ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (03/07/20)

မန်ချက်စတာ ယူနိုက်တက်ဟာ ဗဟိုခံစစ်မှာ ဟယ်ရီမက်ဂွဲရားနဲ့ တွဲဖက် ကစားဖို့ ခံစစ်မှူးကောင်း ရှာဖွေနေရင် ပရီးမီးယားလိဂ်မှ လက်စတာကြယ်ပွင့် ဆိုရန်ချူး ကို ခေါ်ယူသင့်ကြောင်း စပါးနည်းပြဟောင်း တင်ရှားဝုဒ်က တိုက်တွန်း အကြံပြုလိုက်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဇွန်လ အကောင်းဆုံး ကစားသမား ဆု အတွက် ဆန်ကာတင် ကစားသမား ၆ ဦး စာရင်း ထုတ်ပြန်လိုက်ရာ ယူနိုက်တက်မှ ဘရူနို ဖာနန်ဒက်စ်နဲ့ မာရှယ်တို့ ပါဝင်နေပါတယ်။

ယူနိုက်တက် ကွင်းလယ် ကစားသမား ပေါ့ဘာဟာ အသင်းပြောင်းဖို့ ရေပန်းစားခဲ့ပေမယ့် လက်ရှိမှာတော့ ဘရူနို ဖာနန်ဒက်စ် နဲ့ တွဲ ကစား ခြေစွမ်းပြရတာ ပျော်ရွှင်နေတာကြောင့် အသင်းပြောင်းရွှေ့လိုခြင်း မရှိတော့ဘူးလို့ သိရပါတယ်။

ယူနိုက်တက် စီးရီးအေမှာ အငှားချထားတဲ့ ဆန်းချက်နဲ့ စမောလင်းတို့ဟာ လက်ရှိကလပ် အင်တာမီလန်၊ ရိုးမားတို့နဲ့ ရာသီကုန်ထိ ဆက် ကစားဖို့ ကာလတို သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ ဆန်းချက်ကို အင်တာမီလန်က ယူရို သန်း ၂၀ နဲ့ အပြီးသတ် ဝယ်ယူဖို့ ဆက်လက် ကြိုးစားနေပါတယ်။

လက်ရှိမှာ ယူနိုက်တက်က ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် အဆင့် ၄ အတွင်း ဝင်ဖို့ ပစ်မှတ်ထားနေရပေမယ့် ယူနိုက်တက်ဟာ အဆင့် ၁ အတွက် ရည်မှန်းရမယ် အသင်း ဖြစ်တယ်လို့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ လူငယ်တိုက်စစ်မှူးလေး မေဆန် ဂရင်းဝုဒ်ဟာ အလားအလာကောင်းတွေ ရှိနေတဲ့ ကစားသမား ဖြစ်ပြီး ဘယ်အထိ ဖြစ်ထွန်းလာမလဲ ဆိုတာ အကန့်အသတ်ကို မရှိ မျှော်လင့်နိုင်ကြောင်း အမွှန်းတင်ခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ဗဟိုခံစစ္မွာ ဟယ္ရီမက္ဂြဲရားနဲ႕ တြဲဖက္ ကစားဖို႔ ခံစစ္မွဴးေကာင္း ရွာေဖြေနရင္ ပရီးမီးယားလိဂ္မွ လက္စတာၾကယ္ပြင့္ ဆိုရန္ခ်ဴး ကို ေခၚယူသင့္ေၾကာင္း စပါးနည္းျပေဟာင္း တင္ရွား၀ုဒ္က တိုက္တြန္း အၾကံျပဳလိုက္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ဇြန္လ အေကာင္းဆံုး ကစားသမား ဆု အတြက္ ဆန္ကာတင္ ကစားသမား ၆ ဦး စာရင္း ထုတ္ျပန္လိုက္ရာ ယူနိုက္တက္မွ ဘရူနို ဖာနန္ဒက္စ္နဲ႕ မာရွယ္တို႔ ပါ၀င္ေနပါတယ္။

ယူနိုက္တက္ ကြင္းလယ္ ကစားသမား ေပါ့ဘာဟာ အသင္းေျပာင္းဖို႔ ေရပန္းစားခဲ့ေပမယ့္ လက္ရွိမွာေတာ့ ဘရူနိုု ဖာနန္ဒက္စ္ နဲ႕ တြဲ ကစား ေျခစြမ္းျပရတာ ေပ်ာ္ရႊင္ေနတာေၾကာင့္ အသင္းေျပာင္းေရႊ႕လိုျခင္း မရွိေတာ့ဘူးလို႔ သိရပါတယ္။

ယူနုိက္တက္ စီးရီးေအမွာ အငွားခ်ထားတဲ့ ဆန္းခ်က္နဲ႕ စေမာလင္းတို႔ဟာ လက္ရွိကလပ္ အင္တာမီလန္၊ ရိုးမားတို႔နဲ႕ ရာသီကုန္ထိ ဆက္ ကစားဖို႔ ကာလတို သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ပါတယ္။ ဆန္းခ်က္ကို အင္တာမီလန္က ယူရို သန္း ၂၀ နဲ႕ အျပီးသတ္ ၀ယ္ယူဖို႔ ဆက္လက္ ၾကိဳးစားေနပါတယ္။

လက္ရွိမွာ ယူနုိက္တက္က ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အတြက္ အဆင့္ ၄ အတြင္း ၀င္ဖို႔ ပစ္မွတ္ထားေနရေပမယ့္ ယူနိုက္တက္ဟာ အဆင့္ ၁ အတြက္ ရည္မွန္းရမယ္ အသင္း ျဖစ္တယ္လို႔ တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆုိးရွားကေတာ့ လူငယ္တိုက္စစ္မွဴးေလး ေမဆန္ ဂရင္း၀ုုဒ္ဟာ အလားအလာေကာင္းေတြ ရွိေနတဲ့ ကစားသမား ျဖစ္ျပီး ဘယ္အထိ ျဖစ္ထြန္းလာမလဲ ဆိုတာ အကန္႔အသတ္ကို မရွိ ေမွ်ာ္လင့္နုိင္ေၾကာင္း အမႊန္းတင္ခဲ့ပါတယ္။