်းဆိုဈေး မြင့်လွန်းတာကြောင့် အပြောင်းအရွှေ့ ဖြစ်မလာဘဲ တန့်နေကြောင်း သိရပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အေးဂျင့် ဖြစ်သူက သူ့ရဲ့ ပေါ်တူဂီကြယ်ပွင့် ကစားသမားကို ခေါ်ယူဖို့ ပီအက်စ်ဂျီ အား ဆက်သွယ် ကမ်းလှမ်းခဲ့ကြောင်း ESPN သတင်းက ဆိုပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီကတော့ ရော်နယ်ဒို ကို ခေါ်ဖို့ စိတ်မဝင်စားဘဲ ငြင်းဆန်ပယ်ချခဲ့တယ် လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ လိဒ်စ် ယူနိုက်တက် တောင်ပံတိုက်စစ်သမား ရာဖင်ဟာ ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း GOAL သတင်းဌာနက အတည်ပြုသွားခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ နာပိုလီ ဗဟိုခံစစ်မှုး ကူလီဘာလေကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ လို့ သတင်း ထွက်ပေါ်လာပါတယ်။ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး ဆက်လက် ညှိနှိုင်းကြဖွယ် ရှိပါတယ်။
ဒီနွေမှာ အသင်းပြောင်းဖွယ် သတင်းထွက်နေတဲ့ အာဆင်နယ် ကစားသမား ဆာလီဘာဟာ အာတီတာရဲ့အသင်းမှာ နေရာရဖို့ ထိုက်တန်ကြောင်း ဂန်းနားဟောင်းကြီး မာတီဆက်ကာ က ဆိုပါတယ်။
