ကွင်းလယ်နဲ့ ခံစစ် ပစ်မှတ်သစ်များ၊ နောက်ဆုံးရက်ထိ ဒီဂျောင်ကို ကြိုးစားမှာနဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ

PSV အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ သူတို့ ကွင်းလယ် ကစားသမား Ibrahim Sangare ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။ ယူနိုက်တက်ထံက အခုထိ တရားဝင် ကမ်းလှမ်းမှုတော့ မရသေးပေမယ့် PSV အနေနဲ့ ရောင်းချရမယ် ဆိုရင် ပြောင်းရွှေ့ကြေး ယူရို ၃၇ သန်းလောက် တောင်းဆိုဖွယ် ရှိပါတယ်။

ဒီဂျောင်က ဘာစီလိုနာနဲ့ အတူ ရာသီကြို ခရီးစဉ် လိုက်ပါသွားပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ လက်မလျှော့သေးဘဲ အပြောင်းအရွှေ့ ဈေးကွက်ပိတ်မယ့် နောက်ဆုံးရက် အထိ ကြိုးစားသွားဦးမယ် လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ် တိုက်စစ်မှုး အိုင်ဗန် ကိုနေးကို စောင့်ကြည့်နေပြီး ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ် ရှိတယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။

အန်တိုနီ အီလန်ဂါက နည်းပြသစ် အဲရစ်တန်ဟက်ရဲ့ အသင်းအပေါ် သက်ရောက်မှုကို ချီးကျူးလိုက်ပြီး ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိခဲ့ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ကနေ ထွက်ခွာလိုပေမယ့် ချန်ပီယံလိဂ် ကစားရတဲ့ အသင်းသစ် ရှာမတွေ့တော့တဲ့ စီ ရော်နယ်ဒိုဟာ မန်ချက်စတာကလပ်ထံပဲ ပြန် ပူးပေါင်းရဖွယ် ရှိနေပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲရားကတော့ သူ့ ကစားသမား ဘဝ နိမ့်ကျခဲ့ရတဲ့ စိတ်ပျက်ဖွယ် ရာသီဟောင်းကို မေ့ပစ်ပြီး ဒီရာသီမှာ တုန့်ပြန်ပေါက်ကွဲပြဖို့ စိတ်ပိုင်းဖြတ်ထားပြီ ဖြစ်ပါတယ်။

ခံစစ်မှုး တစ်ဦး ခေါ်ယူချင်နေသေးတဲ့ နည်းပြ တန်ဟက်ဟာ အော့စ်ဘတ်အသင်းမှ Felix Uduokhai ကို ချိန်ရွယ်နေကြောင်း အီတလီ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အသက် ၂၄ နှစ် အရွယ် ကစားသမားက ဈေးကွက် ပေါက်ဈေး ပေါင် ၉ သန်း ရှိပါတယ်။